Part 4 အဲရစ်အသေးလေး (unicode)

266 24 0
                                    

အနှီ ဗန်ပိုင်းယားကြီးသည် လက်တဖက်မြှောက်လာကာ အဲရစ်၏ လက်တဖက်အား ပူးကိုင်လိုက်သည်။ လက်ဖဝါးချင်း ထိမိသည်နှင့် အဲရစ်အား သူ၏ကြီးမားသော ရင်ခွင်အတွင်းဆွဲသွင်းလေသည်။

ဟာဒင်စကော့ဒ်၏ လက်များသည် အဲရစ်ခါးတဝိုက်တွင် တင်ကာ သူ့၏ ပါးပြင်ကို နှာခေါင်းနှင့် ပွတ်တိုက်ဆွဲသွားရင်း လည်ပင်းရှိရာသို့အရောက်တွင် အဲရစ်၏ လည်ပင်းသားမွတ်မွတ်ကလေးအား တလက်လက်ထနေသော မျက်လုံးများနှင့် ကြည့်ကာ ပွတ်သတ်နေသည်။

ဗန်ပိုင်းယားတကောင်အတွက်မူ သွေးသောက်သုံးခြင်းသည် အရေးအကြီးဆုံး အရာနှင့် စွမ်းအင်ကို တည့်တံ့ရှည်ကြာစေရန် အလိုအပ်ဆုံးအရာပင်။ ဗန်ပိုင်းယားများသည် သွေးအားနည်းရောဂါ ကဲ့သို့သော သွေးရောဂါ လက္ခဏာများကို တိုက်ဖျက်နိုင်ရန်အတွက် လူ့သွေးအား သံဓာတ်ကြွယ်ဝသော ဖြည့်စွက်ဆေးအဖြစ် အသုံးပြုကြသည်။

ဟာဒင်သည် ရုတ်တရပ် ကိုက်ဖောက်လိုက်လျှင် ထိုကောင်လေး မိမိအား ကြောက်ရွံ့သွားမည်ကို စိုးသည်။ဘာကြောင့်မှန်းမသိ။ ထိုကောင်လေး၏ မျက်လုံးလှလှလေးထဲမှ ကြောက်လန့်မှုအား မြင်တွေ့ရသည်ကို သူမကြိုက်။

ထိုအချင်းအရာများကိုစဉ်းစားမိသောအခါ ဟာဒင်သည် လည်ပင်းအရေပြားကို သွားနှင့် မထိုးဖောက်ခင် ထိုအနားတဝိုက်အား အနမ်းဖွဖွပေးကာ အသာလေးစုပ်ယူသည်။ ထို့နောက်တွင်ညင်ညင်သာသာလေး ကိုက်ကာ တဖြေးဖြေး သွားများ နစ်ဝင်သထက် ဝင်သွားအောင် အားထည့်လိုက်သည်။

သူ့ရင်ခွင်ထဲရှိ ကောင်လေးမှာ နာကျင်မှုကြောင့်ရုန်းကန်လာသည်။ လက်သီးဆုပ်များနှင့် ရင်ဖက်အား ထုသော်လည်း သွေးအရသာဝင်လာသော သူ့ပါးစပ်မှာ စိတ်နှင့်ထိန်းချုပ် ရပ်တန့်နိုင်ခြင်းမရှိနိုင်တော့။

အဲရစ်မှာ ချွန်ထက်သော ဓားကဲ့သို့ အစွယ်ကြီးက အသားထဲ ထိုးနှစ်စိုက်ထားကာ သွေးများကိုစုပ်ယူနိုင်ရန်အတွက် အဲရစ်၏ လည်ပင်းအသားများအား နှုတ်ခမ်းဖြင့်ကြိတ်ခြင်း၊ ပါးစပ်ဖိအားကို သုံးကာ စုပ်ယူခြင်းတို့ကို ခံစားနေကတာ တွန်းထိုး ရုန်းကန်သော်လည်း အရာမရောက်ခဲ့။

Me and my vampire husbandWhere stories live. Discover now