Chapter 25(Final)34+35

1.9K 70 3
                                    

Blazer နီညိုရောင် ဝတ်စုံနဲ့ ခန့်ညားနေသည့် အမျိုးသားတစ်ဦး က ကတ္တီပါ ကော်ဇော ကြီးထက် နှင်းဆီပွင့်ဖက်တွေကြားမှာ လက်နှစ်ဖက်ကို ရှေ့မှာ ယှက်ကာ မတ်တပ်ရပ်နေသည်။သူ့ရဲ့ မျက်နှာ ထက်က အပြုံးတို့က ဝမ်းသာခြင်း ပီတိအပြည့်ဖြင့် ဖူးပွင့်နေသည်။အခက်အခဲတွေ ကြောက်ရွံ့ခြင်းတွေ နွေးထွေးမှု လုံခြုံမှု အစရှိသည်တွေကို အတူတူရင်ဆိုင်ဖြေရှင်းခဲ့သည့် ကောင်ငယ်လေးကိုလှမ်းကြည့်ရင်းပေါ့ တရားဝင်ပိုင်ဆိုင်ကြောင်း လူအများရဲ့ရှေ့မှာ ဖော်ပြခွင့်ရခဲ့ပြီလေ။ဖြေးညင်းစွာ လျှောက်လှမ်းလာတဲ့ကောင်လေး အနားကို ရောက်လာတော့ ချက်ချင်းပဲ သူ့လက်ကိုကမ်းပေးလိုက်သည်။စောင့်ဆိုင်းနေရတဲ့ အချိန်ခဏတာဟာ သူ့အတွက် တစ်ကမ္ဘာလောက်ပင်ကြာနေတော့သည်။

"အိုမင်းရင့်ရော်မှုတွေကိုလည်း အတူဖြတ်သန်းသွားပါမည်"

"နာမကျန်းဖြစ်သည့်အခါလည်း အတူတူပြုစုစောက်ရှောက်ပါမည်"

"ကုသိုလ်ကောင်းမှုပြုသည့်အခါလည်း လက်တွဲကာ အလှူပြုကာပါမည်"

"တစ်ယောက်နဲ့တစ်ယောက် သေတပန် သက်တစ်ဆုံးအတူတူ ချစ်ခင်ပေါင်းသင်းသွားကြပါမည်"

"အာမင် "

Wedding bells တွေရဲ့ မြည်သံတွေကဆူညံနေသည်။လက်ခုပ်သံတွေ အပြင် နမ်းပါဆိုသည့် ဆော်သြသံတွေလည်းညံနေလျှက် အနမ်းတို့တွင်း ချစ်ခြင်းမေတ္တာ ၊ဖြူစင်ခြင်း နွေးထွေးခြင်း သစ္စာစောင်ဘသိခြင်း အနက်အဓိပ္ပာယ်များစွာဖြင့် နမ်းရင်း အခမ်းအနားကို အပြီးသတ်ခဲ့ကြသည်။ကန့်ကွက်သူမရှိ

"Party ကျမှ သတို့သားနှစ်ယောက်ထွက်ခဲ့ကြလေ မနက်အစော ကြီးထ ထားရတာ ပင်ပန်းရောပေါ့ တစ်ရေးတမောလောက်အိပ်လိုက်ကြ"

Mrs Kim Park Ji သည်လည်း ထိုင်ဘာသာစကားကိုကောင်းကောင်းမွန်မွန်ပြောတတ်နေပြီ ။ဒါဆို Perth တစ်ယောက်ပဲ ကိုရီးယားဘာသာစကားကိုသင်ယူဖို့ကျန်တော့သည်။ဒါက သူ့အတွက် ခက်ခဲမည်လို့တော့မထင်မိ ဘာလို့ဆို သူတရားဝင်ပိုင်ဆိုင်ထားရဲ့ ချစ်ဇနီးလေးမဟုတ် ခင်ပွန်းလေးသေချာသင်ပေးမယ် ဆိုတာ သိနေလို့ပင်။နှစ်ယောက်သား Mae.တို့ညွှန်ကြားမှုဖြင့် အခန်းအတွင်း အနားယူရန် ပြန်လာခဲ့ကြသည်။ဝတ်စုံတွေ လဲပြီးသည်နှင့် ခုတင်ထက်သို့ကျောခင်းလိုက်ကြတော့သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 27, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Innocence (34+35)Complete Donde viven las historias. Descúbrelo ahora