Part 5 Zawgyi

26 3 0
                                    

Saint တစ်ယောက်သူ့ပေါက်စ ကားမူးတတ်တာနဲ့ပဲ ကားကိုဖြည်းဖြည်းပဲမောင်းလာခဲ့လိုက်တယ် ဖုန်းဆက်ပြီးအခြေအနေပြောပြထားတာမို့ P'New က မနက်ဖြန်တစ်ရက် နားပြီးသဘက်ခါမှရှူတင်စမယ်ပြောထားတာကြောင့်အေးအေးဆေးဆေးသာမောင်းလာလိုက်တာညနေလောက်မှဟိုတယ်ကိုလေသည်။ ဟိုတယ်ရောက်တော့အရင်ရောက်နေတဲ့ P'Chen နဲ့ P'Jyn က တစ်ခန်းယူပြီးအိပ်နေတာမို့ သူတို့နှစ်ယောက်တစ်ခန်းနေလိုက်ရတော့သည်။ P'New ကအခန်းသော့စောင့်ပေးကာသတင်းမေးပြီး သူ့အခန်းပြန်သွားတော့သည်။
Saint : N' အဆင်ပြေရဲ့လား
Perth : ဟုတ် P' ကျွန်တော်အဆင်ပြေပါတယ် P'အဆင်မပြေ‌မှာပဲစိုးတာပါ
Saint : P' ကအဆင်ပြေပါတယ် ဒါဆိုအခန်းထဲသွားကြမယ်
အခန်းထဲရောက်တော့ ခုတင်ကနှစ်ယောက်အိပ်ကုတင်ဖြစ်နေတယ် အဲ့ဒါနဲ့ Saint တစ်ယောက် P'Newကိုဖုန်းဆက်မေးပြီး Perth ကိုမေးလိုက်သည်
Saint : ဖြစ်ရဲ့လား N' နှစ်ယောက်အိပ်တတ်လား အခန်းကလဲစရာမရှိတော့ဘူး VIP ကတစ်ခန်းပဲရတာတဲ့
Perth : P' အဆင်ပြေရင်ရပါတယ်ကျွန်တော်နေတတ်ပါတယ်
Saint : inn ok လေ ဒါဆိုနားရအောင် N' ပင်ပန်းနေပြီ
Perth : ဟုတ် P' လဲနားတော့လေ တစ်လမ်းလုံးကားမောင်းလာတာ အိပ်ချင်နေပြီမဟုတ်လား ပြီးတော့ ကျွန်တော့ကိုရင်းရင်းနှီးနှီး Perth လို့ပဲခေါ်ပါလား
Saint : အင်းကောင်းသားပဲ P' က Perth မကြိုက်မှာစိုးလို့ပါ
Perth : ဟာမဟုတ်တာရပါတယ် ကဲဒါဆိုကျွန်တော်နားတော့မယ်
Saint : ok
Saint တစ်ယောက် Perth နဲ့စကားပြောပြီးကုတင်တစ်ဖက်ကပ်ကာအိပ်ပျော်သွားတော့သည်။
Perth ကတော့တစ်လမ်းလုံးအိပ်လိုက်လာတော့ထပ်အိပ်‌လို့မရတော့တာနဲ့ပစ္စည်းတွေနေရာချကာ ဖုန်းသုံးနေလိုက်သည်။
ညရောက်တော့ ,
Perth နုံးနေတာနဲ့ရေမိုးချိုးလိုက်‌တော့သည်။
Saint တစ်ယောက်ကတော့မနိုးသေး
Perth အဝတ်အစားအကုန်လဲပြီးနာရီကြည့်လိုက်တော့ ည7နာရီထိုးတော့မယ်
Perth POV.
ဗိုက်လဲဆာလာပြီ P'Saint ကလဲမနိုးသေးဘူးနှိုးလိုက်ရင်ကောင်းမလား တ်ယောက်ထဲဆင်းစားရင်ကောကောင်းပါ့မလား ဘာလုပ်ရင်ကောင်းမလဲ ဒါနဲ့ P'Saint က အိပ်နေတဲ့အချိန်မှာတောင်တကယ်ကြည့်ကောင်းတုန်းပဲ
သူစိုက်ကြည့်နေမိတုန်း မထင်မှတ်ပဲ Saint မျက်လုံးပွင့်လာခဲ့တယ်
Saint POV.
ဒီပေါက်စဘာလို့စိုက်ကြည့်နေတာပါလိမ့်
Perth သူခိုးလူမိသွားသလိုနေရထိုင်ရခက်နေလေရဲ့
Perth : ဟို P' နိုးရင်လဲထတော့ဗျာ ရေမိုးချိုးတော့လေ ထမင်းသွားစားဖို့စောင့်နေတာဗိုက်ဆာနေပြီဗျ
Saint : အာ ဟုတ်သားပဲ Sorry N' အခုအမြန်လုပ်လိုက်မယ်နော် 😁😁
Perth လဲဂိမ်းဆော့ရင်းစောင့်နေလိုက်တော့တယ်
Saint : N' ပြီးပြီ သွားရအောင် အရမ်းဆာနေပြီလား
Perth : အင်း သွားမယ်
သူတို့‌ restaurant ရောက်တော့ P'Chen တို့တောင် မူးနေကြပြီ တစ်ရက်အနားပေးထားတော့သောင်းကြမ်းနေလေရဲ့
P'New : Saint တို့ရောက်ပြီလား လာဟိုမှာထိုင်လိုက် ကြိုက်တာထပ်မှာနော်
Saint : ဟုတ် P'
Saint တို့နှစ်ယောက်လဲ ဗိုက်ဆာနေတာနဲ့ ထပ်မမှာတော့ပဲသူတို့မှာပေးထားတာတွေပဲထိုင်စားလိုက်တော့တယ်
စားနေရင်း,
ဟော်တယ်က ဝန်ထမ်းကောင်မလေးက လက်မှတ်ထိုးလာထိုးခိုင်းပြီး ပေါက်စကို ပန်းလေးတစ်ပွင့်ပေးသွားသည်
ပန်းပေးတုန်းက ပေါက်စကြည့်ရတာလန့်‌နေသလိုပဲ
Saint POV.
အခုလိုပန်းပေးခံရတာပထမဆုံးမို့လို့လား   မဟုတ်သေးပါဘူး သူလဲနာမည်ရအဆိုတော်တစ်ယောက်ပဲ ဒါတွေကမဆန်းပါဘူး ဒါဆိုပေါက်စဘာဖြစ်နေတာပါလိမ့်မျက်နှာလဲမကောင်းဘူး
ဟိုကောင်မလေးကလဲပေါင်ပေါ်တက်မထိုင်ရုံတမယ် ဓါတ်ပုံကပ်ရိုက်ပြီးပန်ကြီးအတင်းထိုးပေးသွားလေရဲ့
ကောင်မလေးပြန်သွားပြီး
Saint POV .
Perth ဘာဖြစ်နေတာလဲမသိဘူး ဟိုကုတ်ဒီကုတ်နဲ့ မျက်နှာကလဲခုနလိုမဟုတ်ဘူးရဲတက်လာတယ်ဘာလို့ပါလိမ့်
Saint : Perth! ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား
Perth : ကျွန်တော် အသက်ရှူလို့မရတော့ဘူး
Saint : ဟန် ဘယ်လိုဖြစ်လို့လဲ
Saint တစ်ယောက် Perth နားသွားပြီး ကျောကုန်းကိုသက်ပြီးမေးလိုက်သည်
Saint : Perth အဆင်ပြေရဲ့လား
Perth : ပန်း ပန်း ကိုဝေးဝေးယူသွားပေး ပေးပါ
Saint : P'New P'Jynလာပါအုံး ဒီမှာ Perth အသက်ရှူကြပ်လို့တဲ့မျက်နှာကြီးလဲရဲနေပြီလုပ်ပါအုံး
Saint ထအော်တော့မှ သူ့နားကိုအကုန်ရောက်လာတော့သည်
P'Jyn : Perth ဘယ်လိုဖြစ်တာလဲ
ခုံပေါ်ကပန်းကိုတွေ့ပြီး,
P'Jyn : အာသေစမ်း ဟေ့တစ်ယောက်လောက်ဒီပန်းကိုဝေးဝေးယူသွားလိုက်
Perth က ပန်းဝတ်မှုံအလက်ဂျိတ်ရှိတယ် Perth ပန်းတွေလာပေးရင်မယူပါနဲ့လို့P' အတန်တန်မှာထားရက်နဲ့ကွာ ဆေးဘယ်မှာလဲ
Perth : အခန်းထဲ မှာ
ပြောပြီး သတိမေ့သွားလေရဲ့
Saint : Perth Perth Perth သတိထားအုံးလေ
P'Jyn : လူအရမ်းများနေတော့သူပိုဆိုးသွားတယ်နဲ့တူတယ် Saint သူ့ကိုအခန်းခေါ်သွားလိုက်ပါ ဆေးတိုက်လိုက်ရင် နာရီဝက်အတွင်း ပြန်သတိရလာလိမ့်မယ် P' တို့ဒီမှာပဲနေခဲ့လိုက်မယ် သူကနေမကောင်းရင်အနားမှာလူအများကြီးရှိနေတာသူမကြိုက်ဘူး
Saint : ဟုတ် P' ဒါဆိုကျွန်တော်ခေါ်သွားလိုက်မယ်
Saint တစ်ယောက် Perth ကိုချီကာအခန်းထဲကိုဝင်လာပြီး ကုတင်ပေါ်သေချာတင်ပေးကာ Perth အိပ်ထဲမှဆေးဗူးလေးထုတ်ကာ ဆေးကိုရေနဲ့ရောကာ Perth ပါးစပ်ထည့်ပေးလိုက်သည် လုံးလုံးသတိမေ့နေတာမဟုတ်လို့ဆေးဝင်သွားတာကံကောင်းသည်
ကုတင်ဘေးကိုခုံဆွဲကာဝင်ထိုင်လိုက်ပြီး Perth လက်ကလေးကိုကိုင်ထားလိုက်မိသည်
Saint POV.
ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်အနားမှာရှိရက်နဲ့မင်းဒီလိုဖြစ်သွားတာ မင်းအကြောင်းတွေကိုယ်စုံစမ်းထားသင့်တာ ကိုယ်အသုံးမကျလို့ပါ ဒါနဲ့ ငါဘာလို့ ပေါက်စကိုအရမ်းစိတ်ပူနေရတာလဲ ပေါက်စသာတစ်ခုခုဖြစ်သွားရင်ငါရင်ကွဲမတက်ခံစားရမှာ ဒီခံစားချက်ကြီးကဘာလဲ ပေါက်စနဲ့မတွေ့ရတဲ့ရက်တွေဆိုရင်လဲသူ့ကိုပဲတွေ့ချင်နေမိတယ် သူတစ်ခုခုဖြစ်မှာစိုးရိမ်နေမိတယ် ငါပေါက်စကိုချစ်မိနေတာလား ဟုတ်တယ် ငါချစ်မိနေပြီ ကိုယ်ချစ်မိနေပြီသည်းငယ်ရယ် သည်းငယ် ကိုယ်တောင်မသိလိုက်ပဲ မင်းအတွက်နမ်စားလေးကအသင့်ရှိနေပါလားသည်းငယ်ရယ် မင်းပြုစားလွန်းတယ်ကွာ မြန်မြန်သတိရလာပါတော့ ကိုယ်ရင်တွေပူလှပြီသည်းငယ်ရယ်
😘😘😘😘
ရပ်မယ်နော် updated လေးနောက်ကျနေတာ sorry ပါ ကိုယ် အလုပ်တွေရှုပ်နေလို့ပါ ချစ်တယ်နော် 😍😍😍

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now