Part 3

320 51 22
                                    

Unicode

မနေ့ကတည်းက ပျောက်သွားသော Baekhyun သည် ကျောင်းဆင်းချိန်ထိ ပြန်မလာခဲ့။ ကျွန်တော် Chanyeol နဲ့စကားများနေရာမှ သူ့နောက်ပြေးလိုက်ခဲ့သော်လည်း မမီတော့ ဘယ်ကိုထွက်သွားမှန်းမသိလိုက်။ သူ့လွယ်အိတ်က အတန်းထဲကျန်ခဲ့တာမို့ ပြန်လာယူကောင်းပါရဲ့ဟု တွေးမိကာ ကျောင်းဆင်းလို့ ကျောင်းသားကျောင်းသူ အားလုံး ပြန်သွားကြသည်အထိ ကျွန်တော်မပြန်ပဲ စောင့်နေခဲ့သည်။

ကျွန်တော့်ပယောဂ မကင်းခဲ့သည်ကြောင့် ကျွန်တော့်ကို ကျွန်တော် အကြိမ်ကြိမ်အပြစ်တင်မိသည်။ ကျွန်တော့်ကြောင့် သူခဗျာ မလုပ်ချင်ပါပဲနဲ့
လုပ်ခဲ့ရခြင်းသာ။ ကျွန်တော်သာ တွန်းအားမပေးခဲ့ရင် အခုလိုဖြစ်လာစရာ အကြောင်းမရှိ ဘယ်မှာများသွားပီ တစ်ယောက်တည်းကြိတ်ငိုနေရှာမလဲ။

Park Chanyeol ဆိုတဲ့ကောင်ဟာ ဘာကြောင့်များ Gay တွေအပေါ် အဲ့လောက်တောင် ရွံရှာမုန်းတီးနေလဲမသိ။ သူပြောလိုက်တဲ့စကားတွေဟာ တစ်ဖက်သားအပေါ် ရက်စက်လွန်းလှသည် လူသားချင်းစာနာစိတ်မရှိတဲ့အကောင်။ ရှေးကုသိုလ်ကြောင့် ဒီဘဝမှာ အရာရာပြည့်စုံနေပေမဲ့ မင်းလည်းဝဋ်လည်ပါစေ။ ဒေါသကြောင့် မိမိရှေ့မှ စားပွဲကို လက်သီးနဲ့ဆက်တိုက်ထိုးချလိုက်သည်။

"ရားး သေစမ်း မင်း သေစမ်း ငါ့သူငယ်ချင်းတစ်ခုခုဖြစ်လို့ကတော့ မင်းကို အရှင်မထားဘူး" ဟု ရေရွတ်ကာ ကြုံးဝါးမိသည်။

မဖြစ်သေးပါဘူး Baekhyun ကို ဆက်သွယ်ရမှ ဖြစ်မှာ။
Baekhyun အား ဖုန်းထပ်ခေါ်ကြည့်လိုက်သည်။ စက်ပိတ်ထားသည်သာ ကြုံရသည်။ တဖြည်းဖြည်း ညနေမှောင်စပျိုးနေပီမို့ သူမ‌လာလောက်တော့ဘူးထင် မနက်ဖြန်လည်း ကျောင်းလာပါ့မလား။ မဖြစ်ဘူး မနက်ဖြန် သူ့အိမ်ကိုလိုက်သွားကြည့်မှ ဖြစ်မယ်။

အခုတော့ ကျွန်တော့်အိမ်က ကျွန်တော်ပြန်မလာသေး‌တာကြောင့် ဖုန်းတွေခဏခဏဆက်နေပီမို့ ပြန်လာခဲ့လိုက်သည်။

×××××××××××××××××××××××

မျက်နှာမကောင်းပဲ ပြန်လာတဲ့ ကျွန်တော့်အား မေမေက နဖူးစမ်းကာ

"သားလေး ပြန်လာတာနောက်ကျတယ်နော် မျက်နှာလည်းမကောင်းဘူး နေ‌‌မ‌ကောင်းဘူးလား" ဟု မေးလာသည်။

Unfavorable Encounter (Uni & Zawgyi)Donde viven las historias. Descúbrelo ahora