ep8

701 48 1
                                    

ရှင်းချန်တယောက်

အိမ်ပြန်လာတော့ အိမ်ကလည်း မှောင်မည်းနေတယ်

မောင်ပြန်မရောက်သေးဘူး ထင်တယ်

အိမ်တံခါးဖွင့်ပြီး ဝင်လာတော့

မီးခလုတ်ထားတဲ့ နေရာလည်းရောက်ရော

နောက်ကနေ လှမ်းဖက်လိုက်တဲ့ လက်တစုံ

"အား.... သေပါပြီ"

"သူခိုး ဗျို့ သူခိုး  လာကြပါဦး သူခိုးဗျို့ "

ဆွဲပြီး ဖက်တာလည်း ခံလိုက်ရရော
လက်ထဲက လွယ်အိတ်နဲ့ သူခိုး
က်ု ရိုက်ကာ
အော်နေရင်းနဲ့ မီးဖွင့်လိုက်တော့

သေပြီ

"မောင်...မောင်ရရဲ့လား"

"သေပါပြီ ကိုကိုရာ အသေသတ်မလို့လား"

"ဘာဖြစ်ကြတာလဲ "

တုတ်တွေ ဓားတွေနဲ့ ရောက်လာကြတဲ့
ဘေးခန်းက လူကြီးတွေ

"ဟီး ဘာမှမဟုတ်တော့ဘူး
ဦးလေးကျန်း ကျွန်တော် လူမှားတာ "

"ဟုတ်လို့လား လန့်တာကွာ မောင်ရင်ကလည်း"

"ဟုတ်  တောင်းပန်ပါတယ်နော် ဦးတို့ ကောတို့
အခန်းပြန်လို့ရပါပြီ "

"အင်း အင်း သွားပြီ"

ရွှယ်ယမ်ရှေ့မှာ ဝင်ထိုင်လိုက်ကာ လက်ကလေးကို အုပ်ကိုင်ရင်း
မျက်နှာငယ်လေးနဲ့

"မောင် ကိုယ်လေ တောင်းပန်ပါတယ်နော်
ကိုယ်က သူခိုးလို့ ပိကျိလေးထင်သွားလို့
နည်းနည်းလေး ရိုက်လိုက်မိတာ"

ရွှယ်ယမ်ရေ သတိသာထား

နည်းနည်းရိုက်လို့တဲ့ အားသုံးပြီးသာဆိုရင်

မေ့နေတဲ့ အတိတိပါ ပြန်သတိရမလား

မသိဘူး ၊

"မောင် ကိုယ့်ကို ချစ်ဘူးလားဟင်
မောင်က အဲ့လိုနေတော့ ကိုယ်က ဘယ်စိတ်ကောင်းမလဲ"

"ဘာမှမဖြစပါဘူး ကိုကိုရာ
မောင်က ကိုကို့ကို စခြင်လို့ ဖြစ်သွားတာပါ
စိတ်မကောင်းမဖြစ်နဲ့နော် "

"အွန်း ချစ်တယ်နော် မွစ်"

ပါးကို လာနမိးပြီး ရယ်နေတဲ့ကိုကို

Don't run babyWhere stories live. Discover now