ep17 Zg and Uni(Final)

3.6K 113 7
                                    

Zg
အချိန် ၃နှစ်ကြာခဲ့ပြီ
ရာသီဥတုတွေသာ ပြောင်းလဲသွားတယ် ဒီလူသားကိုတော့ မမေ့ခဲ့
တကယ်ဆို စိတ်ထားကောင်းတယ့် လူသားလေးပါ
ဒီလူသားကိုမှ အသက်သေဆုံးခဲ့တယ်

အဖြူရောင် ရေညိုအနည်းငယ်တက်နေတယ့် အုတ်ဂူလေးရှေ့မှာ ပန်းစည်းလေးကို တင်ထားရင်း မျက်လုံးအိမ်ထဲ ဝဲတက်လာတယ့် မျက်ရည်ဥလေးတွေကို
မျက်တောင် အဖွင့်အပိတ် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မငိုမိစေရန်
ကြိုးစားနေရသည်။

ကျေးဇူးလည်းတင်ပါတယ်
အထင်အမြင်လွဲခဲ့လို့လည်း တောင်းပန်ပါတယ် ကောရဲ့ ညီမလေးရယ်

" baby မိုးရွာတော့မယ် လာတော့လေ"

"ဟုတ် ဦး လာပြီ
ညီမလေး ကောပြန်ပြီနော် နောက်ဆို ကော
ညီမလေး အထီးမကျန်အောင် မကြာခနလာမယ်နော်"

"ပါပါး မိုးရွာတော့မယ် လာတော့လေ"

"အွန်းပါ ပူတူးလေးရယ့် တီလေးကို နှုတ်ဆက်လိုက်အုံး ပြီးရင် သွားမယ်နော်"

"ဟုတ် တီလေးရေ သားနဲ့ပါပါးပြန်ပြီနော် နောက်မှလာခဲ့မယ်"

"အားယို့ ချစ်ဖို့ကောင်းလိုက်တာ ပူတူးလေးက မွှစ် ဦးရေ ပြန်ရအောင်"

"အွန်း လာပြီbabyလေး"

အဖြူရောင်အုတ်ဂူလေးရှေ့ကနေ ဝှီးချဲလေးကို တွန်းကာ နောက်ကနေ လိုက်လာတယ့် သက်လတ်ပိုင်းအမျိုးသးတစ်ဦးနဲ့ ဝှီးချဲပေါ်က ဖြူဖြူအုအုကောင်လေးပေါ်မှာ စကားတွေပြောပြီး လိုက်လာတယ့် ကလေးငယ်လေး

အွန်းသူတို့ထဲမှာအုတ်ဂူပိုင်ရှင်လေး ကယ်တင်ပေးခဲ့တယ့် ကောင်လေးလည်း ပါတာပေါ့

..........................

အိမ်ပြန်ရောက်တော့
ဦးကဘဲ ကျွန်တော့ကို ကားပေါ်ကနေ ပွေ့ချီကာ ဝှီးချဲပေါ်မတင်တော့ဘဲ
ဆက်၍သာ ပွေ့ထားသည်။

မပွေ့ပါနဲ့ဆိုလည်းမရ
ချစ်လို့ဆိုပြီး အမြဲပွေ့ထားတယ် သားသားရှေ့မှာ မျက်နှာတောငိ ပူတယ်

"ပူတူးလေး အိပ်တော့နော် ညမိုးချုပ်နေပြီ "

"ဟုတ် ဒယ်ဒယ် သားအိပ်ပြီ"

Don't run babyOpowieści tętniące życiem. Odkryj je teraz