အိပ်ချိန်ရောက်တော့ Saint က Perth အိပ်နေသည့် နဘေးသို့ တိုးကာဝင်ပြီး ရင်ခွင်ကျယ်ကြီးသို့တိုးဝှေ့ကာ နေလိုက်သည်။ပိရိနေတဲ့ နှုတ်ခမ်းသာတွေ ကပြာနှမ်းနှမ်းဖြစ်နေတာကလွဲလို့ ချိုင့်ခွက်ကာ ညိုမဲနေသည့် မျက်ခွံတို့က လွဲလို့ ထိုကောင်လေးသည် ကြည့်ကောင်းပြီး ခန့်ညားပါသည်။
ဒုန်း.........
"အ ကိုကို "
"မင်းကို ဘယ်သူက ငါဘေးနားမှာ အိပ်ဖို့ပြောလိုက်လဲ"
"ကိုကို ကဒီမှာ အိပ်နေတော့ သားလည်းဝင်အိပ်တာလေ "
"သွားစမ်းပါ လူသတ်ကောင် အရူးကောင်ကများ "
"သားအရူးမဟုတ်ဘူး ကိုကို.... ဘာတွေ ပြောနေတာလဲ ... မဟုတ်ဘူး သားမရူးဘူး ကိုကို လူဆိုးကြီး ဟင့် သားကိုနာအောင်လည်းလုပ်တယ် "
"ပိတ်ထားစမ်း မင်းပါးစပ်ကို"
ပါးစပ် လက်နဲ့ အုပ်ကာ တစ်ကိုယ်လုံးကိုင်ချုပ်ထားသည်မို့ ကလေးငယ် ဟာ မရုန်းနိုင် သလို အသံတောင် မထွက်နိုင်ခဲ့ ငြိမ်ကျသွားတဲ့ ကလေးငယ် ကိုလျစ်လျူရှုကာ ကြမ်ပြင်ပေါ်သို့တွန်းချပြီး အရေပြားတွေ ယားယံလာသည်မို့ ဆေးထိုးအပ်တစ်ချောင်းနှင့် အသားထဲနစ်ဝင်ကာ ထိုးစိုက်ပြီး အကြောထဲသို့ ဆေးတွေ လွှတ်လျှက် ထပ်မံအိပ်ပျော်သွားပြန်သည့် ကောင်လေးသည် အားလုံးကို သူလုပ်မိမှန်းတောင်မသိလိုက်ချေ
---- Innocence ------
"သခင်လေး သခင်လေး "
"Ji ဘာဖြစ်လာတာလဲ "
"သခင်လေး Saint တစ်ကိုယ်လုံးအေးစက်နေတာပဲ ခေါင်းပတ်တီးက သွေးတွေ ထွက်နေတယ် သခင်မကြီး "
"ခေါ်ခဲ့ "
ဆေးရုံသွားဖို့ အတွက် မနက်ခင်း မနက်စာ စားဖို့ ဆေးတိုက်ဖို့ ခေါ်ခိုင်းပေမဲ့ ကြားရတဲ့ သတင်းက တုန်လှုပ်စရာ အခန်းထဲသို့ ဝင်လာကြသည့် အိမ်အကူတွေ လက်ထဲက ထိုကေလးသည် သူတို့ပြောသည့်အတိုင်းတစ်ကိုယ်လုံး အေးစက် လျှက်ရှိနေ၏။
အသက်ရှူနေသေးသည်မို့ ထိုကလေးဟာ သတိလစ်ပြီး ကိုယ်ငွေ့တွေ မရှိတော့တာကြောင့် အဆိုးကြီး မဟုတ်လို့ သက်ပြင်းတစ်ခုသာချ မိတော့ သည်။
ESTÁS LEYENDO
Innocence (34+35)Complete
Fanficငါတို့ကဘာမှ မဆိုင်ဘူးနော် မင်းကငါ့ စိတ်အာသာဖြေဖို့ကလွဲရင်ဘာမှ အသုံးမဝင်တဲ့ အမှိုက်ကောင် ငါတို့ကဘာမှ မဆိုင်ဘူးနော် မင်းကငါ့ စိတ်အာသာဖြေဖို့ကလွဲရင်ဘာမှ အသုံးမဝင်တဲ့ အမှိုက်ကောင်