Part 2 ဟာဒင်စကော့ဒ်(unicode)

259 16 0
                                    

ရုတ်တရပ်! သူ့လည်ပင်းပေါ်ရောက်လာသော လက်ကြီးတဖက်...

လန့်သွားတာကြောင့် အဲရစ်၏ ကိုယ်ပေါ်ရှိ အမွှေးများ ထောင်ကုန်လေသည်။ ကြောက်လန့်မှုကို အသံဖွင့်ထုတ်အော်ချင်ပေမဲ့ အသံသည် လည်ချောင်းဝတွင် တစ်နေပြီး အပြင်သို့ထွက်မလာခဲ့။

‟အဲရစ်တဲ့လား? မင်းက အရသာရှိမဲ့ပုံပဲ”

အသံပြာနဲ့ သူ့နားထဲ ကြားလိုက်ကတဲ့အသံက ရန်လိုနေသလိုလိုပင်။

အဲရစ် ဟိုလူကို ပြူးကျယ်နေသော မျက်လုံးမှာဖြင့် လှည့်ကြည့်မိသည်။ မှောင်မဲနေ၍ မမြင်ရပေမဲ့။ အဲရစ်စိတ်ထဲတွင် ဒီလူက ပတ်ဝန်းကျင်မှာ ကြားနေကျ ကြမ်းကြုပ်တဲ့ သားရဲကြီးပေါ့ ဟူ၍ပင်။

အဲရစ် အရင်ဆုံး စိတ်ကို တင်းပြီး ကြိုးစားကာ အတက်နိုင်ဆုံး အသံငြိမ်ငြိမ်ထား၍ ပြောလိုက်သည်။

‟မစ္စတာ ဟာဒင်စကော့ဒ်လားဗျ”

မေးခွန်းမေးလိုက်ပြီး ပြန်ဖြေရန် မျှော်လင့်မိသော်လဲ အဖြေရောက်မလာဘဲ ထိုလူ့လက်ကြီးသာ ရောက်လာခဲ့သည်။ ထိုလက်ကြီးနှင့် အဲရစ်၏ လည်ပင်းအား သူ့အနားသို့ဆွဲကပ်လိုက်သည်။

‟oh...”

ဟာဒင်စကော့ဒ်၏ အသံမှာ အံ့အားသင့်နေပုံပင်။ အဲရစ်က အေးဆေးတည်ငြိမ်စွာနဲ့ သူ့နာမည်က ခေါ်တာ နှုတ်ဆက်ရဲလိမ့်မည်ဟု ထင်ထားပုံ မပေါ်။

ငြိမ်သက်နေသောလေထုကြောင့် အဲရစ် စကားစလိုက်မိသည်။

‟မစ္စတာ စကော့ဒ်ခင်မျ ကျွန်တော့်ပေါ်က ကြိုးကို စိတ်မရှိရင် ဖြေပေးပါလား။ ဒါမှ ကျွန်တော် ကောင်းကောင်းပြုစုပေးလို့ရမယ် မဟုတ်လား?”

ထိုစကားပြောပြီးချိန်တွင် အဲရစ်သည် မိမိမျက်နှာပေါ်တွင် မီးလောင်နေသလို ခံစားနေကပြီး သူ့နှလုံးသားသည်လည်း အသံကျယ်ကျယ် ခုတ်ပေါက်နေသဖြင့် နှလုံးခုန်နှုန်းကို အတိုင်းသား ကြားနေကသည်။

အဲရစ် ဒီနေရာက ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် အဲရစ်၏ ဖခင်ဆိုးသည် မေ့ဆေးဖြင့် ဖမ်းခေါ်လာကာ ကြိုးတုပ်၍ ထားခဲ့ခြင်းပင်။
ကြိုးဖြင့် တင်းတင်းစည်းနှောင်ခံရခြင်းကြောင့်
အဲရစ်၏ ခန္ဓာကိုယ်မှာ ထုံကျင်နေခဲ့သည်။

အဲရစ်တောင်းဆိုလိုက်သည်ကို ထိုသူလုပ်ပေးမည်မှာ မသေချာလှ။ မည်သို့ပင်ဖြစ်စေ အဲရစ်သည် ထိုသူ အရသာခံနိုင်ရန်အတွက် ပန်းကန်ပြားထဲတွင် ငြိမ်ကာ စောင့်ဆိုင်းနေကသော အသားပြားတော့ မဖြစ်ချင်ပေ။

အမှောင်ထုထဲတွင် ဟာဒင်ရဲ့ ခဏတာ တိတ်ဆိတ်သွားမှုကို အဲရစ် စောင့်ကြည့်နေခဲ့သည်။ ထိုသူ့ကိုသာ ဒေါသထွက်မိစေခဲ့ရင် မိမိမည်သို့လုပ်ရမည်မသိ။

စက္ကန့်ဝက်မျှ အကြာ ဟာဒင်စကော့ဒ်မှ ပြောလာသည်။

‟ဒါဆိုရင်တော့ ငါ့ကိုဘယ်လိုပြုစုမယ်ဆိုတာကို ပြပါဦး အဲရစ်ဂီးဘတ်”

Me and my vampire husbandWhere stories live. Discover now