Part 3 vampire (unicode)

225 17 0
                                    

‟ဒါဆိုရင်တော့ ငါ့ကိုဘယ်လိုပြုစုမယ်ဆိုတာကို ပြပါဦး အဲရစ်ဂီးဘတ်"

ဟာဒင်ရဲ့ အသံဟာ တယောအသံလို သာယာကျော့ရှင်းစွာ ထွက်ပေါ်လာပီးနောက်တွင်
အဲရစ်၏ ကိုယ်ပေါ်မှ ကြိုးများကို စတင်ဖြေပေးသည်။ ရစ်ပတ်တုပ်နှောင်ထားသော ကြိုးအထပ်ထပ်မှာ အဲရစ်ကိုယ်ပေါ်မှ ပြေလျော့သွားတော့သည်။ အဲရစ်ခမျာ လူမှာလွတ်လွတ်လပ်လပ် ဖြစ်သွားသော်ငြား စိတ်က မလွတ်လပ်သေး။ထိုစဉ်...

‛ချလပ်'

ရုတ်တရပ် မီးရောင်များ ထလင်းလာခဲ့သည်။
အခန်းထဲရှိ မီးရောင်မှာ နေ့အလင်းရောင်ထက်ပင် ပိုတောက်ပကာ လင်းထင်းနေခြင်းကြောင့် အဲရစ် မျက်လုံးမှာ အလင်းဒဏ်မခံနိုင်သဖြင့် လက်နှင့် ကွယ်ထားလိုက်မိသည်။

သူ၏မြင်ကွင်း တဖြေးဖြေးအဆင်ပြေလာပြီးနောက်တွင် ခမ်းခမ်းနားနားပြင်ဆင်ထားသော
အိမ်ခန်းထဲတွင် သူရောက်ရှိနေကြောင်းသိခဲ့ရသည်။ပရိဘောဂ အသုံးအဆောင်မှာ အလယ်ခေတ်ပိုင်းရှိ မင်းမျိုးနွယ်ဝင်များအသုံးပြုရသော ပစ္စည်းပုံစံမျိုးများပင်။အခန်းထဲရှိ မီးဖို၏ ဘေးဘောင်များမှာ အကြီးအကျယ် အလှဆင်ထားကာ ငွန့်ငွန့်ကြွားကြွားပင် ရှိနေပြီး မျက်နှာကျက်မှာလဲ အလွန်ပင် မြင့်မားလှသည်။တခန်းလုံး ခြုံငုံပြောကသော် ရှေးဆန်ကာ လှပတင့်တယ်သည်။

အဲရစ်နှင့် သိပ်မဝေးသောနေရာတွင် ကြက်သွေးရောင် အနောက်တိုင်းဝတ်စုံပြည့်နှင့် အမျိုးသားက ခမ်းနားထယ်ဝါသော ထိုင်ခုံပေါ်တွင် ခြေချိတ်ကာ အေးတိအေးစက်ပုံစံနှင့်
ထိုင်နေသည်။ မျက်လုံးများကမူ အဲရစ်အား စူးစူးစိုက်စိုက် ကြည့်နေလေသည်။

အမျိုးသား၏ ရွှေအိုရောင်ဆံပင်များမှ သပ်ရပ်စွာ ဖြီးလှန်တင်ထားသဖြင့် ကြော့မော့နေသည်။ သူ့ရဲ့မျက်လုံးများက တန်ဖိုးကြီးသော မြစိမ်းကျောက်ကဲ့သို့ စိမ်းလဲ့လှသည်။အသားအရည်ကမူ ကြည်လင်ကာ တောက်ပနေသည်။ဒီလူ၏ အလှတရားမှာ ရင်သက်ရှုမောဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိနေခြင်းပင်။

ဒီလူဟာ ကြားမိသော သတင်းများအတိုင်း ရွံစရာသားရဲကြီးပုံစံ မဟုတ်ရုံမက ချောမောလှပကြည့်ကောင်းသော လူကြီးလူကောင်းတယောက်လိုပုံစံ ဖြစ်နေသည်ပင်။

Me and my vampire husbandWhere stories live. Discover now