Prologue

1.4K 47 0
                                    

_Unicode Version_

လူတိုင်းဟာ အမှားနှင့် မကင်းနိုင်ပါဘူး။
အမှားလုပ်မိတဲ့လူတိုင်းကလည်း သူတို့၏အမှားအတွက်
တန်ရာတန်ကြေးကို ပြန်ပေးဆပ်ကြရစမြဲပါပဲ။

....................

ရုံးဆင်းချိန် ရောက်ပြီဖြစ်တာကြောင့်
အိမ်ပြန်ချင်သော်လည်းလုပ်လက်စအလုပ်ကမပြီးသေး။
ဒါကြောင့် အလုပ်ပဲဆက်လုပ်နေလိုက်သည်။

အလုပ်တွေပြီးပြတ်တဲ့အချိန် နာရီကိုကြည့်လိုက်တော့
8:00!!!အတော်ပင်နောက်ကျနေပြီ။
ရုံးတွင်သူကလွဲ၍မည်သူမှမရှိတော့ချေ။
အပြင်ဘက်တွင်လည်း အတော်မှောင်နေပြီ။
ထိုအချိန်မှမိုးကလည်းရွာနေသေး။

"ကျစ်!တော်တော်နောက်ကျနေပြီပဲ"

တစ်ကိုယ်တည်း ညည်းတွားသံအဆုံး
ရုံးဆင်းလာခဲ့သည်။

"ဂျောင်မင်..."

"ဗျာ"

"အိမ်ပြန်တာနောက်ကျတယ်နော်"

"ဟုတ်ပါရဲ့ အလုပ်လေးတွေ
မပြီးပြတ်သေးလို့လက်စသတ်နေတာလေ
အချိန်ကုန်တာတောင်သတိမထားမိလိုက်ဘူး"

"....."

"ထယ်ယောင်းကရော???"

"ကျတော်လည်း ဂျောင်မင်လိုပါပဲ"

"သွားပြီနော်"

ကားပါကင်ရောက်မှ နှစ်ယောက်သား
လမ်းခွဲသွားကြလေရဲ့။

ဂျောင်မင် ကားမောင်းလာရင်း
ကုမ္ပဏီနဲ့ ခပ်လှမ်းလှမ်းတစ်နေရာကိုရောက်တော့
ကားကိုလက်ပြကာတားနေသော ထယ်ယောင်း...
ဂျောင်မင်လည်းကားကို လမ်းဘေးကပ်ရပ်လိုက်သည်။

"ဂျောင်မင် အပန်းမကြီးရင်
ကျတော့်ကိုအိမ်ပြန်ပို့ပေးပါလား
မိုးရွာနေတဲ့အချိန်ကားငှားရတာ သိပ်အဆင်မပြေလို့ပါ"

"ရတာပေါ့ ကားပေါ်တက်ပါ"

"ကျေးဇူးပါပဲ"

ထယ်ယောင်းကားပေါ်ရောက်ပြီ
ခါးပတ်တွေဘာတွေ အသေအချာပတ်ပြီးမှ
ကားမောင်းထွက်လာခဲ့သည်။

"ထယ်ယောင်း အဲ့မှာတဘက်တစ်ထည်ရှိတယ်"

"ဟုတ်"

Let me correct my mistake ||Vmin[mature language]Where stories live. Discover now