Salvia (EP 3)

323 50 3
                                    

အိပ်ပျော်ယုံပဲရှိသေးတယ် ဖုန်းက ထမည်ပြန်ပြီ။ မကိုင်ဖို့လုပ်လိုက်ပေမယ့် Jaemin များလားသိတဲ့ စိတ်နဲ့ ကိုင်လိုက်ပြန်တာ

"Hello"

"...."

"Omm Jisung ပြော"

"...."

"ဘာ!! အေးအေးငါလာခဲ့မယ်စောင့်နေ"

Jaemin မူးနေလိူ့ဆိုတဲ့ စကားက သူ့ကို​တော်တော်လေး အံသြ သွားစေတယ် Na Jaemin ဆိုတာ ဘယ်လောက်သောက်သောက်မူးမယ့်သူမှ မဟုတ်တာ။ဘာလို့ဒီလောက်အထိ မူးအောင်သောက်လဲ သူမတွေးတက်တော့ဘူး။

အတွေးကိုလက်စ သတ်ပြီး jaemin ရှိရာကို နီးစပ်ရာ ကုတ်တစ်ထည်နဲ့ ကားသော့ ယူပြီး ထွက်လာခဲ့လိုက်တယ်။

ဆိုလ်းမြို့လမ်းမပေါ်မှာ ကားလေး တစ်စီးဟာ အခြားကားတွေနှင့်ယှဥ်လျှင်ပိုပြေးနေသယောင်ယောင်။
မောင်းနှင်သူရဲ့ ချစ်ရသူအ​ပေါ် ပူပင်သည့်စိတ်နှင့်အတူ အမြန်ရောက်ချင်တဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးနေလေရဲ့။

စိတ်ရဲ့ အလိုဆန္ဒကြောင့်လားတော့ မသိ နာရီ၀က် မောင်းနှင်ရမယ့် ‌ခရီးဟာ ဆယ့်ငါးမိနစ်နဲ့ ရောက်လာခဲ့သည်။

Club ဆိုတဲ့အရာဟာ Renjun သူ့အတွက်တော့ အမေ မွေး ကတည်းက မသွားချင်သော နေရာပင်။လူများ၍ မနေတက်သည်က တစ်ကြောင်း သူကိုယ်တိုင် မကြိုက်သည်က တစ်ကြောင်း မသွားချင်ခဲ့တာ။
သိုပေမယ့် ချစ်ရသူကြောင့် ဒုတိယ အကြိမ် မြောက်ရောက်လာမိပြန်ပြီ။

အထက်တန်းစားတွေ‌သာ လာသော club ဖြစ်တာကြောင့်
လူသိပ်မများပေမယ့် ခဏလေး နဲ့ သူ့က‌တော့
ပြေးထွက်သွားချင်‌စိတ်ပေါက်‌ပါသည်။ သိုပေမယ့် မောင့် ကိုရှာရဦးမယ် ‌ဒီလူအုပ်ကြားထဲ မှာ မောင့်ကိုရှာ ဖို့ဆိုတာ တကယ်မလွယ်ဘူး။

ဒုန်း!!! အား.....

ရုတ်တရက် ဟိန်းထွက်လာသော ထိုအသံနှင့် လူအုပ်ကြီး ရဲ့ အော်
သံ ဟာ သူ့ကို ကြောက်လန့်သွားစေတယ်။ထိုအချိန် တောင့်တမိတာ မောင်။ ကြောက်ကြောက်နှင့်ပင် မောင့်ကိုရှာနေရင်း ရုတ်တရက်ကြားလိုက်ရတဲ့ အသံက သူ့ကို တစ်ဖန် မှင်သတ်သွားစေပြန်တယ်။

SalviaWhere stories live. Discover now