နေနဲ့လရဲ့ချစ်ခြင်းအပြိုင် Part 23

157 13 2
                                    

Perth side,
Perrh တစ်ယောက်အလုပ်စဝင်တဲ့နေ့ကနေစပြီးအခုတစ်လပြည့်တော့မယ် အိမ်မပြန်ဖြစ် စရင်းတွေကွာနေတာတွေကမနည်းဘူးလေ အကုန်နီးပါးပဲ ဆောက်လုပ်ရေး project တွေမှာလဲ ခိုထားတာတွေကြောင့်ရှင်းလိုက်ရတဲ့ပြသနာတွေ ၊ shopping center တွေကျပြန်တော့လဲ ငွေအဝင်အထွက်တွေက သန်းနဲ့ချီပြီးကိုကွာနေတာ ၊ အဆိုးဆုံးကတော့ နောက်တစ်ပတ်ဆိုစတော့မယ့် ကိုကိုတို့ S&T ကုမ္ပဏီနဲ့တွဲလုပ်ရမယ့် Project အတွက်အခုချိန်ထိဘယ်သူ့ကိုမှတာဝန်မပေးရသေးတာပဲ P'Gong ကိုမေးလိုက်ရင်လဲသေချာရေရာတာဘာမှမသိရ ကွေ့ဝိုက်ပြီးဘူးခံငြင်း ဟိုမန်နေဂျာလွှဲချ ဒီမန်နေဂျာလွှဲချနှင့် Perth တော်တော်စိတ်ပျက်နေမိသည်။ ရှယ်ယာရှင်တွေကလဲသူမရောက်ခင်ကဖြစ်ပျက်သမျှပြသနာတွေကအစသူလဲရောက်လာရောအကုန်ပြသနာတန်းစီရှာကြတော့တာပဲ တစ်ချို့ကလဲ ရှယ်ယာတွေပြန်ထုတ်မယ်ပေါ့ Perth တစ်ယောက်လူကောစိတ်ကိုတော်တော်ပင်ပန်းနေရတယ် ဒီကြားထဲထမင်းလေးထစားတဲ့အချိန်လေး နားချိန်လေးမှာ ကိုကို့ ကိုအပြေးအလွှားလွမ်းမိနေသေးတယ် သူအရမ်းမွန်းကြပ်နေပြီလေ အားလုံးကိုပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ရင် ကုမ္ပဏီရပ်တည်ဖို့ကျန်တာသူဆက်လုပ်နိုင်ပင်မဲ့ အခုပြသနာတွေရဲ့အရင်းခံဖြစ်တဲ့ P'Gong ကလဲလူရင်းဖြစ်နေတော့ အဖေကလဲ လျှော့ပေါ့စေချင်နေတယ်လေ အဲ့ဒါကြောင့်ကို Perth အတွက်အခက်အခဲဖြစ်နေတာပေါ့ ဒီပုံအတိုင်းဆိုဘယ်လိုမှာအဆင်မပြေနိုင်တော့ဘူးလေ အဲ့ဒါကြောင့်သူ့အဖေနဲ့တိုင်ပင်ပြီး P'Gong ကိုအလုပ်ထုတ်ဖို့စီစဉ်လိုက်တော့သည်။
At Tanapon group,
ရှယ်ယာရှင်များအစည်းအဝေး ကိုခေါ်ပြီးP'Gong ကိုထုတ်ဖို့အတွက် စရင်းလိမ်ထားတဲ့သက်သေတွေစုရတော့သည်။
ရှယ်ယာရှင်အစည်းအဝေးခေါ်လဲခေါ်ရော P'Gong ပျောက်သွားတော့တယ် အားလုံးကိုသက်သေနဲ့တကွအကျိုးအကြောင်းပြောပြီးတိုင်ပင်ကာ ရဲတိုင်တော့အခုဆိုဖမ်းဝရမ်းထုတ်ထားလေပြီ။ P'Gong ကတော့ပျောက်ခြင်းမလှပျောက်နေတော့သည်။ မနက်ဖြန်ဆို Saint တို့ကုမ္ပဏီနဲ့တွဲလုပ်မဲ့ project စပြီမို့ သူကိုယ်တိုင်သာတာဝန်ယူအဖွဲ့ဖွဲ့ပြီး ချင်းမိုင်သို့သွားရတော့သည်။ လုပ်မည့် project က ချင်းမိုင်မှာ hotal ဆောက်လုပ်ဖို့စီမံကိန်းဖြစ်ပေသည်။
. . . . . . . . . . . . . . . . . .
Saint side,
Saint တစ်ယောက်စေ့စပ်ပွဲမတိုင်မီအလုပ်တွေပါးအောင်လုပ်နေရ၍ ကုမ္ပဏီမှာပဲနေဖြစ်တော့သည်။ စေ့စပ်ပွဲကိုတစ်ပတ်အတွင်းစီစဉ်မယ်ပြောနေသော P'Sandi အဖေကြောင့် အရေးကြီးတဲ့ ချင်းမိုင် project ပြီးမှစေ့စပ်ပွဲလုပ်ရန်မနည်းနားချထားရသည်။ P'Sandi ကလဲ ကိုယ်ဝန်သာလွယ်ထားရတယ်အနေအထိုင်မဆင်ချင်ပါ။ ညတိုင်း club တက် bar သွားလုပ်တတ်သည်။ ကိုယ်ဝန်ကိုငဲ့ပြီးဖခင်ဖြစ်သူက အနုပညာအလုပ်တွေနားခိုင်းထားတာမို့သူလွတ်လပ်ရေးရနေတော့သည်။ ပြောလို့လဲမနိုင်တစ်ခါတစ်လေ အိမ်ပြန်မအိပ်တဲ့ရက်‌တွေတောင်ရှိပေသည်။ ကိုယ့်ဘက်ကလဲ ကိုယ့်ချစ်ရသူမဟုတ်တော့လဲသိပ်အာရုံထဲမထားချင် ခလေးအတွက်သာတစ်ခါတစ်လေပြောနေရခြင်းဖြစ်သည်။ စေ့စပ်မယ်ဆိုပြီးအိမ်မှာလာနေမယ်လုပ်နေလို့လဲမနည်းဖြောင်းဖျထားရ‌သည်။ အခုချင်းမိုင် project ကလဲအရေးကြီးတယ် ငယ်တို့ကုမ္ပဏီဘက်မှာလဲ P'Gong ကမရှိတော့ဘူးဆိုတော့ ဘယ်သူလာမလဲမသိ တော်ရုံလူနဲ့လဲအဆင်ပြေမှာမဟုတ်ဟိုဘက်ကလာတဲ့လူအဆင်မပြေရင်သူတို့ဘက်ကလူက strong မှဖြစ်မှာမို့လို့သူကိုယ်တိုင်သာဦးစီးဖို့စီစဉ်လိုက်ပြီး အဖွဲ့ဝင်တွေခေါ်ကာချင်းမိုင်သို့ထွက်ခဲ့တော့သည်။
. . . . . . . . . . .
At ချင်းမိုင်,
ချင်းမိုင်မှာရုံးခွဲကိုယ်စီရှိတာကြောင့် ကိုယ့်ရုံးခွဲမှာပဲရုံးတက်ကာ ဆောက်လုပ်ရေး နေရမှာသာဆုံရန် စီစဉ်ထားကြသည်။ Perth ကတော့လက်တလော အတွင်းရေးမှူးမရှိတာကြောင့်တစ်ယောက်ထဲတိုင်ပတ်နေရတော့သည်။
လုပ်ငန်းခွင်ကိုရောက်တော့နှစ်ဖွဲ့အစည်းအဝေးလုပ်မည့်နေရာမှာတွေ့ကြလေသည်။
Saint : ငယ်!
ရုတ်တရက်တွေ့လိုက်ရတော့အံ့ဩပြီးပါးစပ်ကလွှတ်ခနဲထွက်သွားတာမို့ မနည်းပြန်ထိန်းလိုက်ရသည်။
Perth : ဆာဝဒီခ P'Saint
Saint : ဝဒီ N' မတွေ့တာတောင်ကြာပြီနော် CEO ကိုယ်တိုင်ဦးဆောင်လာတာပဲ
Perth : အင်း အဲ့လိုပဲဖြစ်သွားတယ် ရှေ့လျှောက်ကူညီပေးပါအုံး ကျွန်တော်ကဒီနယ်ပယ်ထဲရောက်တာသိပ်မကြာသေးတော့ P' ကပဲသင်ပြပေးပါအုံး
P'Saint : စိတ်ချပါ ကိုယ်တက်နိုင်သမျှအကောင်းဖြစ်အောင်လုပ်ပေးမှာပါ
နှုတ်ဆက်ပြီးလုပ်ငန်းခွင်အစည်းအဝေးစလိုက်တော့သည်။
Saint POV.
ငယ်အရမ်းပိန်သွားတယ် သိပါတယ်ငယ်တို့ကုမ္ပဏီကအဖြစ်အပျက်တွေ ငယ်အရမ်းပင်ပန်းနေရောပေါ့ ထမင်းကောပုံမှန်စားရဲ့လား အိပ်ချိန်ကောမှန်ရဲ့လား ပိန်သွားလိုက်တာသည်းငယ်ရယ် ငယ့်အပေါ်ဘာထိခိုက်မှုမှမရှိအောင်ကိုယ်‌အဝေးကနေပဲစောင့်ရှောက်ပါ့မယ်ငယ်ရယ်
Perth POV
ကိုကို ကိုယ်တိုင်ရောက်လာတာပဲ မထင်ထားမိဘူး ဒါပင်မဲ့ ကိုကို အရမ်းချောလာတယ် ခန့်တယ်သန့်တယ် အဟိ ကျွန်တော်ကိုယ့်ငချည်ကိုယ်ချည်နေသလိုပဲ ဘာပဲဖြစ်ဖြစ် ကိုကိုအဝေးမှာတောက်ပနေရင်ပဲကျွန်တော်ကျေနပ်ပါပြီ ကိုကိုက ကျွန်တော့်အတွက်တော့နေမင်းကြီးပဲ ကျွန်တော့်ဘဝရဲ့ပျော်ရွှင်မှု ကျွန်တော့်အပြုံးတွေက ကိုကို ကြောင့်သာဖြစ်တည်လာနိုင်တာပါ ဒါပင်မဲ့ကိုကို ကတော့ကျွန်တော် အနားရောက်သွားပြီးထိကိုင်လို့မရနိုင်တဲ့ နေမင်းကြီးပဲ
လုပ်ငန်းခွင်စပြီးသူတို့စစ်ဆေးရေးလှည့်တော့ ဒီနေ့မှစပြီးအထိုင်ချတာမို့ များများစားစားစစ်ဆေးစရာမရှိ ဒီဇိုင်းပိုင်းတွေနဲ့ အစည်းဝေးတွေတောက်ရှောက်ထိုင်ကာဆွေးနွေးနေရသည်။ ဒီလိုနဲ့တပတ်အကြာမှာတော့ ဆောက်လုပ်ရေးပိုင်းတွေငြမ်းဆင်ကအဆောက်အဦး ရုပ်လုံးပေါ်အောင်စနေကြပြီ။
Perth POV.
နေ့လည်ပိုင်းဒီဇိုင်းအဖွဲ့နဲ့အတူကိုကို ပါ ပါလာပြီး လုပ်ငန်းခွင်လာစစ်တာမို့ ကျွန်တော် ဆောက်နေလက်စ ဒုတိယထပ်ကိုသာတက်လာခဲ့တော့သည်။ ဒုတိယအလွှာက ကြမ်းခင်းလောင်းနေတာတစ်ဝက်ပဲပြီးသေးတာမို့ နောက်တစ်ဝက်အတွက်တစ်ဖက်မှာ ကြမ်းခင်းလောင်း‌နေကြသည်။ကျွန်တော်ကတော့ကြမ်းခင်းလောင်းပြီးသားနေရာတစ်ချို့ကိုလိုက်စစ်ကြည့်နေတုန်း အနောက်ကတစ်ယောက်ယောက်လိုက်ကြည့်နေသလိုခံစားရတာမို့ လှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိ အလုပ်သမားတွေကလဲဟိုဘက်အခြမ်းမှာသူတို့အလုပ်သူတို့လုပ်နေကြသည်။ အဲ့အချိန်မှာ အသံကြားလို့လှည့်ကြည့်မိတော့ကျွန်တော့်အနောက်နားက ကြမ်းခင်းချောပြီးသားနေရာမှာတတိယထပ်အတွက်ထောင်ထားတဲ့သံချောင်းတစ်ချို့ ကျွန်တော့်ခေါင်းပေါ်တည့်တည့်သိုပြုတ်ကျလာခဲ့သည်။ ရုတ်တရက်မို့ကျွန်တော်လဲပြူးသာကြည့်နေမိသည်။

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now