[ Unicode ]
ဒီ အပတ်အတောအတွင်း
ရိပေါ်လေးပဲ အတွေးလွန်နေတာလဲ ၊
တကယ် ပဲ သံသယဝင်သင့်သလားဆိုတာကို
မျက်မှန်ဝိုင်းလေးတစ်ချက်ပင့်တင့်လိုက်ပြီး
ကောရဲ့ဗီဒို ထဲ မွှေနှောက်ခန်းစတင်တယ်..။မွှေ သာမွှေတာ ရိပေါ်ရဲ့ အင်္ကျီတွေကို
သာဒီလူကြီးက အသေအချာ ခေါက်ထားတာ
ကောရဲ့အင်္ကျီတွေက ကျတော့
မသပ်မရပ်နဲ့ နဲနဲ ဖရို ဖရဲ လဲဖြစ်ဆိုတော့
ဒီက အိမ်ရှင်ထီး လေးကပဲ ဖွင့်ထားတဲ့မုန့်ထုတ်ကို အဆုံးရှုံးခံပြီးရှင်းပေးလိုက့်ပါမယ် အဟွန်း.။ကျနော်ပြောပြမယ် ..
ကောလိုလူက အသောက်အစားကင်းတယ်
မိန်းမကိစ္စ ပွေလီအရှုပ်အရှင်း ကင်းရှင်းတယ်
အိမ်ရှင်ထီးလေးကို လဲ အလိုလိုက်ထားတာမှ
လိုလေသေးမရှိရင် လေ.. ။" ဟ..ဟား~ ပြီးတော့ ငါ့ကောမှ ပေါင်မုန့် ၆ လုံးလဲ ရှိတယ် ရေးးး "
ရှောင်ကျန့် ရဲ့ အဝတ်တွေကို
ဆွဲဖွ ပြီး
လက်နှစ်ဖက်ကလဲ ဘယ်ညာရမ်းလို့ brandတွေ
ပေါ် အားရပါးရ နင်းပြီးခုန်ပေါက်နေ လေသည်။ရှောင်ကျန့်တော့ နေ့သလူဝ ရိပေါ်ခုန်ပေါက်
ထား တာကို ဘယ်လို ဝတ်မလဲ မသိပေမဲ့လို့
ရိပေါ် အဲ့ အဝတ်ပုံကြီးပေါ် တဖန်လှဲချ ပြီး
စဉ်းစားခန်းဝင်နေသည်။" ဟို... ကိုကိုချောချော က ကောရဲ့ အတွင်းရေးမှူး အင်း.. ကောကလဲ ကျနော့်ကို အပြင်မထွက်ခိုင်းဘူး.. အဟင့်~ ထျန်းနား..
မားနဲ့ တိုင်ပင်ရင်ကောင်းမလား "><><><><
ဝှီးး..
လက်လုံးလေးနှစ်ဖက်လျက်ထားကာ
အထပ်ထပ်မြင်တဲ့ Companyရှေ့ ရပ်နေချိန်တွင်
ဒူးလောက်ရှိတဲ့ ဘောင်းဘီလေးနဲ့ ဟူဒီဖြူဖြူလေး
နဲ့ဝတ်ထားတဲ့ ကောင်ငယ်လေးရဲ့ အနောက်
ဘက်ကနေ ဆိုင်ကယ်နဲ့လမ်းသလားတဲ့
ကောင်တွေက အချစ်လေးဆိုပြီးတော့
တိုးစသွားကြသည်။မားမား ကယ်ပါ...
မဟုတ်ဘူး ယောင်္ကျားကယ်ပါ ဆိုပြီး
ရှောင်ကျန့် ရှိရာကို
အပြေးတပိုင်း ဝင်သွားပါလေရော..။ပါးစပ်ကလဲ ဝူးဝူးဝါးဝါးနဲ့
လက်နှစ်ဖက်ရှေ့တန်းလို့ ပြေးဝင်သွားသူကို
ဘယ်သူမှ မတားမိ ဘာလို့ဆို Bossရဲ့
ရုံးခန်းထဲ ဝင်သူတိုင်း မျက်နှာ ကြက်ကို မော့ကြည့်လိုက်ရင်
ရုံးခန်း အကျယ်အပြည့်လောက်ရှိတဲ့ ရိပေါ်ရဲ့
ပုံကြီးကို အားလုံး ကသိပြီးသား
ဆိုဝောာ့ အထူးတလည် ကြွပါခမျ လို့ပြောစရာမလိုဘူးရော်..
YOU ARE READING
ပေါက်ဆီလုံးလေးရဲ့ပိုင်ရှင်ဘဲညိုကြီး 😁❤️💚 [ Completed ]
Любовные романыဝမ်အသဲအသက်လေးအတွက်ဆို ရှောင်ကျန့်ဆိုတဲ့ ဘဲညိုကြီးက ဘယ်လို စောင်းစောင်းရပါတယ်... မင်းတို့က ဘဲညိုကြီးဆိုတဲ့ နာမည်ကို အလကားပေးထားတယ် ထင်နေတာလား? // ဒါလေး ဖတ်ပြီး ပျော် ရွှင်မှု တွေကူးစက်တာနဲ့ ကျေးဇူးတင်ပါတယ် //