အပိုင်း-၂

13 5 0
                                    

UNICODE

_________________________

သည်ရက်ပိုင်းအတွင်းသူ အလုပ်ရှုပ်သထက်ပင်ရှုပ်နေရသည်။ အကြောင်းမှာ လက်ရှိCEO တဖြစ်လဲ အစ်မရောက်လာချိန်ဖြစ်၍။ သူမမှာ head office ရှိရာ U.K ၌သာနေထိုင်ကာ ဤနိုင်ငံရှိရုံးခွဲကိုမူ မိမိနှင့်လွှဲထား၏။

ပုံမှန်အားဖြင့် ၄လတစ်ကြိမ်ခန့်ပြန်လာကာ အခြေအနေများအား စစ်ဆေးတတ်သည်။ ကုန်ကုန်ပြောရလျှင် တစ်နှစ်၊နှစ်ခါမျှသာလာ၍စစ်လို့ရသည်အထိ မိမိမှာကောင်းကောင်းထိန်းချုပ်နိုင်သည်။ ယင်းအားသူမလည်းသိသည်။ သို့တိုင်မောင်ဖြစ်သူမိမိအား စိတ်မချ၍ အလုပ်ကိစ္စအားအကြောင်းပြကာ နိုင်ငံနှစ်ခုအား သွားလိုက်ပြန်လိုက်လုပ်နေ၏။

အမေဖြစ်သူဆုံးပါးသွားစဉ်မှစ၍  သူ့အတွက် အမေတစ်ယောက် တာဝန်ပါကျေပွန်ပေးခဲ့သောသူမသည် သူ့အတွက်မူ အဖိုးမဖြတ်နိုင်လောက်အောင်ပင်။

အလုပ်များအားလက်စသတ်ပြီး၍ အိပ်ရန်ပြင်ချိန်၌ အချိန်မှာ ညသန်းခေါင်၂နာရီပင်ကျော်နှင့်နေလေပြီ။ ပုံမှန်၄လတစ်ခါလာတတ်သော်ငြား ယခုတစ်ခေါက်တွင် နှစ်ဝက်ခန့်ရှိမှပြန်လာ၍ နှစ်ယောက်လုံးအဖို့အလုပ်များဟာတောင်ပုံယာပုံ။

ခေါင်းမှာတစ်ဆစ်ဆစ်ကိုက်နေသော်ငြား အနားယူရမည့်အစား သံပုရာရည်တစ်ခွက် ဘေးချ၍အလုပ်ဆက်လုပ်နေမ်သည်။

တအောင့်အကြာ၌အလုပ်ပြီးသည်နှင့် အိပ်ယာပေါ်သို့ဟန်မဆောင်နိုင်စွာပင်ဝင်လှဲလိုက်မိ၏။
သူကိုယ်တိုင်မှာအလုပ်မပြတ်မချင်း အိပ်မပျော်သည့်အကျင့်ရှိနေ၍ ပင်ပန်းနေသည့်တိုင် မအိပ်နိုင်ခဲ့။ ယခုမှသာအေးဆေးစွာအိပ်နိုင်တော့မည်။

လာမည့် summer collection နှင့် fashion event များအတွက်ပြင်ဆင်‌နေရ၍ လတ်တလော
အလွန်အလုပ်ရှုပ်နေခဲ့သည်။
ဤသို့ဖြစ်နေချိန်၌ CEO ဖြစ်သူအစ်မပြန်လာသောကြောင့် ဘုတ်အဖွဲ့နှင့် meeting များပါလုပ်လိုက်ရ၍ ‌အတော်လေးပင် ခြေကုန်လက်ပန်းကျနေပြီဖြစ်၏။ သူမည်မျှပင်ပန်းနေခဲ့သလဲဆိုလျှင် ထိုညက ခေါင်းအုံးထက်ခေါင်းချမိသည်နှင့် မိနစ်ပိုင်းအတွင်းမှာပင် အိပ်စက်ခြင်းသို့ကောင်းမွန်စွာ ရောက်နိုင်ခဲ့သည်။
_________________

မေတ္တာမှသည်ချစ်ခြင်းသို့တည်Where stories live. Discover now