တစ်နေ့တစ်နေ့ သူ့ဆီဖုန်းဆက်ရရင် မနေနိုင်တာ။ဖုန်းဆက်တော့လည်းမကိုင် ဆိုတော့ အိမ်ဖုန်းပဲဆက်တာပေါ့
" ဟယ်လို "
" ဟယ်လို ကျနော်ရှောင်ကျန့်ပါ "
" ဘာကိစ္စရှိသလဲကွဲ့"
" ဟို ...ရိပေါ်ရှိလား အန်တီ ကျနော်စကားပြောချင်လို့ "
"အော် မင်းသူငယ်ချင်းလား ...မင်းသူငယ်ချင်းချော်လဲတာ ဖင်ထိုင်ရက်ပြုတ်ကျလို့ မထနိုင်ဘူးကွယ် "
ငါ..စိတ်ပူပေးရမလား..အို ငါ့ရဲ့မက်မွန်သီးလေးတော့သွားပါပီ ကုန်ပါပီ။!!!
" ကျနော်လာခဲ့မယ် "
'မား ဘာတွေပြောနေတာလဲ ... '
အနောက်ကနေ ထွက်လာတဲ့အသံလေးကညှောင်နာနာလေးပဲကျန်တော့တယ်....ငါသွားမှဖြစ်မယ်။
ရှောင်ကျန့်လည်း အိပ်ရာမှနိုးနိုးချင်း ချစ်ရသူရဲ့ ရှက်သံလေးကို ကြားချင်ပါတယ်ဆိုကွာ အခုတော့ သောက်ကျိုးနဲ!!! မဖြစ်တော့ဘူး..အဲ့ဒါလေးတစ်ခုခုဖြစ်လို့မဖြစ်ဘူး ။
(အခုဆိုရင်ဖြင့် ရှောင်ကျန့်က ဝမ်ရိပေါ်ရဲ့ မက်မွန်သီးစောင့်ရှောက်ရေး သမ္မတ ဖြစ်သွားပါပီ) (ဟို...သူကဝန်ကြီးအဆင့်နဲ့မရဘူးလေ Vipအဆင့်ဆိုတော့☺️)
--------
ဝမ်ရိပေါ်လည်း ပြောချင်ရာ ပြောလိုက်တဲ့မားကြောင့် ထိုင်နေရင်းနဲ့တောင် ဖင်တောင်နာချင်လာသည်။
ကျနော်လည်းတစ်နေ့နှစ်ခါ ပုံမှန်ရှိခိုးတာပဲ...ယတြာတွေလည်းချေလွန်းလို့ ပတီးတောင်လက်ထဲကတောင်မချရဘူး။
"အော်..ဒါနဲ့သားရေ သားသူငယ်ချင်းလာမယ်တဲ့ "
" အွန်း..ဘယ်သူလဲ "
ရိပေါ်မှာ မားသုတ်တဲ့ ခေါက်ဆွဲသုတ်ကိုအားရပါးရစားရင်း ပလုတ်ပလောင်း အာလုတ်သံကြီးနဲ့မေးလိုက်တော့
"ရှောင်ကျန့်လေ "
" ဗျာ!!! ဟွတ်..အဟွတ် "
မားကလဲဗျာ! သားကိုဘာဖြစ်စေချင်နေတာလဲ!
အဲ့လူကြီး ကဟွန့်~ လူဇိုးကြီး~အောက်က ခေါက်ဆွဲသုတ်ပန်းကန်ကြီးကို ဇွန်းနဲ့ ခေါက်လောက် ရှေ့တိုးနောက်ဆုတ်လုပ်လိုက်နဲ့ ကျေကျေနပ်နပ်ကြီးပြုံးနေသည်။

YOU ARE READING
ပေါက်ဆီလုံးလေးရဲ့ပိုင်ရှင်ဘဲညိုကြီး 😁❤️💚 [ Completed ]
Любовные романыဝမ်အသဲအသက်လေးအတွက်ဆို ရှောင်ကျန့်ဆိုတဲ့ ဘဲညိုကြီးက ဘယ်လို စောင်းစောင်းရပါတယ်... မင်းတို့က ဘဲညိုကြီးဆိုတဲ့ နာမည်ကို အလကားပေးထားတယ် ထင်နေတာလား? // ဒါလေး ဖတ်ပြီး ပျော် ရွှင်မှု တွေကူးစက်တာနဲ့ ကျေးဇူးတင်ပါတယ် //