Unicode
ရေကန်အနားတွင် ထိုင်ရင်း ကန်ရေပြင်ထံ သဘောကျစွာ ကြည့်ဖြစ်သည်။ မိမိ၏ ဘေးတွင်လည်း Hong Jisooက ဝင်ထိုင်ကာ အေးအေးဆေးဆေး အနားယူနေသည်။
"ကျွန်တော် ဒီနေရာလေးကို သိပ်သဘောကျတာပဲ။ ခေါ်လာပေးတဲ့ သူက အစ်ကိုမို့လို့ ထင်တယ်"
"ဟင် အင် ဟုတ်လား ညီ"
ညီကသာ ရုတ်တရက် ပြောလိုက်ပေမယ့် Hong Jisooရင်ထဲတွင် ဗလောင်ဆူသွားရသည်။ မျက်နှာ တစ်ခုလုံး ပူတက်လာသည်မှာ မီးမြှိုက်ခံထားရသလိုပင်။
မိမိရှေ့တွင် ရုတ်ချည်း ပါးပြင်များ နီရဲကာ ရှက်သွေးကြွယ်လွန်းသော အစ်ကို့ထံ ခပ်ပြုံးပြုံး စိုက်ကြည့်လိုက်သည်။ အစ်ကိုဟာ သိပ်ချစ်ဖို့ကောင်းတာပဲ။ နောက်တော့ နှစ်ယောက်လုံးဆီမှ ဘာပြောစရာ စကားမှ ထွက်မလာသည့်အတွက် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။"ညီ"
တိတ်ဆိတ်မှုကို Hong Jisoo မှ ဖြိုခွင်းလိုက်သည်။ မိမိကို ခေါ်သောကြောင့် Xu Minghao လှည့်ကြည့်လိုက်သည်။
"ညီ gay တွေကို မုန်းလား?"
ရုတ်တရက်ကြီး ထမေးသောကြောင့်
နည်းနည်း ကြောင်အသွားပေမယ့် ဖြေရခက်သော မေးခွန်းတော့ မဟုတ်ပါ။"မုန်းတယ်၊ မမုန်းဘူးဆိုတာထက် အထူးအဆန်းတစ်ခုလို၊ ရောဂါတစ်ခုလိုမျိုး တော်တော်များများက မြင်နေကြတာအစ်ကို။ ဒီမှာတော့ မပြောတတ်ပေမယ့် အာရှနိုင်ငံ တော်တော်များများမှာပေါ့။"
Xu Minghao တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်ပါသည်။"ကိုယ်က ညီ မုန်း၊ မမုန်းကို သိချင်တာ"
Hong Jisooဘာကြောင့် သူ့ကို ဒီလိုမေးမှန်းလည်း သူမသိ။ အတော် ခေါင်းစားရတဲ့ အစ်ကိုပါပဲလား။
"မုန်းတာတော့ မမုန်းပါဘူး။ လူ လူ ချင်း ချစ်ကြတာပဲကို။ ရာဇဝတ်မှု ကျူးလွန်နေတာလည်း မဟုတ်ဘူးလေ"
Xu Minghao၏ ချက်ကျလက်ကျ ပြန်ဖြေသော အဖြေကြောင့် Hong Jisoo စိတ်ကျေနပ်စွာ ပြုံးမိသည်။"ညီ"
Xu Minghaoဘာစကားမှ ပြန်မပြောဘဲ သူ့ထံသာ စိုက်ကြည့်နေခဲ့ပါသည်။"ကိုယ် ညီ့ကို ချစ်တယ်လို့ ပြောရင်ရော? ညီ စိတ်ဆိုးမှာလား"
မိမိထံ စိုက်ကြည့်နေရာမှ ပြူးကျယ်သွားသော မျက်ဝန်းအစုံ။ နည်းနည်း အံ့ဩသွားပုံပါပဲ။

YOU ARE READING
CIELO☁️|Jihao [SEVENTEEN]
RomantizmUnicode ကိုယ် ငေးမဝခဲ့တဲ့ မင်းရဲ့ အပြုံးကြည်ကြည်လေး တစ်ဘဝလုံးစာ သိမ်းထားချင်မိပါရဲ့။ -Hong Jisoo- "အစ်ကို"ဆိုတဲ့ နှောင်ကြိုးကိုမှ ကျွန်တော်က ငြိတွယ်ခဲ့မိတာမို့လို့ ကျွန်တော့်ကိုယ်ကျွန်တော်ထက် အစ်ကို့ကို ပိုချစ်တယ်။ ...