☁ ဇာတ်သိမ်းပိုင်း ☁

3.1K 262 49
                                    

[Zawgyi]
အရင်ထဲက ပြန်လာရင် နေထိုင်ဖို့ တိုက်ခန်းတစ်ခန်းဝယ်ထားတာမလို့
ထိုတိုက်ခန်းကိုပဲ ပြန်လာလိုက်သည် ...
လူကသာရွေ့နေတာ စိတ်တွေကတော့ လေဆိပ်မှာ တွေ့ခဲ့တဲ့
မြင်ကွင်းကိုသာအာရုံရောက်နေသည်

Jungkook... သူက လွန်ခဲ့တဲ့ ၃ နှစ် တည်းကသေသွားတာမဟုတ်ဘူးလား ... ပြီးတော့ အဲ့ကလေး မွေးစားထားတာလား ဒါမှမဟုတ် ကလေးငယ် ကိုယ်တိုင် မွေးထုတ်ထားတာလား .. အခု Jungkook နဲ့ ကလေးက တရားဝင်လက်ထပ်လိုက်တာလား ..
မေးခွန်းပေါင်းစုံပေါ်လာပေမယ့်
အဖြေကိုလုံးဝရှာလို့  မရ ...  မစဉ်းစားတတ်တော့တာဆိုမှန်မည်

မျက်ဝန်းတို့ကို မှိတ်ချလိုက်တဲ့အချိန်
ဘယ်ဘက်မျက်ဝန်းအိမ်မှ စီးကျလာတဲ့ ခပ်နွေးနွေးမျက်ရည်တွေ ..
ပြီးတော့ ကလေးရဲ့ပုံရိပ်လေး
အရင်ကထက် ပိုရင့်ကျက်ပြီးလူကြီးဆန်လာပေမယ့် ပါးဖောင်းဖောင်းလေးနဲ့ နှင်းဆီဖူးနှုတ်ခမ်းလေးတို့က အတိုင်းသားကျန်ခဲ့သည် ..
အထူးသဖြင့် ခန္ဓာကိုယ်လေးကလည်း လွန်ခဲ့တဲ့နှစ်တွေတုန်းကလိုပဲ ပုပုသေးသေးလေးဖြစ်နေတုန်း ...

Taehyung  သူ့ ခရီးဆောင်အိတ်ထဲက Laptop ကိုထုတ်လိုက်ပြီး
လျှို့ဝှက် file လေးထဲဝင်လိုက်သည်

( တိမ်တိုက်လေး ) ဆိုတဲ့ အမည်နဲ့ File လေးကို ဖွင့်လိုက်ချိန်မှာတော့
များပြားလှစွာသော ကလေးငယ် ရဲ့ ပုံတွေက အစီအရီ ထွက်လာသည်
တစ်ပုံချင်းစီကို ဖြေးဖြေးချင်းကြည့်ရင်း သူ အရူးတစ်ယောက်ပမာ ပြုံးမိပါသေးသည် ...
အကို ဟူသော နာမ်စားလေးတွေကလည်း အခန်းနံရံထက် ပဲ့တင်ရိုက်ခတ်လာသည် ...

🎶 ခေါ်သံလို တခါတရံ စိတ်ထဲ
မင်းရဲ့ ပဲ့တင်သံလေးလား ~~ ကိုယ်ထင်နေတာပါ
ဘဝခြင်းစည်းတွေခြား ~~~ တွေ့ခွင့်ရရင်
ခဏလောက် အလွမ်းသယ်ဖို့လေ ~~
မင်းအရိပ်နောက်လိုက်နေချင် ~~ တကယ်ကို မြင်ယောင်မိပြီး 🎶

🎶 ဟိုအရင်လို ကိုယ်နဲ့မင်း
အချိန်တွေကို ~~ ဆွတ်ခူးရင်း ~~ မေ့ဖျောက်လို့မရတဲ့
ကြင်နာချိန်လေးတွေ ~~~
ကိုယ်မျက်ရည်တွေ အနူးညံ့ဆုံးသုတ်ဖူးတယ်လေ ~~
ကိုယ်အားငယ်တိုင်း တိုးဝှေ့တဲ့ရင်ငွေ့လေးထဲ ~~
ကိုယ့်ကမ္ဘာငယ် ပြီးပြည့်စုံခဲ့ချိန်လေး ~~~ မဆုံးနိုင်တဲ့ ~~~🎶

☁ မိုးကောင်းကင်၌ တိမ်တိုက်များ ☁ ( Complete )Where stories live. Discover now