Part -16

2K 116 6
                                    

[ Unicode ]

ရှောင်မားတို့ကတော့ လက်ထပ်မယ့် ရက်ကို
တစ်ဦးတည်းသော သားလေးက
နားပူနားဆာ တိုက်ရုံ တင်မကျေနပ်လို့
အခန်းတံခါးတွေပါ လိုက်ခေါက်နေတာကြောင့်
အခုလို စောစောစီးစီး ကို ဖြစ်လာဝောာ့သည်။

ခန်းမ မဟုတ်ပဲ..
အမိုးအကာတို့မပါသည့် ပွဲအခမ်းအနားတစ်ခု ၊
မျက်စိတစ်ဆုံးကြည့်လို့ရတဲ့ ပင်လယ်ပြင်ကြီးရဲ့
မလှမ်းမကမ်းနေရတစ်ခုမှာ
လျှောက်လမ်းတစ်ခု ရှိ ပြီး ပန်းအဖြူတွေ
နဲ့ အလှ ဆင်ထားလေသည်။

အဖြူရောင်လျှောက်လမ်းရဲ့
အနီရောင်နှင်းဆီပွင့်ဖတ်တွေ အဆုံးမှာ
တလောကလုံးကို ချေနေတဲ့ ရှောင်ကျန့်
ရပ်လို့ နေသည်မို့ ရှောင်မားကတောခေါင်း
တခါခါ ရယ်။

ကော ကတော့ အရမ်းပျော်တယ်.. ကလေးလေးကြိုက်မယ်လို့မျှော်လင့်ရတာပဲ။

အဖြူရောင်ဝတ်စုံနဲ့သတို့သားလေး
ကလျှောက် လှမ်းတဖက်မှာ နေရာယူလာကာ
ပါးအစား ဝမ်မားကသာ သားလေးကို
တွဲ ၍ ရှောင်ကျန့် ဆီ လျှောက်လှမ်းလာသည်။

ကောက ရိပေါ်မျက်မှန်ချွတ်ပြီး ‌မျက်ကပ်မှန်လေးနဲ့ ယူချင်တာကို လက်မခံ၊ မျက်မှန်လေးကအစ ဖိနပ်အဆုံး မင်းနဲ့ ပတ်သက်ရင် အကုန်ချစ်ပါသတဲ့လေ..

ရွှေရောင်မျက်မှန်ကိုင်းလေးအောက်က
ကြည်လဲ့ နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးရယ်၊
အကူဆိုးဆေး စိုးစဉ်းမှ မပါတဲ့
နှုတ်ခမ်းသားလုံးလုံးလေးတွေဟာ
သတို့သားရှောင်ကျန့်ကို ကျောက်ရုပ်ကြီးလို
ရပ်သေ‌နိုင်တဲ့ စွဲဆောင်မှုအားတွေ ရှိပါတယ်။

" ကော~ .."

" ဗျာ.. "

" အဟမ်း!.. သတို့သားတို့ နေရာယူ ကြပါ "

လေတစ်ချက်ဝှေ့တာကြောင့်
ရိပေါ်ခေါင်းလူံးလေး‌ရဲ့ ဆံပင်
လေးတွေကို သပ်တပ် ပေးလိုက်ပြီး..
မျက်နှာချငိးဆိုင်ရက်လို့ လက်နှစ်ဖက်လုံးကို
အုပ်ကိုင်ထားလိုက်၏.။

" သတို့သားရှောင်ကျန့် က သတို့သားရိပေါ်ကို သေတဖန် သက်တဆုံးပေါင်းသင်းနိုင်မည်လား "

" ကျနော့်ဘဝ တစ်ခုလုံးမှာ ရိပေါ် ကိုပဲ အမြတ်တနိုး ချစ်သွားပြီး ပျော်ရွှင်အောင် အမြဲထားမယ် ‌၊ ကိုယ်တို့ဘဝ နေဝင်ချိန်ထိ ဒီလက်လုံးလေးကို အမြဲဆုတ် ကိုင်ပီး ပေါင်းသင်းသွားပါ့မယ် "

ပေါက်ဆီလုံးလေးရဲ့ပိုင်ရှင်ဘဲညိုကြီး 😁❤️💚 [ Completed ]Where stories live. Discover now