chapter 6

563 74 2
                                    

နွေးထွေးတဲ့အထိအတွေ့ကြောင့်စောင်ထဲကိုသာပိုတိုးပြီး၀င်မိသွားသည်

ထူးထူးဆန်းဆန်းဒေါ်လေးကလာမနိုးပါလား•••
ဒေါ်လေးအကြောင်းတွေးမိမှငါဟိုလူကြီးအိမ်ရောက်နေတာပဲကမန်းကတန်းအိပ်ရာပေါ်မှထပြီးရေချိုးခန်းထဲပြေး၀င်လိုက်သည်သွားတိုက်နေရင်း

"ငါဘယ်လိုလုပ်စောင်ခြုံမိသွားတာလဲမသိဘူးငါအိပ်တုန်းကစောင်မခြုံမိပါဘူး"

ကိုယ့်ဘာသာတွေးရင်းလုပ်စရာရှိတာသာခပ်မြန်မြန်လေးလုပ်လိုက်သည်

ပြီးတော့အခန်းထဲမှအထွက်

ဟိုဘက်အခန်းမှဝှီးချဲနဲ့ထွက်လာတဲ့သူ၀တ်လိုက်ရင်အနက်ရောင်တွေချည်းပဲသူ့ကိုမျက်လုံးလှန်ကြည့်လာတာကြောင့်

"jiတောင်းပန်ပါတယ်အိပ်ရာထတာနောက်ကျသွားတယ်"

ကိုယ့်အခန်းထဲကထွက်လာတုန်းရှိသေးတယ်

ဘေးအခန်းကထွက်လာတဲ့ပိစိလေးမနက်ခင်းမို့လို့လားမသိဘူးပါးလေးတွေကရဲတွက်ပြီးဖွေးဥနေတာပဲ

မျက်နှာပြောင်လေးနဲ့တောင်လှရက်လိုက်တာငေးကောင်းကောင်းနဲ့ငေးနေတုန်းအသားလွတ်တောင်းပန်လာတဲ့သူကြောင့်စိတ်ထဲမကောင်း

ဟိုအိမ်မှာဘယ်လောက်တောင်နှိမ်ခံနေရမလဲမသိဘူး

"အစောကြီးထပြီးချက်ရအောင်မင်းကငါတို့ကိုကျွေးမှာလားအိမ်စောင့်နတ်ကိုချက်ကျွေးမှာလား"

"ဗျာ!!!!"

"မဗျာနဲ့ဒီအချိန်ဆိုအတော်ပဲပြီးတော့မနက်စာလေအဲ့လောက်ကြီးမစားဖြစ်ပါဘူး"

ဆူမယ်ထင်လို့တောင်းပန်လိုက်တာမဆူတဲ့အပြင်နောက်ကျမှထခိုင်းနေတယ်ဘယ်လိုလူကြီးလဲမသိဘူး

"ဟုတ်....အခုထမင်းစားခန်းကိုသွားမှာမဟုတ်လားjiတွန်းပေးမယ်"

သူ့ကိုတွန်းပြီးထမင်းစားခန်းကိုသာဆင်းလာလိုက်သည်

ရေနွေးကိုတည်ပြီးကော်ဖီဖျော်လိုက်ကာမုန့်တွေချထားပြီးတဲ့အချိန်မှာအပေါ်ထပ်မှဦးလေးဆင်းလာသည်

until youWhere stories live. Discover now