ခွဲစိတ်ပြီး 1 ရက်မြောက်နေ့....
Renjun ရဲ့ နံဘေးက တစ်ဖဝါးမှ မခွဲပဲ မစားမသောက် တစ်နေ့လုံး Renjun ရဲ့လက်ကိုကိုင်ကာ တစ်စိမ့်စိမ့်ကြည့်နေတဲ့ Jaemin.
Haechan နဲ့ Jisung ရဲ့ ဖြောင်းဖျမှု တွေသည်လဲ နားထဲ မ၀င် ၊ ဘယ်လိုမှပြောမရသည့်အဆုံး လက်လျော့လိုက်ရသည်။
2 ရက်မြောက်နေ့....
ပထမ နေ့ အတိုင်း မထူးခြားစွာ Renjun ရဲ့ လက်တစ်ဖက်ကို ကိုင်ပြီး တစ်ယောက်တည်းစကားတွေပြောနေပြန်သည်။
3 ရက်မြောက်နေ့....
အရင်နေ့တွေကအတိုင်း နေမြဲတိုင်းနေနေသည်မို့ ၊
ဒီပုံစံအတိုင်းဆက်သွားလျှင် Na Jaemin တစ်ယောက် လဲသွားတော့မည်။ Renjun မနိုးလာခင် သူလဲတော့မဲ့ အနေအထားဖြစ်နေပြီမို့ Mark ကိုယ်တိုင်၀င် ပြောမိသည်။“jaemin ahh တစ်ခုခု စားပါလားကွာ။ ဒီပုံစံအတိုင်း ဆက်နေရင် မင်းလဲသွားလိမ့်မယ်။ မင်းအခုလိုလုပ်နေတာ Renjunie သိရင်လဲ ကြိုက်မှာမဟုတ်ဘူး။”
“ငါမစားဘူးနိုင်ဘူး Mark။ Renjun ကိုယ်တိုင်ချက်ကြွေးမှ Renjun ကိုယ်တိုင် ထပြောမှငါစားနိုင်မယ်။သူဒီလို လဲလျောင်းနေရတဲ့ အချိန် မှာ ငါစားလို့၀င်ပါ့မလားကွာ။”
“မင်းဒီလိုလုပ်နေတာကို RenJunသိရင်
ကြိုက်မယ်လို့မင်းထင်နေတာလား။ မင်းအငတ်နေပြီး သူ့ဘေးထိုင်စောင့်ရင်း တစ်ခုခုဖြစ်သွားမှာကို သူကပျော်မယ်ထင်နေတာလား။ မင်းနေမကောင်းဖြစ်မှာကို သူကအစိုးရိမ်ဆုံးဆိုတာမင်းအသိဆုံးပါ NaJaeMin ရယ်။”အရူးတစ်ယောက်လို ဖြစ်နေတဲ့Jaeminကိုကြည့်ရင်း
သက်ပြင်းသာချမိတယ်။ ချစ်ရဲ့သားနဲ့အစတည်းကမင်းဘာလို့ဒီကိစ္စတွေဖြစ်မလာအောင် မတားဆီးခဲ့လဲ။"မင်းခံစားချက်ကို ငါနားမလည်လို့
ပြောနေတာမဟုတ်ဘူးလေ Jaemin ရာ။
မင်းအစာကောင်းကောင်းစားမှ သူနိုးလာတဲ့အခါ
မင်းသူ့အနားမှာစောက်ရှောက်ပေးလို့ရမှာပေါ့။
မင်းကမစားမသောက် နဲ့ သူ့အနားမှာနေရင်း လဲကျသွားတဲ့ပုံစံကို Renjunie နိုးလာတဲ့အချိန်မှာ မင်းကမြင်စေချင်လို့လား။ "

YOU ARE READING
Salvia
FanfictionZawGyi *Red Salvia ရဲ့ အဓိပ္ပာယ်က"Forever Mine" တဲ့ ကိုယ်ဘာကိုဆိုလိုချင်မှန်း မင်းသိမှာပါ။* Unicode *Red Salvia ရဲ့ အဓိပ္ပာယ်က "Forever Mine" တဲ့ ကိုယ်ဘာကို ဆိုလိုမှန်းမင်းသိမှာပါ။*