Part 8

28 4 2
                                    

X မြို့သည် သစ်တောများ တောအုပ်များ ပေါသော မြို့ဖြစ်တာကြောင့် ​နေဝင််တာနဲ့ ရာသီဥတုမှာ အေးသိမ့်သိမ့်လေးဖြစ်နေတတ်သည်။

ဝမ်အိမ်သည် X မြို့၏ ကုန်း​မြင့်အထက်တစ်နေရာတွင်ရှိသည်။

အိမ်ပတ်လည်တွင် စိမ်းစိမ်းစိုစို တောအုပ်က ဝိုင်းရံလို့ထားပြီး အိမ်အပြင်အဆင်သည်လည်း မှန်များကို အဓိကထား၍ ဆောက်လုပ်ထားခြင်းဖြစ်သည်။

မှန်များကို ဖြတ်၍ အပြင်ဘက် တောအုပ်လေးကို မြင်နေရသည်။

ညဘက် လထွက်ချိန်တွင် လရောင်များ X မြို့ တစ်ခုလုံးပေါ်ဖြာကျနေသော မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းသည်။

နေ့ဘက်တွင်လဲ နေရောင်ခြည် အနည်းငယ်မျှသာ ထိုးဖောက်နိုင်ပြီး ​တောထူလွန်းသည်။

တောအုပ်နဲ့ အတော်လှမ်းသော နေရာတွင် ရေစီးသန်သော ချောင်းလေးတစ်ခုရှိသည်။

ထို ချောင်းလေးအလွန်တွင်လည်း  တောအုပ်ရှိနေသေးသည်။

တောအုပ် ၂ခုကြားရှိ ချောင်းမှာ X မြို့ရှိ မျိုးနွယ်စု၂စု၏ နယ်မြေအတားအဆီး တစ်ခုဖြစ်သည်။

နယ်မြေအတားအဆီးကို ဖြတ်ကျော်ခွင့်မရှိ။

ဖြတ်သန်းသွားပြီးသောသူသည် နောက်နေ့နေထွက်တာကိုမြင်နိုင်တော့မည်မဟုတ်။

ဖြတ်သန်းသွားပြီးသောသူသည် နောက်နေ့နေထွက်တာကိုမြင်နိုင်တော့မည်မဟုတ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မျိုးနွယ်စု ၂စုက သွေးစုပ်ဖုတ်ကောင်နဲ့ သမန်းဝံပုလွေများဖြစ်ကြသည်။

သွေးစုပ်ဖုတ်ကောင်များမှာ အလွန်အပြေးမြန်ပြီး အားကြီးသည်။

သိမ်းငှက်တစ်ကောင်လို အမြင်စူးရှကာ အနံ့ခံနိုင်စွမ်းကောင်းပြီး အကြားအာရုံပါကောင်းကြသည်။

A Thousand Years ||Uni&Zawgyi||Where stories live. Discover now