[Zawgyi]
Park အိမ်တော်ကြီး ၌ ပြာယာခတ်နေကြတဲ့ လူတစ်စု
ရုတ်ရုတ်သဲသဲနဲ့ တအိမ်လုံးက အကူတွေရော အိမ်ကြီးရှင်တွေပါ
အနားမရ
အကြောင်းမှာတော့ Park အိမ်တော်ရဲ့ ရင်နှစ်သည်းချာလေး
Jimin ကျောင်းမှပြန်မလာသေးတာကြောင့်ပင်
မိုးတွေကလည်းရွာနေသည်မှာသည်းကြီးမည်းကြီးမိုးရေစက်လက်နဲ့ စံအိမ်ထဲပြေးဝင်လာတဲ့ Taehyung
Th- အန်တီ ငယ်လေး ပြန်လာပီလား
Sj- မလာသေးပါဘူး ယောင်းငယ်လေးရယ် အန်တီ စိတ်တွေအရမ်းပူနေပြီ သားသွားနေကျနေရာတွေလည်း စုံနေပြီ အခုထိရှာမတွေ့ဘူး ဒီကောင်လေးအခုရက်ပိုင်း စိတ်နဲ့လူနဲ့ကလည်း ကပ်တာမဟုတ်ဘူး
Th- စိတ်မပူပါနဲ့ အန်တီ ကျနော်တွေ့အောင်ရှာပေးပါ့မယ်
Sj- ရှာပေးပါဦးသားရယ် သားကိုပဲအပူကပ်ရတော့မှာ
Taehyung လည်း ခေါင်းသာငြိမ့်ပြပြီး
မိုးရေထဲသို့ နောက်တဖန် ခြေဆန့်ခဲ့ရပြန်သည်
အတန်ကြာလိုက်ရှာပြီးတော့မှ
တွေ့ပါပြီ လမ်းထိပ်က ပန်းခြံလေးထဲမှာ ထိုင်နေတဲ့ ငယ်လေး
မိုးရေတွေစိုရွှဲနေလို့ထင်ပါရဲ့ ကိုယ်ငယ်လေးက တချက်တချက်တုန်နေသည် ...
အနားသွားကာ အနောက်ကသိုင်းဖက်လိုက်သည် ...Jm- hmm အကို !!
အတင်းရုန်းထွက်သွားတဲ့ ငယ်လေး
မျက်ဝန်းထဲမှာလည်း စိုးရိမ်မှုတို့က အထင်းသား
ဘာတွေကို ကြောက်လန့်နေတာလည်း ငယ်လေးရာ ...Th- ငယ်လေး အိမ်ပြန်မလာပဲ အခုလို နေနေတာ အိမ်ကလူတွေ ဘယ်လောက်စိုးရိမ်နေမလည်း မင်းမသိဘူးလား !! ဟမ် အခုလည်း စိုရွှဲနေတာပဲ လာ အိမ်ပြန်မယ် ဒီတိုင်းကြာကြာနေရင် မင်းဖျားတော့မှာ
Jm- တော်ပါတော့ !!! ဒီလိုတွေ ထပ်ပီး ဂရုမစိုက်ပေးပါနဲ့တော့ !!
Th- ငယ် ငယ်လေး
Jm- အကို့ဘက်ကပေးတာ ဖြူစင်တဲ့ မေတ္တာတွေဆိုပေမယ့်
ကျနော်က အရောင်တွေခြယ်ချင်နေတာ !!
အကို့ဘက်က ရိုးသားပေမယ့် ကျနော့်ဘက်က မရိုးသားချင်တော့ဘူး !! တောင်းပန်ပါတယ် နွေးထွေးခြင်းတွေထပ်မပေးပါနဲ့တော့ အကိုရယ် !!
YOU ARE READING
☁ မိုးကောင်းကင်၌ တိမ်တိုက်များ ☁ ( Complete )
Fanfictionဇာတ်သိမ်းလေး လှမလားမသေချာပေမယ့် နိဒါန်းမကောင်းခဲ့တဲ့ အချစ်ပုံပြင်တစ်ပုဒ်.... both Unicode and Zawgyi🌼