part 1 ဖခင်ဆိုး (unicode)

949 23 0
                                    

‟အဲရစ် မင်းသူ့ကို မဖြစ်မနေ လက်ထပ်ကမယ်"

‟ဘာလို့လဲ?ကျွန်တော် ပြောပီးပီလေ အာ့လူကြီးက ရုပ်ကလဲဆိုးတဲ့အပြင် မိန်းကလေးတွေအပေါ်မှာတောင် အနိုင်ကျင့်တာတဲ့ အဓိကက သူကယောက်ျားကြီးလေ ယောက်ျားဖြစ်တဲ့ကျွန်တော့်ကို ဘာလို့ ယောက်ျားကြီးနဲ့ လက်ထပ်ခိုင်းနေကတာလဲ"

‟ဒါတွေ ငါဂရုမစိုက်ဘူး...မင်း သူ့ကို လက်ထပ်လိုက်တာနဲ့ ငါတို့မိသားစုက သူရဲ့ စကော့ဒ်မျိုးရိုး နောက်ခံအသိုင်းအဝိုင်းနဲ့ အရှိန်အဝါတွေရဲ့ အထောက်အပံ့ကို ရလာမှာ။ငါတို့ရဲ့ ကုမ္ပဏီလဲ ဒေဝေါလီခံစရာမလိုတော့ဘူး"

‟ဟင့်အင်း အဖေ... အဖေ့ရဲ့ကြီးကျယ်လှတဲ့ မိသားစုသိက္ခာအတွက်နဲ့ ကျွန်တော့်ကို ယောက်ျားတယောက်ဆီမှာ ယစ်ပူဇော်ဖို့ မလုပ်ပါနဲ့"

ရွိုက်စ်ဂီးဘတ်ရဲ့ မျက်လုံးများမှာ ဒေါသကြောင့် နီရဲလာကာ

‟အဲရစ်ဂီးဘတ် ငါမင်းကိုနောက်ဆုံးပြောမယ်
ငါ့အစီအစဉ်အတိုင်း လက်မခံရင် မင်းရဲ့အမေ သူ့ရောဂါနဲ့ သေတာကို မင်းလက်ပိုက်ပီးထိုင်ကြည့်နေကလိမ့်မယ် အာ့ဒီအပြင် ငါတို့တမိသားစုလုံးလဲ ဘဝပျက်ကုန်လိမ့်မယ်ကွ"

အဲရစ် သူ့မိခင်၏ ထိန်းမနိုင်သိမ်းမရ စိတ်ဖောက်ပြန်ကာ ရောဂါခံစားနေရပုံကို တွေးမိသည်နှင့် ကော့ညွှတ်နေသော မျက်တောင်တစုံမှာ တုန်ယင်သွားသည်။လက်သီးကို အားဖြင့်ဆုပ်ကာ နှုတ်ခမ်းကို မျဉ်းဖြောင့်အတိုင်း တင်းတင်းစေ့ထားမိသည်။

သူ့၏ဖခင်ဆိုသော ထိုအမျိုးသားမှာ အလွန်ပင် ကြောက်စရာကောင်းမှန်းသူသိသည်။ တချိန်က ထိုအဖေဆိုသူသည် ချမ်းသာသောမိသားစုက သူဌေးသမီးနှင့်လက်ထပ်နိုင်ရန် အတွက် သူနှင့် မိခင်ကို စွန့်ပစ်ခဲ့သည်။
ထိုသူဌေးသမီးသည် သားသမီးမထွန်းကားခဲ့။ ထို့ကြောင့် အခုအချိန်တွင် တစုံတရာအတွက် တစုံတယောက်ကို လိုအပ်ချိန်တွင် သူတို့သားအမိဆီ ပြန်ကပ်လာခြင်းပင်။သူ့အား ယောက်ျားချင်းထိုးကျွေးကာ အာဏာ ပိုက်ဆံတို့နှင့် လဲလှယ်လို့ရသည့် အရာဝတ္တုတခုလို ဆက်ဆံနေခြင်းပေ။

‟ကျွတ်..."

ခေါင်းအတွင်း နောက်ကျိနေရာမှ သတိဝင်လာသောအခါ မှောင်မဲနေသောအခန်းထဲတွင် သူရောက်ရှိနေသည်။မှောင်မိုက်နေသော်လည်း အခန်းတခုအတွင်း ရောက်ရှိနေခြင်းကို သူခံစားသိရှိလေသည်။

အဲရစ် ရင်ထဲတွင် စူးနင့်နေသော အရှက်ကို ခံစားရမှုသည် မိမိကိုယ်ကို ရွံဖွယ်အတိ။ ဘာလို့ ရှက်နေရသနည်း မသိ။ ခင်ပွန်းတယောက်အလာကို မင်္ဂလာဦးညတွင် စောင့်နေကသော မိန်းမပျိုလေးလိုပင်။ ကြောက်ရွံမှုနှင့်အတူ ရှက်မိသည်ကို ဝန်ခံသည်။

အဲရစ် ဤနေရာတွင် တညလုံးနေပီး ဟိုမျက်နှာဆိုးနှင့် ရက်စက်ကြမ်းကြုတ်သောလူကို အလုပ်အကျွေးပြုစုရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသည်။ထိုလူကြီး စိတ်မကျေနပ်မခြင်း အတက်နိုင်ဆုံးသည်းခံကာ အထွေးပိုက်ခံရန် ဖြစ်သည်။

မဟုတ်ရင် သူ့အဖေဆိုသော သူသည် အဲရစ်မိခင်၏ ဆေးကုသမှုကို ရပ်တန့်လိုက်မည်ပင်။
အဲရစ်သည် ဖခင်ဆိုးရဲ့ ရုပ်သေးကြိုးဆွဲမှု အောက်တွင် ကြိုးဆွဲရာ ကနေခဲ့ရတော့သည်။

အဆုံးမရှိမှောင်မိုက်နေသော အခန်းသည်
ထိတ်လန့် ခြောက်ခြားစေသည်။အဲရစ်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး မကြာခင်မှာပင် သူ့၌ ကြောက်စရာကောင်းသောကိစ္စများ ဖြစ်လာတော့မည်ကို အလိုလိုသိစိတ်က သတိပေးနေခဲ့သည်။

ရုတ်တရပ်! သူ့လည်ပင်းပေါ်ရောက်လာသော
လက်ကြီးတဖက်။

Me and my vampire husbandWhere stories live. Discover now