Part-1

801 52 1
                                    

_Unicode Version_

လွန်ခဲ့သော17နှစ်ခန့်...

ဟွာရန်းမိဘမဲ့ဂေဟာ၏ ပန်းခြံထဲကထောင့်တစ်နေရာမှာ
6နှစ်အရွယ်ညီမဖြစ်သူအားဖက်ကာ
ငိုကြွေးနေသော8နှစ်အရွယ်ကောင်လေးတစ်ယောက်။

"မင်းတို့က ဒီနေ့မှရောက်တဲ့နှစ်ယောက်ထင်တယ်"

"....."

"ငိုနေတာလား"

သူထိုင်နေသောခုံတန်းလျားဆီသို့
တစ်ရွေ့ရွေ့လျှောက်လှမ်းလာသည့်ကောင်လေး
တစ်ဦး...
သူ့ဘေးနားဝင်ထိုင်ကာ လက်ကိုင်ပုဝါလေးကိုလည်း
သူ့လက်ထဲထည့်ပေးနေလေရဲ့။

"ရော့...မျက်ရည်တွေသုတ်လိုက်"

"..."

ဘာမှစကားမပြန်ပဲ လက်ကိုင်ပုဝါလေးကိုယူကာ
မျက်ရည်တွေကိုသုတ်လိုက်သည်။

"နာမည် ဘယ်လိုခေါ်လဲ"

"....."

"ငါကဂျီမင်ပါ"

"....."

"မင်းက ငါနဲ့စကားမပြောချင်ဘူးထင်တယ်"

"ငါပြန်တော့မယ်"

နဂိုကတည်းက စူထော်ထော်ဖြစ်နေသည့်
နှုတ်ခမ်းလေးအား စူကာထသွားဖို့ပြင်လိုက်သည်။

"ငါက ကင်ထယ်ယောင်းပါ...
ဒါက ငါ့ညီမလေး ထယ်ယွန်း"

"....."

ထိုအခါမှ ဂျီမင်ဟူသော
ကြက်ပေါက်နဲ့တူတဲ့ ကောင်လေးလည်း
ထယ်ယောင်းဘေးတွင်ပြန်ထိုင်လိုက်သည်။

"ငါ...ငါ့မိဘတွေကို သတိရတယ်
သူတို့က ယာဉ်တိုက်မှုနဲ့သေသွားကြတာ"

"....."

"မင်းရော မင်းမိဘတွေကို
သတိမရဘူးလားဟင်"

"ဟင့်အင်း...မသိဘူး"

"....."

"ငါ့မိဘတွေကို ငါမှမမြင်ဖူးပဲ
သူတို့ကငါ့ကိုမွေးပြီးကတည်းက
ဒီဂေဟာမှာလာစွန့်ပစ်သွားတာ"

ပြောနေရင်း ဂျီမင့်အသံလေးတိမ်ဝင်သွားသည်။
သေချာတာကတော့ ဂျီမင်ဝမ်းနည်းသွားပြီ။
ထယ်ယောင်းလည်းဒါကိုသတိထားမိသည်ထင်ပါရဲ့။

"ရော့...ဒါကငါ့ဖေဖေပေးခဲ့တာ"

လည်ပင်းက ဆွဲကြိုးလေးကို
ဖြုတ်ကာ ဂျီမင့်လည်တိုင်လေးပေါ်
ဆွဲပေးလိုက်သည်။

Let me correct my mistake ||Vmin[mature language]Where stories live. Discover now