[Zawgyi]
မနက်ခင်းရောက်လို့ နေခြည်နုနုတို့က အခန်းတွင်းပြန့်ကြဲလျက်
ကုတင်ထက်က လူသားသည်လည်း
လူးလွန့်လို့ နိုးထလာခဲ့လေပြီဖြစ်သည် ...မနက်တိုင်း မျက်စိ၂လုံးပွင့်ရင် မြင်ရတတ်တဲ့
စိတ်ရှုပ်စရာ မျက်နှာဖောင်းဖောင်းလေးအား အခုမမြင်တွေ့ရတော့
Taehyung ရဲ့ မနက်ခင်းလေးကပိုလို့သာယာနေသယောင်...လုပ်စရာရှိတာလုပ်ပြီး အောက်ထပ်ဆင်းလာတော့
ဧည့်ခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ JiminHoodie အဝါရောင်အပွကြီးကို အားကစားဘောင်းဘီအရှည်နဲ့
ဝတ်ဆင်ထားပြီး ဘေးပတ်လည် စာရင်းစာရွက်တွေကြား
နစ်နေတဲ့ ထိုကောင်လေးရဲ့ပုံစံကို
အရင်လိုစိတ်မျိုးနဲ့ဆိုရင်တော့ ချစ်စရာကောင်းလိုက်လေခြင်း ဆိုပြီး
ထွေးပွေ့မိမှာအမှန် ...ရေခဲသေတ္တာထဲက နို့အေးတစ်ဗူးယူပြီး အပေါ်ပြန်တက်ခဲ့လိုက်သည်
ထမင်းစားပွဲပေါ်ကမနက်စာလေးနဲ့ ကြည်ပြာရောင်မျက်ဝန်းတစ်စုံကို
လျစ်လျူရှု ပြီးတော့ပေါ့ ...ရေချိုးပြီး အဝတ်စားလဲ
ကားသော့ဆွဲပြီး အပြင်သာထွက်လာလိုက်သည်
ဒီနေ့က Sunday ။ တနေကုန် မမြင်တွေ့ချင်တာကြောင့် ပင် ။အိမ်မှာကျန်ခဲ့တဲ့ Jimin သည် Taehyung ကို
မျက်တောင်မခတ် လိုက်ကြည့်ပြီး အာရုံစိုက်မှုလိုချင်ပါသော်လည်း
တချက်လေးတောင် စောင်းငဲ့ကြည့်ခြင်းမခံရသောကြောင့်
ငိုချင်စိတ်က ဖြစ်လာရပြန်သည် ...Screen ထက်က အလင်းနဲ့အတူ ဝင်လာတဲ့
စာလေးတကြောင်းကြောင့်သာမဟုတ်ရင်
အဝါရောင်လုံးလေး ငိုမိတော့မှာအမှန် ...✉️ Min ငါ ပိတ်ရက်ရလို့ ပြန်လာမယ် ✉️
နှစ်ချုပ်စာရင်းတွေလုပ်နေရင်း ခေါင်းကိုက်လာတာကြောင့်
Jimin စားပွဲပေါ် ခေါင်းမှောက်အိပ်လိုက်မိသည် ...
မျက်စိစုံမှိတ်တိုင်း အကို့ ပုံရိပ်တို့က ပေါ်လားစမြဲ ...ဘယ်နေရာကစတင်မှားယွင်းခဲ့တာလည်း
သူ့အချစ်တွေက အကို့ အတွက် အဆိပ်အတောက်တွေပဲလား
လက်လွှတ်ပေးလိုက်ရတော့မလား
သူရော လက်လွှတ်ပေးနိုင်ပါ့မလား ...
အကိုကရော ထွက်ပြေးချင်နေမလား ...
YOU ARE READING
☁ မိုးကောင်းကင်၌ တိမ်တိုက်များ ☁ ( Complete )
Fanfictionဇာတ်သိမ်းလေး လှမလားမသေချာပေမယ့် နိဒါန်းမကောင်းခဲ့တဲ့ အချစ်ပုံပြင်တစ်ပုဒ်.... both Unicode and Zawgyi🌼