အဝေးပြေးလမ်းမကြီး ထက်က အရှိန်ပြင်းပြင်းနှင့် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးသည် လမ်းပြောင်းပြန်မောင်းနေရုံသာမက မောင်းနေသည့် လူငယ်လေးသည်လည်း အသက် ၁၆ နှစ်တောင်မပြည့်သေးပေ
တစ်ဖက်က မောင်းနှင်လာသည့် မိသားစု ကားလေးကလည်း အရှိန်ကပါနေတော့ နှစ်ဦးနှစ်ဖက်ရှောင်တိမ်းရင်းနေရာ အသီးသီးသို့လွှင့်ထွက်သွားကြပြီး ထိခိုက်ဒဏ်ရာတွေ ဖြစ်ကုန်တော့သည်။
ဆေးရုံထက်၌ ထိုကောင်လေးဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး ဆေရုံပေါ်မှာ တစ်လတိတိ သတိမရဘဲ မေ့မျောနေခဲ့သည်။
ဆေးရုံအုပ်ကြီး Mrs Tui Sai Sukumpantanasan သည်လည်း ထိုသူငယ်လေးအား သနားတာကြောင့် လူနာရှင်တွေမရှိတာတောင် ကုသပေးထားဆဲ"အား.......အိုမားသားကြောက်တယ်"
"Dr လူနာသတိရလာပြီ "
ဆေးရုံအုပ်ကြီးထံသို့ သွားတာအကြောင်းကြားရသည်မို့ nurse မလေးနောက်ကို လိုက်လာပြီး Mrs Tui သည် ထိုကောင်လေးကို စစ်ဆေးပြီး သက်ပြင်းရှည်ကြီးချလျှက်
"နာမည်ဘယ်လိုခေါ်လဲ "
"ဗျာ ............Aigioo အားခေါင်းကိုက်တယ် "
လက်ချောင်းသေးသေးလေးတွနှင့် နားထင်သို့ ဖိကာ ညည်းညူနေတဲ့ကလေးအနားကိုတိုးကာ ဆေးပိုက်တွေ ပြုတ်ပြီး အပ်တွေ နဲ့နာနေမှာစိုးတာကြောင့် တားရင်း အပြုံးတစ်ပွင့်ဖြင့်ပြုံးပြကာ လက်ဖဝါးနုနုလေးကိုဖြေးညင်းစွာထွေးပွေ့ကိုင်တွယ်လိုက်ရင်း
"အရမ်းမစဥ်းစားနဲ့တော့ ကလေး...
Daily သူ့ကို ဆေးရုံဆင်းခွင့်နဲ့ ဒီထဲကဆေးတွေ တစ်လစာ ထုတ်ပေး ညနေကျရင် Dr အိမ်ကိုခေါ်သွားလိုက်မယ် ""Argima က ဘယ်သူလဲ "
"မင်းရဲ့ အိုမားလေ "
"အိုမား အိုမား ဟင့် သား ခေါင်းအရမ်းနာနေတယ် "
ထိုကောင်လေး ဘယ်သူဘယ်ဝါမှန်းမသိပေမဲ့အိမ်ကသားထက်ငါးနှစ်လောက်ငယ် မဲ့ပုံပဲ သနားတာရော ကိုယ့်မှာလည်းသားသမီးရှိတာမို့ ပြီးတော့ သံယောဇဥ်လည်းတွယ်သွားခဲ့တာ ကြောင့် ထိုကလေးရဲ့ မိဘတွေ လာမခေါ်မချင်းပြန်မတွေ့မချင်း အိမ်မှာ ခေါ်ထားဖို့ စီစဥ်လိုက်တော့သည်။
YOU ARE READING
Innocence (34+35)Complete
Fanfictionငါတို့ကဘာမှ မဆိုင်ဘူးနော် မင်းကငါ့ စိတ်အာသာဖြေဖို့ကလွဲရင်ဘာမှ အသုံးမဝင်တဲ့ အမှိုက်ကောင် ငါတို့ကဘာမှ မဆိုင်ဘူးနော် မင်းကငါ့ စိတ်အာသာဖြေဖို့ကလွဲရင်ဘာမှ အသုံးမဝင်တဲ့ အမှိုက်ကောင်