Part-2

730 46 7
                                    

_Unicode Version_

"ဂျောင်မင်...ဖုန်းဆက်တာဘာလို့မကိုင်တာလဲ"

ဖုန်း?ကျတော် ထယ်ယောင်းအိမ်မှာ
ညတုန်းကဘယ်ထွက်ကျခဲ့လဲမသိ။

"ဖုန်းပျောက်သွားလို့"

"ထားလိုက်တော့ ဆေးရုံသွားရအောင်
အစ်ကိုမင်းကိုစောင့်နေတာ "

"..."

"ဥက္ကဋ္ဌကြီး ဒီမနက်ကိုရီးယားကို
ပြန်လာတာ လေဆိပ်ကနေကုမ္ပဏီလာတဲ့လမ်းမှာ
ယာဉ်တိုက်မှုဖြစ်လို့"

"ဗျာ...ဒါဆို မြန်မြန်သွားရအောင်"

ကျတော်ဆေးရုံကိုသွားတဲ့လမ်းတစ်လျှောက်လုံး
ဆုတောင်းနေခဲ့တယ်။ အဖေဘာမှမဖြစ်ဖို့...

ဆေးရုံရောက်တော့အဖေကခွဲခန်းထဲမှာ
အဖေ့အတွင်းရေးမှူးချွဲကတော့ သတိပြန်ရလာပြီ။
သူကတော့ အဖေ့လောက်ထိခိုက်မသွားဘူးလေ။
အတွင်းရေးမှူးချွဲရဲ့ စကားအရဆို အဖေက
ကျတော့်ကို ပတ်ခ် လုပ်ငန်းစုCEOအဖြစ် တာဝန်
လွှဲပြောင်းပေးဖို့လာတာတဲ့။ ကုမ္ပဏီမှာကျတော်က
သာမန်ဝန်ထမ်းလေ။ အဖေကကျတော့်ကိုအရည်အချင်း
ပြည့်မှီသူတစ်ဦးဖြစ်စေချင်လို့။ သာမန် ဝန်ထမ်းအနေနဲ့
အလုပ်စဝင်စေခဲ့တယ်။ ဥက္ကဋ္ဌရဲ့သား
ဆိုတာကိုလည်းဘယ်သူ့ကိုမှမသိစေပဲ။
သိရင် သူတို့က ရှိန်နေကြမှာလေ။

ဆရာစန်တွေခွဲခန်းထဲက ပြန်ထွက်လာပြီ
ကျတော့်ဆုတောင်းပြည့်ခဲ့တယ်။
အဖေ့ခွဲစိတ်မှုအောင်မြင်ခဲ့ပြီ။ ဘုရားသခင်ကို
ကျေးဇူးတင်ပါတယ်။ အဖေ့ကိုကျတော့်ဘဝထဲက
ခေါ်ထုတ်မသွားတဲ့အတွက်။

အစ်ကို ဆော့ဂျင်ကတော့ နေ့လည်လောက်
ကုမ္ပဏီပြန်သွားတယ်။ သူက အဖေ့တူတော်မောင်လေ။
ကုမ္ပဏီရဲ့ပင်တိုင် ရှေ့နေ။ ဒါပေမယ့် သူက
အိမ်ထောင်သည် ...သူ့အိမ်ထောင်နဲ့သူ
အေးအေးချမ်းချမ်းပဲ။

ကျတော် အဖေ့ကုတင်ဘေးမှာထိုင်ကာ
အိပ်မောကျနေတဲ့အဖေ့ကိုကြည့်ရင်း
စကားတွေပြောနေမိတယ်။
ထိုစဉ်...

"ဘေဘီ..."

"မင်း...ဘာလာလုပ်တာလဲ"

"မင်းကိစ္စအတွက် စိတ်တော့မကောင်းပါဘူး"

Let me correct my mistake ||Vmin[mature language]Where stories live. Discover now