Part 6 Zawgyi

33 3 0
                                    

Perth တစ်ယောက်နိုးလာတော့ ,
Perth : P'Saint ကျွန်တော်အဆင်ပြေပါတယ်
Perth POV..
ကျွန်တော့်ကို စိုးရိမ်တကြီးနဲ့ကြည့်နေတဲ့ P'Saint ကြောင့် ကျွန်တော်အဆင်ပြေကြောင်းပြောလိုက်ရသည် အဲ့တော့မှသက်ပျင်းလေချကာ ဆန်ပြုတ်ပန်းကန်လေးလက်ထဲထည့်ပေးတော့သည်။ ဟုတ်သားပဲ ညစာတောင်ပြီးအောင်မှမစားလိုက်ရပဲ
Perth : ကျေးဇူးပါ P'Saint
Saint : အင်း နောက်ဆို ပန်းတွေကိုဝေးဝေးကရှောင် လူကိုစိတ်ပူရအောင်မလုပ်ပါနဲ့နေမကောင်းမဖြစ်ပါနဲ့
Perth : ဗျာ
Perth POV.
ဘယ်လိုကြီးပြောလိုက်တာလဲ  ခုန်ပေါက်နေတဲ့ရင်ထဲကကောင်ပေါက်လေးကို မနည်းထိန်းယူရတော့သည်။
Saint : စားပြီးရင် ဆေးတစ်လုံးထပ်သောက်လိုက်နော် ရော့ ကိုယ် P'New တို့ဆီခဏသွားလိုက်အုံးမယ်
Perth : ဟုတ်
P'Saint ထွက်သွားပြီးသိပ်မကြာပါဘူး ဖုန်းလေးထမြည်လာတော့တယ် contact name လေးကြည့်လိုက်တော့
Perth : အင်းပြောသိရပြီလား
Mark : .........
Perth : ဟင်းးး အင်းပြီးရော အဖေနဲ့ပတ်သက်တဲ့အပိုင်းကတော့ငါကိုယ်တိုင်ပဲမေးလိုက်တော့မယ် bye
ဖုန်းလေးကိုထိုင်ကြည့်ရင်း
Perth POV.
ကျွန်တော်မှန်နေတာပဲ "ကိုကို" ကျွန်တော် P'Saint အနားကိုစရောက်လာကတည်းကဒီအပြုံးတွေ ဒီဂရုစိုက်မှုတွေကိုကျွန်တော်ရင်းနှီးနေခဲ့တာ တစ်နှစ်တာပဲအတူနေခဲ့ရပင်မဲ့ ကျွန်တော်တစ်သက်တာမမေ့ခဲ့ပါဘူးဗျာ "ဖေဖေ့သူငယ်ချင်းရဲ့သား သားကိုကို‌လေ" ဆိုတာကလွဲရင် နာမည်လေးတောင်မသိခဲ့တဲ့ကျွန်တော် ကိုကို့ ကို ရှာမရခဲ့ဘူး ကျွန်တော့်ကိုချစ်တယ်အတွင်တွင်ပြောပြီး တစ်ယောက်ထဲထားခဲ့တဲ့ ကိုကို့ ကိုလဲစိတ်ဆိုးမိသလို ဖေဖေ တို့နဲ့လဲစကားမပြောတာကြာလို့ ကိုကို့ အကြောင်းကိုသူတို့ဆီမမေးချင်ခဲ့ဘူး အခုတော့ကိုကို့ အတွက်ကျွန်တော်သူတို့နဲ့စကားပြောရတော့မယ် ကျွန်တော်သိရမှဖြစ်မယ် ကိုကို့ ကို ဒုက္ခပေးခဲ့တဲ့လူတွေကိုကျွန်တော် ဒီအတိုင်းမထားနိုင်ဘူး ကျွန်တော့်မိဘတွေပါခဲ့တယ်ဆိုရင်တောင် ထိုက်သင့်တဲ့ပြစ်ဒဏ်ခံစားစေရမယ် ကျွန်တော်ကတိပေးပါတယ်ကိုကို ကိုကို့ ကိုနာကျင်အောင်လုပ်ခဲ့တဲ့လူတွေကိုကျွန်တော်ခွင့်မလွှတ်ဘူး
Saint POV.
P'New နဲ့စကားပြောပြီး P'Jyn နဲ့တွေ့လို့ငယ့်အကြောင်းတွေမေးဖြစ်တယ် ကျွန်တော်သိချင်တယ်လေ ငယ် ဘာကြိုက်လဲဆိုတာကအစပေါ့ ဒါပင်မဲ့ ကျွန်တော့အချစ်တွေက မစခင်မှာပဲ အဆုံးသက်သွားခဲ့တာလား ငယ်က ST group ရဲ့ CEO Uncle Tanapon ရဲ့သားတဲ့ ကျွန်တော့် ခေါင်းကိုမိုးကြိုးအတောင့်လိုက်ပစ်ချလိုက်သလိုပဲ
ဒါဆိုငယ်က ကျွန်တော်ငယ်ငယ်ကတည်းကအရိပ်တကြည့်ကြည့်ချစ်ခဲ့ရတဲ့ ဖြူလုံးလေးပေါ့ ကံကြမ္မာကြီးက ဆန်းကြယ်လိုက်တာဗျာ သေချာတာကတော့ကျွန်တော်ဒီတစ်သက်ငယ့်ကိုချစ်တဲ့အကြောင်းဖွင့်မပြောတော့ဘူးဆိုတာပဲ ချစ်ခင်မြတ်နိုးကြောင်းဖွင့်မပြောနိုင်ပင်မဲ့အနားမှာတော့အမြဲရှိနေပေးမှာပါငယ် ကိုယ့်အလင်းရောင်နဲ့မင်းအေးမြစေရပါမယ် ဒီပြသနာတွေကမင်းနဲ့မှမဆိုင်ခဲ့တာ ကိုယ်အပြစ်မပေးရက်ပါဘူးကွာ
အခန်းထဲပြန်ရောက်တော့ စောင်လုံးထဲကွေးကွေးလေအိပ်နေတဲ့ငယ် အပူအပင်ကင်းလိုက်တာဗျာ ဒါပင်မဲ့ ဘာကြောင့် Uncle Tanapon ရဲ့သားဖြစ်နေရတာလဲ သူ့နာမည်မိတ်ဆက်တုန်းကတော့မဟုတ်လောက်ပါဘူးလို့ အပေါ်ယံတွေးခဲ့မိတာအခု နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအထိ နေရာယူပြီးကာမှ ဒီအဖြစ်မှန်ကြီးကို ကိုကို ဘယ်လိုရှောင်လွှဲရပါ့မလဲဖြူလုံးလေးရယ်
Perth ဘေးမှာဝင်လှဲကာ စောင်လေးနဲ့လုံးနေတဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ထားလိုက်ပြီး အလိုက်မသိတဲ့မျက်ရည်တွေကျလာပါတော့တယ် မနက်မိုးလင်းခါနီးမှ Saint အိပ်ပျော်သွားတော့သည် မနက်ရှူတင်တစ်ရက်နားထားသည်မို့တော်သေးသည်
Perth အိပ်ယာနိုးလာတော့ သူ့ကိုတင်းကြပ်စွာဖတ်တွယ်ထားတဲ့လက်တစ်စုံနဲ့ရင်ခွင်နွေးနွေးလေး ကိုကို့ ရင်ခွင်ဘေးကအရင်ကလိုနွေးထွေးတုန်းပဲနော် ကျွန်တော့ကိုအကြာကြီးပစ်ထားခဲ့တဲ့ကိုကို့ ကို အရမ်းစိတ်ဆိုးတယ် အကြာကြီးစိတ်ကောက်ပစ်လိုက်ချင်ပင်မယ့် ကိုကို့အကြောင်းတွေသိရတော့ကျွန်တော်မလုပ်ရက်တော့ပါဘူးဗျာ
ရင်ခွင်ထဲမှထွက်ကာ Saint မျက်နှာလေးကိုသေချာကြည့်ပြီးတိုးတိုးလေးပြောလိုက်တာက
" ကိုကို့ အတွက်တရားမျှတမှုရစေရမယ်"တဲ့
At Tanapon အိမ်တော် ,
P'Gong : ဆရာ ဖြူလုံးလေးက Mr.Suppapong တို့အကြောင်းစုံစမ်းနေတယ်တဲ့
Mr.Tanapon : ဟင်းးး ဒီလိုနေ့ တစ်ရက်တော့ရောက်လာမယ်ဆိုတာကြိုသိပြီးသားပဲ ဒါနဲ့ Saint လေးအသက်ဘယ်လောက်ရှိပြီလဲ
P'Gong : နောက်လဆို 23 နှစ် ပြည့်ပါပြီ
Mr.Tanapon : နောက်ထပ် 2 နှစ်လောက်ပဲ မသိချင်ယောင်ဆောင်ပေးထားလို့မရဘူးလားသားရယ် ဟူးးးးး
✌️✌️✌️✌️
ဒီလောက်နဲ့ပဲရပ်မယ်နော်နောက်တစ်ပိုင်းမှာ Perth ရဲ့မိသားစုအကြောင်းနဲ့ နောက်ကြောင်းပြန်ပေးချင်လို့ပါ 😁 🙆🙆

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now