"မင်းကြီးကြွချီတော်မူလာပါပီ" အထိန်းတော်ကြီးမှရှောင်းကျန့်အားအသံဖြင့်လှမ်းသတိပေးလိုက်ခြင်းဖြစ်သည်
"ကိုယ်တော် လာတာကိုအရိုသေမပေးတော့ဘူးလားရှောင်းဖေး"
"မင်းကြီး😠" ရွဲ့၍အရိုသေပေးလိုက်ခြင်းဖြစ်သည်
"ဟားဟား ရှောင်းဖေးရဲ့အဲ့လိုပုံလေးကတကယ်ချစ်စရာကောင်းတာပဲ" ထွီ မိုးလေလင်းကိုချစ်စရာကောင်းတာလား တဏှာရူးရဲ့ ငါကယောကျာ်းလေးဟဲ့
"ဟင်းးးးးး"
"ကောင်းပီ မစတော့ဘူး အထိန်းတော်ကြီးယူလာခဲ့တော့"
"ဟုတ်ကဲ့" ဟုဆိုကာအထိန်းတော်ကြီးသည်ဝမ်ဘုရင်ကိုယ်တိုင်ချက်ပြုတ်ထားသောဟင်းလျာများကို ယူဆောင်ခဲ့လေသည်။"လာထိုင် ငါနဲ့အတူတူလာစား"
ဝမ်ဘုရင်မှရှောင်းကျန့်အားပြောလိုက်ခြင်းဖြစ်သည်သို့သော်ရှောင်းကျန့်သည်ကား မင်းနဲ့အတူတူထမင်းတစ်ဝိုင်းထဲစားမဲ့အစား အစာငတ်ခံပီးပဲသေလိုက်တော့မယ်
"ငါ မဆာဘူး"
"ကျစ် လာထိုင်မဟုတ်ရင်မင်း မယ်တော်နဲ့မတွေ့ရဘူး"
"မင်းး😡😡" မခံတိမခံချင်နှင့် စားတော်ပွဲရှေ့တွင်ထိုင်လိုက်ရပေသည်
"ဒီလိုမှပေါ့ ရော့ ဒါလေးစား ဒါလေးရော အော်ပီးတော့ဒါလေးရောစားကြည့်" ရှောင်းမင်းသားစားတော်ပွဲရှေ့ထိုင်သည်နှင့်တစ်ပြိုင်နက်၀မ်ဘုရင်ခင်ဗျာရှိသမျှဟင်းပွဲမှဟင်းတွေအကုန်ထိုးကြိတ်ထည့်ပေးနေခြင်းဖြစ်သည်။"ဟင်းတွေထည့်ပေးနေတာတော်တော့ ငါလူ
ဝက်မဟုတ်ဘူးပီးတော့ ငါ့မှာလက်ပါတယ်"ပြောမဲ့သာပြောရတာဒီနေ့အစားအသောက်တွေအကုန်လုံးကကျနော်ကြိုက်နှစ်သက်တဲ့အစားသောက်တွေချည်းပဲ
"ကောင်းပီ ဒါပေမဲ့ဒီနေ့ဒီအစားသောက်တွေအကုန်လုံးတစ်ခုမကျန်အကုန်မင်းစားရမယ်"
"ဘာ!!!"ဟင်းခွက်နှိုက်နေသည့်တူလေးပင်လွတ်ကျသွားချေသည်အဘယ်ကြောင့်ဆိုသော်ရှောင်းကျန့်သည်ကားအစားအင်မတန်နည်းသူပင်ဖြစ်ပေသည်။ဒင်းကတော့ငါ့ကိုတစ်နည်းမဟုတ်တစ်နည်းနဲ့နှိပ်စက်နေတော့တာပဲ
"ဟင်းးး တစ်စိမကျန်အကုန်စားရမယ်"ဟုဆိုကာရှောင်းကျန့်စားနေသည်ကိုပင်ဘေးမှထိုင်ကြည့်နေလေသည်ဤမြင်ကွင်းသည်ကားထမင်းမစားသောကလေးငယ်အားမိခင်မှတုတ်ပြ၍ထမင်းအတင်းကျွေးနေသောမြင်ကွင်းနှင့်လွန်စွာတူလှပေသည်။
YOU ARE READING
Lovely King Wang(Unicode/Zawgyi)
Romanceသြဇာအာဏာကြီးမားပီးလက်ရုံးရည်ပြည့်၀၍ရုပ်ရည်ချောမောလှသော်လည်းသွေးအေးရက်စက်သောဝမ်တိုင်းပြည်၏ဘုရင်ဝမ်ရိပေါ်😈😈 နူးညံ့သိမ်မွေ့၍မိန်းမပျိုလေးများကပင်မနာလိုရလောက်အောင်နှစ်လိုဖွယ်ကောင်းသောရုပ်ဆင်းအင်္ဂါကိုပိုင်ဆိုင်ထားသောရှောင်းတိုင်းပြည်၏မင်းသားလေးရှောင်း...