ငါမင်းကိုမုန်းတယ် ဘယ်တော့မှလဲခွင့်လွှတ်မှာမဟုတ်ဘူး ဒီတစ်သက်တော့မင်းငါ့အချစ်ကိုရဖို့လုံး၀မစဥ်းစားနဲ့၀မ် ရိပေါ်မင်းရဲ့အရှက်မရှိတဲ့မျက်နှာနဲ့ငါ့ကိုလာပီးလဲ ဖြားယောင်းမနေနဲ့ ငါဘယ်တော့မှမင်းအပေါ်ကျရှုံးသွားမှာမဟုတ်ဘူး ခုလဲမယ်တော့်အတွက်ဆေးသာရရင် ငါမင်းနားမှာလုံး၀ရှိနေပေးမှာမဟုတ်ဘူးမင်းငါနဲ့ပက်သတ်ပီးပိုင်ဆိုင်တာဆိုလို့ ဒီခန္ဓာကိုယ်တစ်ခုပဲရှိတယ်ဆိုတာ မြဲမြဲမှတ်ထား😏😏😏
"ရှောင်းဖေး ဘာတွေစဥ်းစားနေတာလဲဟင်ကိုယ့်ယောကျာ်းကိုဘေးထားပီး" မိမိပေါင်ပေါ်တွင်ထိုင်နေသောရှောင်းဖေး၏လည်တိုင်လေးအားနှုတ်ခမ်းလေးအပ်ကာမေးလိုက်လေသည်။
"ရေခဲပန်းသွားခူးတဲ့သူတွေကဘယ်တော့ပြန်လာမှာလဲ" ဒီခြောက်လအတွင်း ဒါပထမဆုံးသူကျနော့်ကို မေးခွန်းမေးလိုက်ခြင်းဖြစ်သည်။
"ကိုယ်တော်လဲမသိဘူးလေ ရှောင်းဖေးရဲ့မယ်တော်အတွက်အဲ့ပန်းကိုကိုယ်တော်သွားခူးဖို့ ကိုယ့်တော့်ရဲ့အတော်ဆုံးလူတွေကိုလွှတ်ထားပါတယ် ဒါပေမဲ့ရေခဲတောင်ကကိုယ်တော်တို့နဲ့အရမ်းေ၀းလွန်းတယ်လေ"ကိုယ်တော်အဲ့ပန်းကိုပေးလိ်ုက်တာနဲ့မင်းကိုယ့်တော့်စီကထွက်သွားမယ်ဆိုတာကိုယ်တော်သိတယ်အဲ့တာကြောင့်ကိုယ်တော်မင်းကိုတောင်းပန်ပါတယ်မင်းမယ်တော်အတွက်လိုအပ်နေတဲ့အဲ့ရေခဲပန်းကိုကိုယ်တော်ဘယ်တော့မှမင်းကိုပေးမှာမဟုတ်ဘူး။
"ကောင်းပီလေ ငါစိတ်လောသွားတယ်"
"ပြွတ်စ် မဟုတ်ပါဘူး ဘယ်သူမဆိုကိုယ့်မိဘအတွက်စိတ်ပူမှာပဲလေ မင်းရဲ့မယ်တော်ကလဲသတိမေ့နေတာ၆လတောင်ကြာနေပီကို"
"ဟင်းး ငါ " ငါ့မှာမယ်တော်တစ်ပါးပဲကျန်တော့တာအဲ့ဒီတော့မင်းကိုသေလောက်အောင်မုန်းလဲငါမင်းဘေးကနေထွက်မသွားနိုင်ဘူးငါ့ရဲ့အဲ့ဒီအားနည်းချက်ကိုဆုပ်ကိုင်ပီးငါ့ခန္ဓာကိုယ်ကိုဖျက်စီးသုံးဆောင်နေတဲ့မင်းအနားကနေ ဘယ်အချိန်များမှငါလွတ်မြောက်နိုင်ပါ့မလဲလွတ်မြောက်ချင်ပီမင်းစီကနေ⚡⚡⚡
"ဟင် ဘာဖြစ်လဲ ဆက်ပြောလေရှောင်းဖေး"
"ဘာမှမဟုတ်တော့ဘူး"
"ရှောင်းဖေး ကိုယ်တော်တစ်ခုတောင်းဆိုစရာရှိတယ်အဲ့တာကဘာလဲဆိုတော့ ကိုယ်တော်နဲ့အတူ၀မ်တိုင်းပြည်ကိုလိုက်ခဲ့ပေးပါ" တောင်းဆိုမှုပို၍လေးနက်သွားအောင်ကျနော် သူ့ရှေ့မှာဒူးတစ်ဖက်ထောက်လိုက်တယ်။
YOU ARE READING
Lovely King Wang(Unicode/Zawgyi)
Storie d'amoreသြဇာအာဏာကြီးမားပီးလက်ရုံးရည်ပြည့်၀၍ရုပ်ရည်ချောမောလှသော်လည်းသွေးအေးရက်စက်သောဝမ်တိုင်းပြည်၏ဘုရင်ဝမ်ရိပေါ်😈😈 နူးညံ့သိမ်မွေ့၍မိန်းမပျိုလေးများကပင်မနာလိုရလောက်အောင်နှစ်လိုဖွယ်ကောင်းသောရုပ်ဆင်းအင်္ဂါကိုပိုင်ဆိုင်ထားသောရှောင်းတိုင်းပြည်၏မင်းသားလေးရှောင်း...