Part 7

291 38 9
                                    

Unicode

လေယာဉ်ဆိုက်လို့ လေယာဉ်ပေါ်မှဆင်းကာ အမိမြေပေါ် ရပ်မိသည်နှင့် မျက်ဝန်းထဲမှာ လွန်ခဲ့သော အတိတ်က ပုံရိပ်တွေ ပြန်မြင်လာသည်။ ပူဆွေးသောကတွေနဲ့အတူ မိသားစုလေးတစ်ခု တရုတ်ကို ထွက်ခွာခဲ့သော ပုံရိပ်။ တစ်ဦးတည်းသော နှစ်ယောက်မရှိသော ‌အချစ်ရဆုံးသော သွေးသား ကိုကို့ကို တစ်သက်စာ ဆုံးရှုံးခဲ့ရပီး အငိုမျက်ရည်မရပ်တန့်နိုင်ခဲ့သော ကောင်လေးတစ်ယောက်။

မိခင်ဖြစ်သူမှာလည်း သူမ စောင့်ရှောက်မှု ညံ့ဖျင်းလို့ဖြစ်ခဲ့တာ ဆိုတဲ့ စိတ်ဝေဒနာ ခံစားမှုကြောင့် အစာမစားနိုင် ပုံမှန်အသိစိတ်မကပ်နိုင် စိတ်လွတ်ပီး သတ်သေဖို့ကြိုးစားမှုတွေတောင် ဖြစ်ခဲ့ရသည်။

ဆေးရုံမှာ တစ်နှစ်တိတိ စိတ်ကျန်းမာရေးပြန်ကောင်းဖို့ ကုသနေခဲ့ရတဲ့ မေမေ့ကိုကြည့်ရင်း ဘေးမှာ စိုးရိမ်ပူပန်မှုတွေ ဝမ်းနည်းငိုကြွေးမှုတွေနဲ့ ရပ်နေခဲ့တဲ့ကောင်လေးပုံရိပ်။

လွမ်းတယ် ကိုကို ကျွန်တော် လွမ်းတယ် သတိရတယ်။ ကျွန်တော်တို့မိသားစုကို ခုလိုဖြစ်စေခဲ့တဲ့တရားခံ Park Chanyeol ဆိုတဲ့ ခင်ဗျားကို ကျွန်တော် ဘယ်လို ကလဲ့စားချေပြမလဲဆိုတာ စောင့်ကြည့်လိုက်။ ခင်ဗျားဘဝစုတ်ပြတ်သပ်ပီး တဖြည်းဖြည်းချင်းသေဆုံးသွားအောင် လုပ်ပြမယ်။ ကျလာတဲ့မျက်ရည်ကို ခပ်ကြမ်းကြမ်း ပွတ်သုတ်ပီးနောက် ထိုနေရာမှထွက်လာခဲ့သည်။

လာကြိုနေကြသူများထဲမှ မိမိနာမည်ကတ်ပြားကိုင်ထားသောသူကို တွေ့ပီးနောက် နှုတ်ဆက်ကာ ကားပေါ်အထုတ်တွေတင် ထွက်လာခဲ့သည်။

လေးနှစ်ကြာသွားပီနောက် ပိုတိုးတက်လာသော အမိနိုင်ငံအား ကားပြတင်းမှတဆင့် ငေးနေမိတာ ဘယ်လောက်ကြာသွားသည်မသိ လာကြိုသူဦးလေးကြီးအသံကြာမှ သတိပြန်ကပ်လာသည်။

"ရောက်ပီ လူလေး "

ဦးလေးစကားကြောင့် ကားပေါ်မှ ဆင်းကာ မိမိနေရမည့်တိုက်ခန်းရှိရာ အဆောက်အဦးကြီးကို မော့ကြည့်လိုက်သည်။
အထပ် 12 ထပ်ပါသော အဆောက်အဦးကြီးမှာ ထည်ဝါ ခန့်ညားလှသည်။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Feb 01, 2021 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

Unfavorable Encounter (Uni & Zawgyi)Wo Geschichten leben. Entdecke jetzt