ထန်၊ချန်၊ကျို၊လျို၊ရှောင်း၊၀မ်၊ချင် စသောတိုင်းပြည်ကြီး ခုနှစ်ခုရှိသည့်အနက် ၀မ်ရိပေါ်
အုပ်စိုးသော ၀မ်တိုင်းပြည်သည်ကား အင်အား အကြီးမားဆုံးသော နိုင်ငံပင်ဖြစ်ပေသည်။ဤသည်ကို နားလည်သဘောပေါက်
သောကျိုဘုရင်မင်းမြတ်သည် ၀မ်နိုင်ငံနှင့်ပူးပေါင်းလိုသောအလို့ငှာ ၀မ်ဘုရင်အား၄င်း
၏ သမီးတော်ကိုမိဖုရားအဖြစ်ဆက်သကမ်း
လှမ်းခဲ့ပေသည်။ထိုအချိန်တွင် ၀မ်ဘုရင်သည် မိမိတိုင်းပြည်အား ပို၍အင်အားကြီးစေရန် အလို့ငှာကျိုဘုရင်ကမ်းလှမ်းခဲ့သော
ကမ်းလှမ်းချက်အား လက်ခံခဲ့ပီးကျိုဘုရင်
၏သမီးတော် ကျိုကျစ်ဖန်အား မိဖုရားခေါင်
ကြီးအဖြစ်တင်မြှောက်ခဲ့သည်။သို့သော်၀မ်ဘုရင်သည်မိန်းမသားများထက်
လှပသောယောကျာ်းသားများနှင့် ချစ်တင်း
နှောရသည်ကို ပို၍ခုံမင်ကြိုက်နှစ်သက်သူဖြစ်သောကြောင့် မိဖုဘုရားခေါင်ကြီး
ကျိုကျစ်ဖန်ထက် လျိုနိုင်ငံမှဆက်သထားသောလျိုကျန့်ကိုပင် ပို၍မျက်နှာသာပေးဆက်ဆံခဲ့ပေသည်။ထို့ကြောင့်ကျိုကျစ်ဖန်
သည် လျိုကျန့်အားအမြဲတစေ ဒုက္ခရောက်ရန် အကောက်ကြံနေတတ်ပေသည်။သို့သော်
ကျိုကျစ်ဖန် သတိမထားခဲ့မိသောအရာသည်
ကား လျိုကျန့်သည်၀မ်ဘုရင်အတွက် အစား
ထိုးခံနယ်ရုပ် သက်သက်မျှသာ ဟူသောအကြောင်းရာပင် ဖြစ်သည်။"အရှင်မင်းကြီး အခုတလောဟိုကောင်ရဲ့ အဆောင်ကို သွားသေးလား"
"မတွေ့မိကြောင်းပါ မယ်မယ်ဖုရား"
"ရှောင်းတိုင်းပြည်ကိုသိမ်းပိုက်ပီးပြန်လာကတည်းက မင်းကြီးထူးဆန်းနေတယ်"
"ဟုတ်တယ်မယ်မယ် မင်းညီလာခံတက်ပီးတာနဲ့ မင်းကြီးကကိုယ်ပိုင်အဆောင်တော်ကိုပဲပြန်ကြွလေ့ရှိတယ် ပီးတော့အခုတလော
ဘယ်မောင်းမတော်ရဲ့ အဆောက်ကိုမှလဲ မကြွချီတော့ပဲ နေနေတာအတော်ကြာနေပီ"
"အွန်း ထူးဆန်းနေတယ် တစ်ခုခုတော့တစ်ခု
ခုပဲ လျိုကျန့်ကိုတောင်သွားမတွေ့ပဲနေနေတယ်ဆိုတော့ကား အဲ့နောက်ကွယ်မှာဘာရှိ
နေလဲ စုံစမ်းခဲ့စမ်း"
"တင်ပါ့ မယ်မယ်ဖုရား"ထိုစဥ် လျိုမိဖုရားနန်းဆောင်တွင်မူ⛩️⛩️
"စစ်သူကြီး ၀မ်နင်ကြွချီလာကြောင်းပါ" မိဖုရားလျိုကျန့်၏ အစေခံမှ မိဖုရားလျိုကျန့်
အား လျှောက်တင်လိုက်ခြင်းဖြစ်သည်။
"၀င်လာခိုင်းလိုက်" စစ်သူကြီး၀မ်နင်မှ မိဖုရားလျိုကျန့်အား အရိုသေပေးလိုက်သည်။
"ထိုင်ပါ ၀မ်နင်"
"နေကောင်းတော်မူရဲ့လား မိဖုရား"
"ကောင်းတော်မူပါတယ် ဒါနဲ့လာရင်းကိစ္စက"
"အော် အမ် ဘာ ဘာမှတော့အထွေအထူး မဟုတ်ပါဘူး ညီမတော်ကိုလာတွေ့ရင်းနဲ့ မိဖုရားကို ၀င်နှုတ်ဆက်တာပါ"မင်းဘယ်ချိန်
ထိဒီလိုပဲ လုပ်နေမှာလဲ၀မ်နင်ရယ် မင်းရင်ထဲ
ကခံစားချက်တွေရော ဘယ်အချိန်ကျမှငါ့ကို
ဖွင့်ပြောမှာလဲ မင်းသာသတ္တိရှိရှိရင်ဆိုင်ခဲ့ရင်
ငါတို့တွေဒီလိုမျိုးေ၀း ခဲ့ကြမှာမဟုတ်ဘူးဆိုတာမင်းသိရဲ့လား😭😭😭
YOU ARE READING
Lovely King Wang(Unicode/Zawgyi)
Romanceသြဇာအာဏာကြီးမားပီးလက်ရုံးရည်ပြည့်၀၍ရုပ်ရည်ချောမောလှသော်လည်းသွေးအေးရက်စက်သောဝမ်တိုင်းပြည်၏ဘုရင်ဝမ်ရိပေါ်😈😈 နူးညံ့သိမ်မွေ့၍မိန်းမပျိုလေးများကပင်မနာလိုရလောက်အောင်နှစ်လိုဖွယ်ကောင်းသောရုပ်ဆင်းအင်္ဂါကိုပိုင်ဆိုင်ထားသောရှောင်းတိုင်းပြည်၏မင်းသားလေးရှောင်း...