Salvia (Ep 2)

396 56 2
                                    

*Renjun mind*

jaemin ရဲ့ စကားတွေကိုရင်မဆိုင်နိုင်တော့လို့ ထို နေရာကနေပြေးထွက်လာမိတယ်။ ဆက်နေရင် ပိုဆိုးကုန်တော့မယ်ဆိုတာ သိနေတာကြောင့်ရော Na Jaemin ကို ဒေါ်သထွက်တာကြောင့်ရော ပေါ့။

Na Jaemin ဟာလေ အမြဲတမ်းတစ်စွတ်ထိုး လုပ်တက်တာ သူမှန်တယ်ထင်ရင် ဘာကိုမှဂရုမစိုက်။
အခုလည်း နေမကောင်းပါဘူးလိုပြောတာတောင်တစ်ချက်စိတ်ပူမယ်မရှိဘူး သူပြောချင်ရာပြောပြီး လူကိုစွပ်စွဲဖို့ပဲ သိတယ်။ ည​နေကကိစ္စကို သူအထင်လွဲနေမှန်းသိပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် Huang Renjun. ဆိုတာ NaJaemin အပိုင်မှန်းလူတိုင်းသိနေတာကိုသူအသိဆုံး။ ဒါတောင်စွပ်စွဲနေသေးတာ။ စွပ်စွဲတာလဲ ကျန်တဲ့သူနဲ့ မဟုတ် သူ့ရဲ့ အမေတူ အဖေကွဲ lee Jeno နဲ့။ ဒီလူသားက သူမှမဟုတ်ရင်မဖြစ်ဘူးဆိုတာမသိလေရော့လား။

"ငါက မင်းဖန်တီးထားတဲ့ လှောင်အိမ်ထဲက ငှက်လေးတစ်ကောင်ပါ မောင်ရာ။မင်းမဟုတ်တဲ့ အခြားသူရင်ခွင်ကို ပျံသန်းခွင့်ရှိပါ့မလား။....ငါမှာမင်းကလွဲလို့မရှိပါဘူးကွာ မင်းထင်သလိုမဟုတ်ပါဘူး။"

ပြောရင်း မျက်၀န်းထဲက ကြွေကျသွားသော ပုလဲလေးတွေကတော့
ချစ်သောသူရဲ့ ကောက်ယူမှုကို မရရှိလိုက်ပြန်ဘူး။

"မင်းငါငိုတိုင်း မျက်ရည်မသုတ်ပေးခဲ့ဖူးဘူးနော် မောင်။Hak."

Flashback Start.

"Haechan na!!"

"Wae Injunie"

"ငါဒီနေ့ ကျောင်းဆင်းရင် ဂေဟာ မလိုက်တော့ဘူး"

"ဘာလို့လဲ မင်းပဲမနေ့ကလိုက်မယ်ဆို"

"ငါမနေ့က ကျောင်းဆင်းတော့ jaemin ခေါ်လို့သွားရင်း မိုးမိသွားလို့ ငါဖျားနေတယ်။"

"မှန်းစမ်း..."

ပြောရင်းနဲ့ နှဖူးပေါ်လက်ရောက်လာတာက Chenle.

"အေးတကယ်ပူနေတာပဲ...ဆေးသောက်လာလား...ရလား...ကျောင်းဆင်းရင် ငါတို့လိုက်ခဲ့ရမလား...တစ်ယောက်တည်းဖြစ်လား..."

"ရပါတယ်ကွာ...အိမ်ပြန်ပြီးကွေးနေလိုက်ရင်ဖြစ်တယ်။မနက်လောက်ဆို​ပျောက်သွားမှာ။"

SalviaWhere stories live. Discover now