chapter 10

848 76 12
                                    

"အားးးဗိုက်ကိုတင်းသွားတာပဲ"

လက်ကားယားခြေကားယားလေးနဲ့ကားပေါ်ကနေဆင်းရင်းအော်နေတဲ့အသေးလေးကိုကြည့်ပြီးပြုံးလိုက်မိသည်

မတင်းပဲနေမလားကိုယ်ကတော့တောင်းပန်တဲ့အနေနဲ့လိုက်ကျွေးတာဒင်းလေးကတော့စားလိုက်တာမှsushi က3ပွဲတစ်ယောက်ထဲပဲခေါက်ဆွဲကပါသေးတယ်တော်တော်စားနိုင်တဲ့ကောင်လေး

"jungkook good night"

အပျင်းကြောဆန်ပြီးနှုတ်ဆက်သွားတဲ့သူကြောင့်ခေါင်းညိတ်ပြလိုက်ပြီးအခန်းထဲသာ၀င်လာလိုက်သည်

ခေါင်းလျှော်​ရေချိုးပြီးအပြင်ကိုထွက်လာလိုက်တော့ပြတင်းပေါက်ကတစ်ဆင့်မြင်လိုက်ရတာကမှောင်မဲနေတဲ့ကောင်းကင်ကြယ်တစ်လုံးမှလည်းမရှိမိုးလေလေးကလည်းတိုက်လာတော့ချမ်းစိမ့်စိမ့်ဖြစ်လာလို့ပြတင်းပေါက်ကိုဆွဲပိတ်လိုက်ပြီးကုတင်ပေါ်လှဲချလ်ုက်သည်

ပြီးတော့အိမ်မက်ကမ္ဘာထဲသို့မရောက်တစ်ရောက်ဖြစ်နေတဲ့အချိန်

"jungkook အင့် jungkook"

နေပါအုန်းဒီအသံကpark jiminအသံ

ခေါ်သံကတုန်နေရုံသာမကရှိုက်သံတွေပါရောနေသေးသည်အဆက်မပြတ်ထွက်ပေါ်လာတဲ့အခန်းတံခါးထုသံကြောင့်ကမန်းကတန်းထပြီးဖွင့်ပေးလိုက်တော့အခန်း၀မှာမျက်ရည်တွေစိုရွှဲပြီးခေါင်းအုန်းတစ်လုံးပိတ်ထားတဲ့jimin

ငိုထားတာလည်းမျက်လုံးကြီးကိုမို့အစ်လို့

"jiminဘာဖြစ်တာလဲjimin အင့်"

ခေါ်သံပင်မဆုံးသေးရင်ခွင်ထဲ၀င်လာတဲ့အကောင်လေးကြောင့်ရင်ခုန်ဖို့ပင်သတိမရရင်စိုးရိမ်စိတ်ကပိုများနေသဖြင့်

"ဟမ်ဘာဖြစ်လို့လဲပြောပြလေ"

"မိုးရွာတာကြောက်လို့"

ဟုတ်သားအခုမှသတိထားမိတယ်မိုးကသည်းကြီးမဲကြီးရွာနေတာပဲနေပါအုန်းမိုးရွာတာကိုအဲ့လောက်ဖြစ်စရာလားစိုးရိမ်ပြီးသေအောင်သက်နေတာပဲ

"ya park jiminမင်းကလည်းမိုးရွာတာကိုအဲ့လောက်ကြောက်စရာလားငါကအိမ်ဓားပြ၀င်တိုက်တယ်ထင်နေတာ"

You've reached the end of published parts.

⏰ Last updated: Feb 24, 2021 ⏰

Add this story to your Library to get notified about new parts!

until youWhere stories live. Discover now