သွန်း ဆိုတဲ့ လူသားတစ်ယောက်ဟာ
ဟေသီ့ဘဝထဲတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို။×××××××××××××××××××××××
အပြင်မှာ မိုးက ဖွဲဖွဲကျနေသည်။
အေးစိမ့်စိမ့်ရာသီဥတုကို ချစ်သော်လည်း
တစ်စုံတစ်ရာကိုလွမ်းနေရသလိုမျိုးခံစားချက်ကြီးကိုတော့ ဟေသီမကြိုက်။သီရိမ ရှိနေလို့ တော်သေးသည်။
မဟုတ်ရင် သူ့ကို လွမ်းမိဦးမည်။ထိုစဥ် ဖုန်းဝင်လာသည်။
"ဟဲလို "
"........"
" ဟေသီ လာကြိုမယ်လေ"
".........."
"အင်းပါ။ သည်ကလည်း လွမ်းတယ်"
".........."
တစ်ဖက်မှ ဘာပြောတယ်မသိရသော်လည်း
ဟေသီ့မျက်နှာတွင် ပန်းနုရောင်လေး ပြေးသွားကာ လျှပ်တပြတ် ခေါင်းငုံ့ချလိုက်တာ သီရိ မြင်လိုက်ရ၍ "အမလေးဟယ်" ဟူသောသဘောဖြင့် မျက်စောင်းထိုးပြီး ပြုံးကြည့်လိုက်သည်။ဟေသီက အဲလိုပဲ။
သူ့တစ်ယောက်တည်းကို
တစ်ကမ္ဘာထင်နေသူဖြစ်သည်။ကိုယ့် စိတ်ခံစားချက်ကို သူများကိုလည်း မမျှဝေတတ်။ သူငယ်ချင်းတွေက သူတို့အကြောင်းပြောပြရင်တော့ စိတ်ရှည်လက်ရှည် နားထောင်ပေးရှာပါသည်။
"ဘာတဲ့လဲ"
ကိုမြတ်သူဆီကမှန်း သိပြီးဖြစ်၍ မေးလိုက်ခြင်းဖြစ်သည်။
ဟေသီက ရှက်ပြုံးပြုံးကာ"ရှေ့အပတ်ထဲ ပြန်လာမယ် တဲ့။"
"သြော်....အာ့ကြောင့်ကိုး... " ဟု ဆိုကာ
ဟေသီ့ကို
ပြုံးပြီးကြည့်ပြန်သည်။××××××××××××××××××××××××××××
ကို့ကို အဖြေပေးခဲ့တုန်းကတော့
ချစ်လား မချစ်လား ကိုယ်တိုင် မသေချာခဲ့။ချစ်ခွင့်ပန်ပြီး တစ်နှစ်လောက်အထိ သူမဖက်က မထုံတက်သေးလုပ်နေခဲ့သေးသည်။
ကိုကလည်း ဇွဲကောင်းသည်။
ဟေသီ ကြိုက်သလောက် အချိန်ယူပါ။
သူစောင့်ပါမည်ဟု ကတိပေးသည်။ထိုကာလတွေအတွင်း ဟေသီ့ကို ရှောင်နေတာမျိုး၊အတင်းအကျပ်အဖြေတောင်းတာမျိုးမရှိ။ အရင်ကလို ကူညီမြဲ၊ဖေးမမြဲ။
YOU ARE READING
ကိုယ့် ငယ်ချစ်
Kurzgeschichtenပထမဦးဆုံးရေးဖြစ်တဲ့ Story လေးပါ😊 Note book ထဲမှာပဲ နှစ်နှစ်သား ရှိနေပါပြီဗျာ😁 ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံထားပါတယ်။😋 ဒါပေမယ့် နောက်ပိုင်းဖြစ်ရပ်တွေကတော့ Author ရဲ့ စိတ်ကူးယဥ်မှုသပ်သပ်သာ ဖြစ်ပါတယ်။ 🙂 စာဖတ်သူရဲ့ ခံစားချက်နဲ့ သို့မဟုတ် ဖြစ်ရပ်နဲ့ မတေ...