Entertainment အတွက်အစည်းအဝေးပြီးနောက်တစ်နေ့ Saint တစ်ယောက် series တစ်ကားရိုက်ဖို့ ချင်းမိုင်ကိုသုံးလကြာသွားခဲ့ရတယ် မင်းသမီးကတော့ Sandi Purk နဲ့ဖြစ်တာမို့ သူတို့နှစ်ယောက်သတင်းတွေကတစ်ဖြည်းဖြည်းပိုကြီးသထက်ကြီးလာခဲ့တယ်။ သုံးလတာရိုက်ကွင်းအပြီး မှာတော့ Entertainment နှစ် နှစ်ပြည့်ပွဲအတွက် သူအမှီပြန်လာခဲ့တော့တယ်။
Show ပွဲက သုံးရက်ဆက်တိုက်ကျင်းပမှာဖြစ်ပြီး တစ်နှစ်ပြည့်ပွဲတုန်းကသူမတက်နိုင်ခဲ့ဘူးလေပြီးတော့ သူတို့ခေါ်မယ်ဆိုတဲ့တေးရေးဆရာ white ဆိုသူရဲ့အသံကိုသူသံသယဝင်မိနေတာကြောင့်လဲပါသည်။သူလူလွှတ်ပြီးစုံစမ်းခိုင်းပင်မဲ့လဲ ဘာသတင်းမှမရခဲ့တာကြောင့်လက်ရှော့လိုက်ရသည်။ ပွဲအတွက်လက်ခံလိုက်ပြီလို့သိရတဲ့နေ့ဘာလို့မှန်းမသိဘူးတော်တော်ပျော်မိသွားတယ်။အခုလဲပွဲပြီးရင်သူ့ကိုသေချာပေါက်သွားမိတ်ဆက်မည်ဟုဆုံးဖြတ်ကာဒီပွဲကိုကြိမ်းသေတက်ရောက်ချင်တာကြောင့်ပထမအဖွင့်နေ့အမှီပွဲတက်ဖို့သူအပြေးပြန်ခဲ့ရသည်။
At show,
ပွဲရောက်တော့ P'Gun တို့ကလဲ ကြိုဆိုကြသည်။ ပွဲစတော့တကယ်ကိုအံ့အားသင့်စရာပင်အားလုံးတော်တော်ပြင်ဆင်ထားကြသည်။ သီချင်းတွေအကတွေကအစ သူအရမ်းသဘောကျမိသည်။ ခဏနေတော့ သူ့နားကို လူတစ်ယောက်ရောက်လာလို့မော့ကြည့်လိုက်တော့
Sandi - congratulations N'Saint
ဟုဆိုကာသူ့ကိုပန်းစည်းလေးလှမ်းပေးကာသူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။
Saint - ကျေးဇူးပါ P'Sandi
P'Sandi ရောက်လာတော့ပရိတ်တစ်ချို့လှုပ်လှုပ်ရွရွဖြစ်သွားတော့သည်။ မတက်နိုင်ပထမထွက်တဲ့သတင်းလဲသူအရေးသိပ်မလုပ်ဖြစ်အခုကလဲ ဇာတ်ကားရိုက်နေရင်းဖြစ်နေတော့လဲဒီသတင်းကဇာတ်ကားပေါက်ဖို့အထောက်အကူတစ်ခုဖြစ်လို့ P'Chen ကလဲငြိမ်နေရန်ပြောထားတာမို့စိတ်ရှုပ်ပင်မဲ့လဲရေလိုက်ငါးလိုက်နေပေးလိုက်တော့တယ်။
Saint အတွေးများနေတုန်း စတိတ်စင် တစ်ခုလုံးအမှောင်ကျသွားကာ Announcer မှ
Announcer - အခုသီဆိုမှာကတော့ ကျွန်မတို့ Moon Entertainment ရဲ့အထူးဧည့်သည်တော် တေးရေး တေးဆို Mr.White ပဲဖြစ်ပါတယ်။ ပရိတ်သက်အားလုံးအသံဆူသွားကြသည်။
ဟုတ်သည်လေ White ဆိုသည့်လူကိုဘယ်သူမှမတွေ့ဖူးခဲ့ဘူးလေ သူကEnglish သီချင်းနဲ့ ထိုင်းသီချင်းကိုအဓိကထားရေးတတ်ပြီးသီချင်းတွေကလဲအရမ်းပေါက်နေတာ သူကိုယ်တိုင်ဆိုခဲ့တဲ့သီချင်းထွက်လာမှထိုင်းလူမျိုးဆိုတာအကုန်သေချာသွားကြတယ် အဲ့သီချင်းကလဲ ထိုင်းတစ်နိုင်ငံလုံးကိုပါဆွဲဆောင်နိုင်ခဲ့တယ်။အဲ့လိုလူကအခုလူကိုယ်တိုင်သီချင်းတက်ဆိုမှာဆိုတော့ ပွဲဆူပြီပေါ့။ ထွက်လာပါပြီသံစဉ်လေး လူကတော့အမှောင်ထဲမှာပဲရှိနေတယ်။
Music
🎶🎶 မင်းနဲ့ပတ်သက်သမျှခံစားချက်
မင်းနဲ့ငါ့ရဲ့အကြောင်းတွေလွှင့်ပစ်လိုက်ပြီ
မင်းကိုဆက်ချစ်ဖို့အတွက်
တင်းထားတဲ့အင်အားတွေ
ငါကိုယ်တိုင်ဖြတ်တောက်ပစ်လိုက်ပြီ
ဒါကနောင်မှမျက်ရည်ကျရတာထက်ပိုကောင်းတယ်မဟုတ်လား
မင်းကိုပေးလိုက်တဲ့ငါ့နှလုံးသား
ငါ့အချစ်တွေပြန်သိမ်းထားတော့မယ်
မင်းအတွက်ငါကြိုးစားခဲ့သမျှ
အရာအားလုံးနဲ့
မင်းနဲ့အတူဆိုတဲ့ငါ့ရဲ့အနာဂတ်အိမ်မတ်တွေ
နှလုံးသားလေးနာကျင်လွန်းလို့ပြန်သိမ်းတော့မယ်
လက်ခံလိုက်စမ်းပါ နှလုံးသားလေးရယ်🎶🎶
ရုတ်တရက်စလိုက်မီးတွေစတင်လင်းလာပြီး သီဆိုသူရှိရာသို့ မီးမောင်းထိုးလိုက်တဲ့အခါမှာတော့ အားလုံးအံ့ဩသွားရတော့သည်။ အံ့ဩမှင်သက်သွားလို့တိတ်ဆိတ်သွားတဲ့အခြေအနေကိုဖြိုခွင်းလိုက်သူက
Girl : အားးးးးးး Perth Perth Tanapon အားးးးး Perth is comeback.
ထိုမိန်းခလေးအသံရဲ့အဆုံးမှာတော့ လူတွေအကုန်လုံးရဲ့ Perth နာမည်ခေါ်သံပြိုင်တူထွက်လာကာ ခန်းမတစ်ခုလုံးဟိန်းထွက်သွားတော့သည်။ အဲ့တော့မှ Saint တစ်ယောက်သတိလက်လွတ်ဖြင့် Perth ဆီကိုသွားရန်ထလိုက်တော့ Sandi ကလက်ကိုပြန်ဆွဲကပြန်ထိုင်ခိုင်းလေသည်။
Saint - P' ဘာလုပ်တာလဲ
P'Sandi - မင်းသွားလို့မရဘူးလေ P' တို့ဇာတ်ကားကထွက်တော့မှာလေ မင်းဒီလိုသွားတွေ့လိုက်ရင် မင်းစာချုပ်ချိုးဖောက်တာပဲ
Saint တစ်ယောက်ဘာမှပြန်မပြောနိုင်သူအရမ်းအံ့ဩနေသည်။အရမ်းလဲဝမ်းသာနေတယ်သူအိမ်မက်မက်နေသလားလို့တောင်တွေးနေမိသည်။သူငူငူကြီးပြန်ထိုင်ကာ Perth သီချင်းဆိုတာကိုသာထိုင်ကြည့်နေမိတော့သည်။
🎶🎶ကိုယ်ကချစ်နေပင်မဲ့
သူကမချစ်တော့တဲ့အခါ
ဆွဲထားတဲ့ကိုယ့်လက်ကိုလွှတ်လိုက်ပြီ
သူ့ကိုထွက်သွားခွင့်ပေးလိုက်တာပဲပိုကောင်းပါတယ်🎶🎶🎶
Saint POV
ငယ်သူ့ရှေ့မှာသီချင်းဆိုနေတယ် ဂီတာလေးကိုယ်တိုင်တီးပြီးသီချင်းဆိုနေတယ် လွမ်းနေရတဲ့ဒီလူသားလေးပိန်သွားလိုက်တာ အရပ်တွေလဲရှည်လာတယ် ဒါပင်မဲ့သူသီချင်းကိုလေးလေးနက်နက်နဲ့ကျွန်တော့ကိုစိုက်ကြည့်ကာဆိုနေတယ် သီချင်းစာသားတွေက စာသားတွေက မဟုတ်ဘူး မဟုတ်ဘူး ငယ်အထင်လွဲနေပြီထင်တယ်
🎶🎶🎶ဒါကဒီလိုနဲ့ပဲအချိန်တန်ရင်
ပြီးဆုံးသွားမှာပါ
ဒီလိုနဲ့နှလုံးသားလေးလဲ
ပြောင်းလဲလာနိုင်မှာပါ
တစ်နေ့နေ့တော့သူဆိုတာ
ရင်ထဲကပျောက်ကွယ်သွားမှာပါ
ဒီနေ့ဒီအချိန်အထိသူ့အပေါ်
ခံစားချက်တွေရှိနေသေးတာဆိုရင်တောင်
ဒီနေ့ဒီအချိန်ထိကိုယ်အသက်ရှူလိုက်တိုင်းမှာ
သူ့ကိုလွမ်းနေပင်မဲ့ပေါ့ 🎶🎶
(Song-လက်လွှတ်ခြင်း
Perth လေးပွဲတစ်ခုမှာဆိုခဲ့တဲ့သီချင်းလေးပါ)
Perth POV
ကျွန်သိခဲ့တယ်ပွဲစကတည်းက ကိုကိုရှိနေတာကို ပထမ တစ်ယောက်ထဲထိုင်နေတဲ့ကိုကို့ ကိုစင်နောက်ကနေ လွမ်းနေခဲ့ရတဲ့မျက်နှာလေးကိုတဝကြီးကြည့်ကာအလွမ်းဖြေနေချိန် P'Sandi ရောက်လာခဲ့သည်။ အားလုံးသိနေခဲ့ပင်မဲ့ တွေ့မြင်ရတော့ပိုသေချာသွားပြီထင်တယ်ကိုကိုရယ် ရက်စက်လိုက်တာဗျာ ကိုကို တော်ရေးဖြစ်ခဲ့တဲ့သီချင်းလေးဆိုဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ် ပွဲစီစဉ်သူကိုခွင့်တောင်းပြီး သီချင်းတက်ဆိုခဲ့တယ် သီချင်းတစ်ပိုဒ်မပြီးခင်မှမီးဖွင့်ဖို့ကျွန်တော်ကိုယ်တိုင်မှာခဲ့တာပေါ့ ကျွန်တော်ပြင်ဆင်ရအုံးမယ်လေ သီချင်းစဆိုကတည်းက ကိုကို့မျက်နှာလေးကိုသာကြည့်ပြီးဆိုနေမိတယ် မီးဖွင့်လာတော့ ကိုကိုအံ့ဩသွားတယ် အားလုံးကျွန်တော့်နာမည်ခေါ်သံတွေဆူညံလာမှကိုကိုထလိုက်တယ် အဲ့တခဏကျွန်တော်ဝမ်းသာသွားမိတာအမှန်ပါ ကိုကိုသာအဲ့အချိန်ကျွန်တော်ဆီလျှောက်လာခဲရင် ကျွန်တော်တကယ်အရာအားလုံးကိုခွင့်လွှတ်မိမှာပဲ ဒါပင်မဲ့ ဖြစ်မလာခဲ့ဘူး P'Sandi ကကိုကို့လက်ကိုလှမ်းကိုင်ပြီးစကားနည်းနည်းပြောလိုက်တော့သူပြန်ထိုင်သွားတယ် အရာအားလုံးပြီးသွားပြီ ဟုတ်တယ် ဒီသီချင်းလေးအတိုင်းပဲကျွန်တော်တကယ် လက်လွှတ်လိုက်ပါပြီဗျာ
🙆🙆🙆🙆🙆🙆
😁😁ရပ်မယ်နော်😘
YOU ARE READING
နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)
Fanfictionကိုယ်သာနေမင်းဆိုမင်းကကိုယ့်အလင်းကြောင့်ထွန်းလင်းအေးမြနေမဲ့လမင်းလေးပါ သည်းငယ် Saint Suppapong ♥️🐉 ကိုကို့ အတွက် ငယ် က ခလေးတစ်ယောက်လိုဖြစ်နေပင်မဲ့ ကိုကို့အပေါ်ကျရောက်လာမယ့်အန္တရာယ်တွေအတွက်တော့ ကျွန်တော်က နတ်ဆိုးတစ်ကောင်ပဲ ကိုကို Perth Tanapo...