Part 2

106 10 5
                                    

ပြတင်းပေါက်မှ ဖြတ်ကျော်လာသော    နေရောင်ခြည်နွေးနွေးလေးက အခန်းထဲရှိ အိပ်စက်အနားယူနေသော လူငယ်လေးဆီသို့ တရွေ့ရွေ့ဖြင့် ဖြာကျလာသည်။

နေနွေးနွေးကြောင့် ကုတင်ထက်မှ လှုပ်ရွလာ‌သော ရှောင်းကျန့်။

အိပ်မှုန်စုတ်ဖွားထကာ အပျင်းကြောဆန့်လိုက်ပြီး စားပွဲပေါ်မှနာရီဆီသို့အကြည့်ရောက်သွားသည်။

နာရီလေးမှာ စံတော်ချိန်၇နာရီ ထိုးနေသည်ကိုပြနေလေသည်။

ထို့နောက် မျက်နှာသစ်၊သွားတိုက်၊ရေချိုးကာ Bathrobe ဝတ်ပြီးထွက်လာခဲ့သည်။

မနေ့က ခရီးမှရောက်ရောက်ချင်း ပင်ပန်း၍ အဝတ်များအား luggage ထဲမှ အဝတ်ဗီရိုထဲသို့ မထည့်မိသေး။

ရှောင်းကျန့် luggage နားသွားကာ hoodieပန်းရောင်လေးနှင့် ဂျင်းဘောင်းဘီအနက်ရောင်လေးအား
ထုတ်ကာဝတ်လိုက်သည်။

X မြို့၌မိုးဦးဝင်စပြု‌လေပြီ။
ရာသီဥတုမှာလည်း အေးစိမ့်စိမ့် ဖြစ်နေလေသည်။

အောက်ထပ်သို့ဆင်းကာ မီးဖိုခန်းတွင် မနက်စာပြင်ဆင်လိုက်သည်။

ရေခဲသေတ္တာထဲမှာ ပေါင်မုန့်ထုပ် နှင့် ကြည်ဥကဒ်ကိုယူကာ စားပွဲပေါ်တင်လိုက်သည်။

ထို့နောက် ကြက်ဥ၃လုံးဖောက်ကာ သကြားထည့်ရင်း ခလောက်လိုက်ပြီး ပေါင်မုန့်တစ်ခုပြီးတစ်ခု ယူကာနှစ်လိုက်သည်။

ထို့နောက် မိးဖိုပေါ်ကို ဒယ်ပြားတင်ကာ ဆီအနည်းငယ်ထည့်လိုက်ပြီး ကြက်ဥနှစ်ထားပြီးဖြစ်တဲ့ ပေါင်မုန့်တို့ကို‌ မီးအေးအေးဖြင့် ‌တစ်ခုချင်းဆီကြော်လိုက်သည်။

ထို့နောက် ရေခဲသေတ္တာထဲမှ နွားနို့ဗူးနှင့် လိမ္မော်သီးဖျော်ရည်ပုလင်းကိုယူကာ ဖန်ခွက်နှစ်ခွက်ထဲသို့ထည့်လိုက်သည်။

ထိုအချိန်မီးဖိုခန်းထဲသို့ဝင်လာသော‌ ရှောင်းပါး

'သားကျန့်မနက်စာတောင်ပြင်ပြီးပြီနေပြီပဲ'

"ဟုတ်တယ်ပါး ကျွန်တော်ညကအစောကြီးအိပ်ပျော်သွားလို့ ခုနိုးနေတာနဲ့ ပါးတွက်နံနက်စာပြင်ပေးနေတာ"

A Thousand Years ||Uni&Zawgyi||Where stories live. Discover now