ကိုယ့် ငယ်ချစ် -5

8 0 0
                                    

လေဆိပ်မှာတွေ့ခဲ့သည့် သူမ၏ပုံရိပ်တွေက
ဟေသီ့ကို နှောက်ယှက်လွန်းလှသည်။
ပြီးတော့ အတွေးများ။

မတွေးမိအောင်အတတ်နိုင်ဆုံး ချုပ်တည်းနေမိသည်။ အကယ်၍ အဲဒါ သူဖြစ်သည်ထားဦး။
ခုက ဟေသီမှာ ကို ရှိနေပြီပဲ။

နှစ်ဖက်အုပ်ထိန်းသူတွေကလည်း သဘောတူသည်။ ဒါဆို လုံလောက်နေပြီ မဟုတ်ပါလား။

သူ့အကြောင်း ဟေသီ တွေးနေဖို့ လိုသေးလား။
သူနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်ဖို့ လိုသေးလား။

မိဟေသီရေ....
သည်အချိန်မှ ညည်းစိတ်ကို ညည်းမဖြတ်နိုင်ရင်
ညည်းဟာ နှလုံးသားကိုအလိုလိုက် ခပ်မိုက်မိုက် အတွေးမျိုးနဲ့ ကလေးဆိုးလေးတစ်ယောက်ပြန်ဖြစ်သွားမှာပေါ့။
ပြတ်သားလိုက်စမ်းပါ မိဟေသီရယ်။

××××××××××××××××××××××××××××××

"ဟဲ့ နင်တို့တွေ ရောက်နေတာကြာပြီလား။ ဆောရီးဟာ လုပ်လက်စလေးတွေ အပြတ်ဖြတ်နေလို့ နည်းနည်းနောက်ကျသွားတာ။"

သီရိတို့စားပွဲမှာ ကပျာကယာဝင်ထိုင်ရင်း အားနာစွာ ဆိုမိသည်။
ကိုက ကားပါကင်ထိုးနေ၍ ပါမလာသေး။

"နည်းနည်းမဟုတ်ဘူး။ နာရီဝက်တောင်ကျော်နေပြီ။ ဘာလဲ မတွေ့တာကြာလို့ အလွမ်းသယ်နေကြလို့ နောက်ကျနေတာလား"

ခပ်တည်တည်နှင့် နောက်တတ်သည့် အိဖြူက မျက်စောင်းထိုးရင် တုန့်ပြန်သည်။

"မဟုတ်ပါဘူးဟာ နင်တို့ကလည်း"

"ကောင်မ မဟုတ်ပါဘူးတွေ ဟုတ်ပါတယ်တွေ လုပ်မနေနဲ့။ ပြောဦး။ ဘယ်တော့ စားရမှလဲ"

"တကယ်ဖြေရမှာလား"

စပ်ဖြီးဖြီးလုပ်နေသော သူ့ရုပ်ကို သီရိက အမြင်ကတ်လာပြီထင့်။

"အကောင်းမေးနေတာကို ။ ဘာလဲ သူ့ရှေ့မှ
ဖြေချင်တာလား နင်က။ အာ့ဆိုလည်း
သူလာမှပဲ မေးတော့မယ်။"

"စောင့်ရတာ ကြာသွားရင် ဆောရီးနော် ဟေ့"

"ရပါတယ် ကိုမြတ်သူရဲ့။ သီရိတို့က သူကို အစ်နေတာ ခုထိ ပြန်မဖြေသေးဘူး ဟေသီစုတ်"

ကိုက ဟေသီ့ကို ပြုံးရင်းကြည့်သည်။

"ဘာမေးတာလဲ"

ကိုယ့် ငယ်ချစ်Where stories live. Discover now