Part 2

326 50 23
                                    

Unicode

ဒီနေ့ဟာ ကျွန်တော့်အချစ်ရဆုံးသူဖြစ်သော မေမေရဲ့မောင် ကျွန်တော့်ဦးငယ် ဆုံးပါးခဲ့တာ ၃ နှစ် ပြည့်သောနေ့ ဖြစ်သည်။ ထိုကြောင့် ကျောင်းမသွားပဲ ဒရိုင်ဘာကို  ဦးငယ်အုတ်ဂူဆီ မောင်းခိုင်းခဲ့သည်။ ဒီလိုနေ့မျိုးမှာ စောစီးလာရောက်ကာ  သန့်ရှင်းရေးလုပ်ပေးနေကျဖြစ်သည်။ အခုလည်း မြက်ပင်ပေါက်လေးတွေနဲ့ အခြားသော အပင်လေးတွေကို ဖယ်ရှားကာ ရှင်းပေး‌လိုက်သည်။ တစ်နှစ်မှ တစ်ခါသာ လာဂါရဝပြုဖြစ်တာမို့ ဦးငယ်အုတ်ဂူလေးဟာ အပင်တွေနဲ့ရှုပ်နေခဲ့သည်။

ထို့နောက် ပါလာသော ဝိုင်ပုလင်းနဲ့ပန်းစည်းကိုထုတ်ကာအုတ်ဂူရှေ့ချလိုက်ပီး မိမိပါ တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။

"ဦးငယ် တစ်ယောက်တည်း ပျင်းနေပီလား ဒီကြားထဲမှာကျွန်တော်မလာဖြစ်တဲ့အတွက်တောင်းပန်ပါတယ် " ဟု ဦးငယ်ဓာတ်ပုံကို စိုက်ကြည့်မိပီး တီးတိုး‌ရေရွတ်ကာ တောင်းပန်လိုက်သည်။

ကျွန်တော့်ရဲ့ဦးငယ်ဆိုပေမဲ့ အသက်က ၈ နှစ်ပဲကွာတာမို့ အစ်ကိုကြီးနဲ့ ညီ‌ငယ်လေးသဖွယ် နေခဲ့ကြသည်။ ဦးငယ်ဆုံးသွားတော့ ဦးငယ်အသက်က၂၁ သာရှိသေးသည်။ ကျွန်တော့်အသက်က‌တော့ ၁၃ နှစ်ပေါ့။ ကျွန်တော် အလယ်တန်းနှစ် ဦးငယ်ကတော့  တက္ကသိုလ်နောက်ဆုံးနှစ် တကယ့်အရွယ်အချိန်ကောင်းမှာ မသေသင့်ပဲ သေဆုံးခဲ့ရခြင်း။ ထိုအကြောင်းကို ပြန်တွေးမိတော့ မျက်ရည်အလိုလိုဝဲတက်လာပြန်သည်။

'ကျွန်‌တော်ချစ်တဲ့ဦးငယ် ဦးငယ်သေဆုံးရမှုအတွက် တရားခံကို ရှာပီး ကလဲ့စားချေဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ အခုချိန်မှာ ကျွန်တော်ငယ်နေသေးလို့ ဘာမှလုပ်မရဘူး။ ဦးငယ်ကို ကိုယ်စိတ်နှစ်ပါးလုံး စိတ်ဆင်းရဲအောင်လုပ်ပီး သေအောင်သတ်ပစ်ခဲ့တဲ့ အဲ့လူ့မျက်နှာကို ကျွန်တော်ဒီတစ်သက်မမေ့ဘူး ဦးငယ်။ ဦးငယ်ခံစားရတာထက် အဆပေါင်းများစွာ အဲ့လူ ခံစားစေရမယ်' ဟု ဦးငယ်ကို တိုင်တည်ကာ ကြိမ်းဝါးမိသည်။

ကျွန်တော့်လို တစ်ဦးတည်းသော သားတစ်ယောက်အတွက် ဦးငယ်ကပဲ အဖော်ဖြစ်ခဲ့သည်။ ကျွန်တော့်ကို အလိုလိုက်ရုံသာမက ကျွန်တော့်စိတ်ကိုနားလည်ပေးနိုင်ဆုံး သက်တူရွယ်တူသူငယ်ချင်းသဖွယ် ပေါင်းသည်။ ထို့ကြောင့် ကျွန်တော် ဦးငယ်ကို သိပ်ချစ်သည် ယုတ်အစွဆုံး မေမေ့ထက်ပင်ပိုချစ်သည်။

Unfavorable Encounter (Uni & Zawgyi)Tempat cerita menjadi hidup. Temukan sekarang