Unicode
"အစ်ကို!!!!!"
နောက်ကျောဘက်မှ ကျယ်လောင်စွာ အော်လိုက်သောအသံ နှင့် မိမိ၏ လက်မောင်းရင်းကို ဆွဲယူလိုက်သော အထိအတွေ့။အရှေ့မှ ဝူးခနဲ အရှိန်ပြင်းစွာ ဖြတ်မောင်းသွားသော ဆိုင်ကယ်အသံမှ လွဲလျှင် Hong Jisoo ဘယ်အရာကိုမှ အာရုံမရတော့။
သတိပြန်ဝင်လာပြီး ကြည့်မိလိုက်တော့ လူသွား platformပေါ်သို့ လဲကျနေသော Hong Jisooကို Xu Minghaoက အပေါ်မှ အုပ်မိုးထားလျက်။Xu Minghao၏ မည်းနက်သော မျက်ဝန်းများတွင် စိုးရိမ်မှုများ အထင်းသား ပေါ်နေသည်ကို Hong Jisooမြင်လိုက်ရသည်။
"အစ်ကို အဆင်ပြေရဲ့လား?"
"ရတယ် ညီ။ကိုယ် ဘာမှမဖြစ်ပါဘူး"
အမှန်တော့ ရုတ်တရက်ကြီး ဖြစ်သွားတာမို့လို့ Hong Jisooလည်း လန့်ဖျန့်ပြီး နားတွေပါ အူသွားသော်လည်း အစိုးရိမ်လွန်နေသော Xu Minghaoအား အဆင်ပြေကြောင်းသာ ပြောလိုက်သည်။"အာ့"
မြေပြင်ပေါ်သို့ လက်ကိုထောက်ကာ မတ်တပ်ရပ်လိုက်တော့ စူးအောင့်သွားသော နာကျင်မှုနှင့် လက်ဖဝါးပြင်၌ စိုစွတ်သော အထိအတွေ့။"အစ်ကို့လက်မှာ သွေးတွေထွက်နေတယ်!!"
Hong Jisooလည်း ကိုယ့်လက်ကိုယ် ပြန်ကြည့်မိတော့ လက်ဖဝါးပြင် တစ်ဝိုက်၌ သွေးများ ပေကျံနေသည်ကို တွေ့လိုက်ရသည်။
"ကိုယ်အဆင်ပြေပါတယ်။အရမ်း မနာပါဘူး"
"အစ်ကို ကျွန်တော့်နောက် ခဏလိုက်ခဲ့။ဟိုနားက စတိုးဆိုင်မှာ ဆေးဝယ်ပြီး ဆေးထည့်ပေးမယ်"
ပြောပြောဆိုဆိုနှင့် Hong Jisoo၏ လက်ကိုဆွဲကာ ရှေ့မှဦးဆောင်၍ စတိုးဆိုင်ဆီသို့ ခေါ်သွားသော ကောင်လေးနောက်မှ Hong Jisooလည်း ကြောင်အမ်းအမ်းဖြင့်သာ လိုက်ခဲ့ရသည်။"အစ်ကို ဒီမှာခဏ ထိုင်စောင့်နေနော်။
ကျွန်တော်အထဲမှာ ဆေးသွားဝယ်လိုက်ဦးမယ်"Hong Jisooအား စတိုးဆိုင်ရှေ့ရှိ ခုံတန်းပေါ်တွင် ထိုင်စေပြီး Xu Minghaoက စကားဆိုသည်။
Hong Jisooလည်း Xu Minghaoစကားအား နားထောင်သောအားဖြင့် ခုံတန်းပေါ်တွင်သာ ထိုင်နေပြီး ဆေးသွားဝယ်နေသော Xu Minghaoပြန်အလာကို စောင့်နေမိသည်။

YOU ARE READING
CIELO☁️|Jihao [SEVENTEEN]
RomansaUnicode ကိုယ် ငေးမဝခဲ့တဲ့ မင်းရဲ့ အပြုံးကြည်ကြည်လေး တစ်ဘဝလုံးစာ သိမ်းထားချင်မိပါရဲ့။ -Hong Jisoo- "အစ်ကို"ဆိုတဲ့ နှောင်ကြိုးကိုမှ ကျွန်တော်က ငြိတွယ်ခဲ့မိတာမို့လို့ ကျွန်တော့်ကိုယ်ကျွန်တော်ထက် အစ်ကို့ကို ပိုချစ်တယ်။ ...