"မမ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သွန်းကို အထင်မလွဲပါနဲ့။ သည်စာအုပ်လေးကို ဖတ်ကြည့်ရင် ညီမလေး နားလည်မှာပါ။
သည်ကိစ္စ သွန်း မသိဘူး။"အစ်မပြောသွားသည့်စကားတို့ကို
ကြားယောင်ရင်း သူပေးခဲ့သည့် သွန်း၏ဒိုင်ယာရီစာအုပ်လေးကို
ငေးကြည့်နေမိသည်။သွန်း ဒိုင်ယာရီရေးလေ့ရှိမှန်း ဟေသီ မသိခဲ့ပါလား။
သွန်း သဘောကို အစအဆုံးသိသည်ဟု
ထင်ခဲ့သော မိမိကိုယ်မိမိ ပထမဦးဆုံးပြန်၍ သံသယဝင်မိသည်။
သူ သွန်းကို တကယ်မသိခဲ့တာလား။သူတို့ စ,ဆုံတဲ့နှစ်မှာ စ,ရေးထားတာ ။
သွန်းရဲ့ ဒိုင်ယာရီက နေ့စဥ်မှတ်တမ်းမဟုတ်။
သူ့ခံစားချက်တွေရှိလာမှ ချရေးတတ်တာမှန်း ဖတ်ရင်းမှ သိလာရသည်။5/6/2014
ကျူရှင်မှာ အတူတူဆိုပေမယ့်
သတိမထားမိဘူး။
သည်နေ့ ကျောင်းစတက်တဲ့နေ့မှ တစ်ယောက်တည်းဖြစ်နေတဲ့သူ့ကို
သတိထားမိတာ။မမျှော်လင့်ဘဲ အခန်းအတူတူကျတော့
ပျော်လိုက်တာ။ တဲ့။သွန်းရယ် ဒါဆို နင် ငါ့ကို အရင်သိခဲ့တာပေါ့။
နင့်ကို ငါ အရင် စခင်တယ်ဆိုတဲ့အစွဲကြီးနဲ့
ငါ တစ်သက်လုံး မှားခဲ့တာပေါ့။မျက်လုံးများကို မှိတ်လိုက်သည်။
သူနဲ့စခင်တဲ့ ပထမဆုံးကျောင်းဖွင့်ရက်။"ဟဲ့ နင် ဘယ်အခန်းတဲ့လဲ"
သူက အရင် စမေးခြင်းဖြစ်သည်။
အသားညိုညို ခပ်ညှပ်ညှပ်ကောင်မလေး
တစ်ယောက်။ သူ့မျက်နှာက ပြုံးနေသည်။
သူ့ကို ဘယ်မှာမြင်ဖူးသလဲ စဥ်းစားရင်း
ကျူရှင်တူတာ သွားသတိရသည်။
သြော်...ကျူရှင်တူတူမို့ လာစကားပြောတာနေမှာဟုပင် ပြီးစလွယ်တွေးလိုက်၏။"အင်း မသိသေးဘူးဟ။ ဆရာကြီးကလည်း ဘာမှမပြောလိုက်ဘူး။"
"အာ့ဆို A ခန်း လိုက်နေ။ ငါနဲ့တူတူ"
"အန်.. ရပါ့မလား"
"ရတယ်။ "
ခပ်တည်တည်နဲ့ ဟေသီ့လက်ကို ဆွဲထားသေးသည်။
YOU ARE READING
ကိုယ့် ငယ်ချစ်
Short Storyပထမဦးဆုံးရေးဖြစ်တဲ့ Story လေးပါ😊 Note book ထဲမှာပဲ နှစ်နှစ်သား ရှိနေပါပြီဗျာ😁 ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံထားပါတယ်။😋 ဒါပေမယ့် နောက်ပိုင်းဖြစ်ရပ်တွေကတော့ Author ရဲ့ စိတ်ကူးယဥ်မှုသပ်သပ်သာ ဖြစ်ပါတယ်။ 🙂 စာဖတ်သူရဲ့ ခံစားချက်နဲ့ သို့မဟုတ် ဖြစ်ရပ်နဲ့ မတေ...