Part 5

272 50 16
                                    

Unicode

Baek ရဲ့ ဈာပနာပွဲ မှာ ကျွန်တော်တို့ကျောင်းက ကျောင်းသားကျောင်းသူ အနည်းငယ်နှင့် အန်တီ့လုပ်ဖော်ကိုင်ဖက် အချို့သာ လာကြသည်။

မိသားစုဝင်မရှိ တစ်ယောက်တည်း ဝမ်းနည်းပက်လက်ခံစား‌နေသော အန်တီ့ကိုကြည့်ပီး အားလုံးစိတ်မကောင်းနိုင်ကြ။ ကျွန်တော့်မေမေမှာလည်း အန်တီ့ပခုံးကို ဖွဖွပုတ်ပေးလျက် နှစ်သိမ့်ပေးနေသည်။ ဓာတ်ပုံထဲက Baek ကတော့ သူမဟုတ်လေဟန် မျက်‌လုံးများမှေးသည်အထိ ပြုံးနေခဲ့သည်။

ဧည့်သည်ဝိုင်း တစ်ဝိုင်းကို ဆိုဂျူးနဲ့အမြည်းများ ချပေးပီးနောက် Baek ဓာတ်ပုံရှေ့ ထိုင်ကာ အသံတိတ်ငိုရှိုက်နေသည့်အန်တီ ဘေးမှာ ဝင်ထိုင်လိုက်သည်။

ထိုစဉ်

"ကျွန်တော့်သားလေး ဘယ်မှာလဲ"

"သား ကိုကိုရော" ဟူသော အသံတို့ဖြင့် လူလတ်ပိုင်းအရွယ်လူကြီးတစ်ဦးနှင့် ကျွန်တော့်ထက်ငယ်ပုံရသော ကောင်လေးတို့ အမောတကော ပြေးဝင်လာကြသည်။

အားလုံးဟာ အံဩသလို ထိုနှစ်ယောက်ကို ဝိုင်းကြည့်နေကြသည်။ သူတို့နည်းတူ ကျွန်တော်နဲ့‌ မေမေလည်း အသံလာရာလှည့်ကြည့်မိသည်။

ထို့နောက် Baek ဓာတ်ပုံရှေ့ဝယ် နှစ်ယောက်သားရပ်လိုက်ကြကာ Baek ဓာတ်ပုံကို စိုက်ကြည့်ပီး

"မဖြစ်နိုင်ဘူး ဖေဖေ ဒါ သားကိုကို မဟုတ်ဘူး" ဟု ကောင်လေးမှ ခေါင်းကိုရမ်းကာ မယုံနိုင်ကြောင်း လက်မခံနိုင်ကြောင်း မျက်ဝန်းများဖြင့် ငြင်းဆိုနေသည်။ ထိုအသံ‌ကြောင့် အန်တီက ရှိုက်ကြီးတငင်ငိုနေရာမှ ထလာကာ

"သား သားငယ် လေး မို့လား" ဟူသော မျှော်လင့်တကြီးအသံနှင့်အတူ ထိုကောင်လေးလက်နှစ်ဖက်ကို ဆွဲယူကာ မေးလိုက်သည်။

"မေမေ" ထိုကောင်လေးထံမှ စကားကြောင့် Baek ပြောပြဖူးသည့် သူ့ညီလေးဆိုတာ သိလိုက်ရသည်။ Baek လိုပင် ဖြူဖြူသွယ်သွယ်ထိုကောင်လေးဟာ အချောလေးပင်။

"မိန်းမ"

သားအမိနှစ်ယောက်ဖက်နေရာမှ အန်တီက ဘေးက လူကြီးထံ အကြည့်ရောက်သွားပီး

Unfavorable Encounter (Uni & Zawgyi)Donde viven las historias. Descúbrelo ahora