☁ ၁၀ ☁

1.7K 193 24
                                    

[Zawgyi]

အနက်ရောင်ဝတ် လူအနည်းစုတို့ သည်
နာရေးခန်းမဆောင်ရှေ့၌ စုဝေးလျက် ...
ဟိုတစုဒီတစု နဲ့ လူအုပ်တို့သည်
ကွယ်လွန်သူရဲ့ ဓာတ်ပုံကို ပြုံးပြီး ငေးနေတဲ့ ကောင်လေးအား
သနားကရုဏာသက်ခြင်းတွေပါဝင်နေတဲ့ အကြည့်တို့ဖြင့်ကြည့်နေလေသည် ..
ထို့အတူ နာရေးဆောင်အဝင်ဝ မှာ မတ်တပ်ရပ်နေတဲ့
ကောင်လေးသည်လည်း မျက်ရည်တသွင်သွင်စီးကျနေသည် ...

နာရေးဓာတ်ပုံကို ကြည့်ရင်း ပြုံးနေသော ကောင်လေးထံမှ
စကားသံအချို့ထွက်လာသည် ...

Th- သားတကယ်မိုက်တယ်မလား မေမေ ~~  အခုချိန် မေမေသာ အသက်ရှိနေဦးမယ်ဆိုရင် သားကိုအရမ်းရွံသွားလောက်မယ် ~~ အခုလေ ငယ်လေးက သားကို မုန်းသွားပြီတဲ့  ချစ်ရတာလည်း ပင်ပန်းနေပြီတဲ့ ...  ဟုတ်မှာပေါ့ သားကလူမှမဆန်ခဲ့တာလေ ...  သား တောင်းပန်ခွင့်လေးတောင် ရပါဦးတော့မလား ... 

အဝင်ဝမှာ ရပ်ကြည့်နေတဲ့ ကောင်လေးမှလည်း

Jm- အန်တီ ...  နောက်ဆုံးအချိန်မှာ အနားမရှိပေးနိုင်ခဲ့တာ တောင်းပန်ပါတယ် ...  အန်တီသာအသက်ရှိသေးမယ်ဆိုရင် အခုချိန် အကို့အကြောင်းတွေတိုင်ပြောပြီး အကို့ကို ရိုက်ခိုင်းနေလောက်မယ်ထင်တယ် ...  ကျနော် အကို့ကို လွှတ်ပေးလိုက်ရင် အန်တီ နားလည်ပေးမယ်မလား ကျနော် အရမ်းပင်ပန်းနေပြီမလို့ပါ ...

Seokjin  တစ်ယောက် ဖြစ်ပျက်သွားသမျှ တွေကို
ဘာတစ်ခုမှ လိုက်လို့မမှီတော့ပါ ...
သားငယ် လက်ထပ်တဲ့နေ့တည်းကစပြီး သူမ နယ်ဘက်ကအမေ့အိမ်မှာ
သွားနေ, နေတာဖြစ်သည် ...
သားငယ်ကိုမုန်းလို့နာကျည်းလို့တော့မဟုတ်
သူမစိတ်တွေအရမ်းရှုပ်ထွေးနေလို့ဖြစ်သည်
သားငယ်အိမ်ထောင်ရေးအဆင်မပြေတာတွေရော , လုပ်ငန်းတွေကိုအကောင်းဆုံးဦးစီးနေတယ်ဆိုတာရောကို သားငယ်တို့ အိမ်အကူအဒေါ်ကြီးထံမှ အကြောင်းစုံသိရသည် ..

Taehyung ကသားငယ်ကို ပြန်မချစ်လာနိုင်ဘူးဆိုပေမယ့်
အခုလောက်ထိ ရက်စက်လိမ့်မယ်လို့မထင်မိပါ
ပြီးတော့ Jungkook လေးကိုလည်း သူမသနားရသလိုအားလည်းနာရသည် ..

အထူးသဖြင့် သူမရဲ့ ရတနာလေး သားငယ်ကို ပိုသနားရသည်
အခုလည်း နာရေးဆောင်အနောက်မှာ ဒူးလေးကျုံ့လို့ ငိုနေတဲ့
သားငယ်လေး ...

☁ မိုးကောင်းကင်၌ တိမ်တိုက်များ ☁ ( Complete )Where stories live. Discover now