အပိုင်း-၁

44 6 0
                                    

Unicode

သူ၏အကြားအာရုံသို့တိုးဝင်‌လျက်ရှိသော သီချင်းသံမှာရပ်တန့်သွားသည်နှင့် အသုံးပြုနေသောနားကြပ်အားချွတ်၍
ဘေးဘီသို့အကဲခတ်မိသည်။

မှိန်ပြပြအပြာရောင်မီးများနှင့်အတူတိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ကြောင့် ဦးနှောက်အားအလုပ်ပေးရင်းပြတင်းပေါက်အားခပ်သာသာ ဖွင့်ကြည့်မိတော့မဲနက်နေသောကောင်းကင်ကဆီးကြိုသည်။

သူတို့၏ခရီးလမ်းစတင်ခဲ့သည်မှာ ခန့်မှန်းခြေ၅နာရီဝန်းကျင်မျှရှိပြီမို့ တစ်ချို့တစ်ဝက်သောခရီးသည်‌တို့မှာအိပ်စက်အနားယူနေပြီဖြစ်သလို ကျန်သူများမှာလည်း ငြိမ်သက်စွာလိုက်ပါစီးနင်းလျက်ရှိ၏။ သို့ဖြစ်ရာကောင်းကင်ထက်ဝယ်ပျံသန်းနေသော အနှီလေယာဉ်၏အတွင်း၌ အပ်ကျသံပင်ကြားရလောက်အောင် ဆိတ်ငြိမ်နေသည်။

ရောက်တတ်ရာရာနယ်ချဲ့နေသော အတွေးတို့အဆုံး ပုခုံးပေါ်မှအလေးချိန်ကြောင့်ငဲ့ကြည့်မိတော့ သူ၏ပုခုံးအားမှီရင်း အိပ်မောကျနေသောအမျိုးသားငယ်အားတွေ့လိုက်ရသည်။
အမြဲတစေစိတ်ရှုပ်သယောင်နှင့်ခပ်စူးစူးစိုက်ကြည့်တတ်သော မျက်ဝန်းများက ယခုတွင်မူမှိတ်ကျလျက်ရှိ၏။

အနည်းအငယ်ရှည်နှင့်နေလေသော ဆံသားများကရှုပ်ပွနေပြီမို့ အသာသပ်တင်ပေးရာတွင် ထိုအမျိုးသားငယ်၏ မျက်နှာချောချောအားထင်းလင်းစွာမြင်တွေ့လိုက်ရသည်။

ဖြောင့်တန်းနေသောမျက်ခုံးတန်းများ၊ ပြေပြစ်လှသည့်နှဖူးပြင်နှင့် မျက်တောင်ရှည်တို့ဝန်းရံသည့်မျက်လုံးအစုံမှာ ကြည်ကြည်လင်လင်အသားအရေရှိသော ထိုလူ၏မျက်နှာထက်ဝယ် အချိုးကျစွာတည်ရှိသည်။ သူတပါး... သို့မဟုတ် သူ၏သူငယ်ချင်းဟူ၍လည်းသမုတ်၍ရသော ထိုခပ်ချောချောအမျိုးသားငယ်။

'အံမယ်အံမယ် ဒီကောင်ချောသားပဲဟ'

သူငယ်ချင်းဖြစ်သူအားခိုးကြည့်ရင်း စိတ်ထဲကပါအမှတ်ပေးလိုက်၏။ အလုပ်မရှိကြောင်ရေချိုးဆိုသကဲ့သို့ သူဟာလည်း လုပ်စရာကိုင်စရာလေးများမရှိသည်နှင့် တစ်ယောက်ထဲပင်စကားထိုင်ပြောနေတတ်သည့်အမျိုး။ အစဉ်တက်ကြွနေတတ်သောသူက လုပ်စရာမရှိသည်နှင့် ဘဝတစ်ခုလုံးအဓိပ္ပာယ်မဲ့သွားသည့်နှယ်ခံစားရသည်။ တယ်လည်းဂွကျတဲ့အကျင့်ပါပင်။

မေတ္တာမှသည်ချစ်ခြင်းသို့တည်Where stories live. Discover now