Ep_4

1.5K 133 10
                                    


[ Zawgyi ]

Next Day... Tianတယောက် တခုမဟုတ်တခု
အကြောင်းပြကာ Phu ဘေးကနေ ရှောင်နေသည်မှာ
အရင်နေ့ကထက်ပင် ပိုဆိုးလာသည်။ ကျောင်းအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေယူဖို့ရာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်ရောက်ချင်းပင်...

" Tian !"

" ဟာ!....ပါး အလုပ်မသွားရဘူးလား "

" မင်းကကော...အလုပ်မသွားဘူးလား "

" ဟမ်..အ့တာက..သားသွားပါတယ် ပါးရယ် ..
သူဌေးဖူက အိမ်ပြန်ဖို့ခွင့်ပေးလိုက်လို့ .ဟဲ "

" မင်းငါ့ကို လာရွီးမနေနဲ့ Tian... မင်းသာ အလုပ်မှာအဆင်ပြေရင် သူဌေးPhuက ငါ့ကို ဖုန်းဆက်စရာမလိုဘူး "

Tianတယောက် ခေါင်းနပန်းကြီးသွားသည်။
သူတို့၂ယောက်ဖြစ်ခဲ့တဲ့ကိစ္စကိုများ အဖေ့ကို ပြောလိုက်ပီထင်၍...

" အ့လူကြီး အဖေ့ကို ဘာတေပြောလို့လဲ "

" မရိုင်းနဲ့ Tian... ဖူက မင်း. ကျောင်းရယ် အိမ်ရယ်
အသွားအပြန်လုပ်နေရတယ်မလွယ်ဘူး...လို့ပြောတယ်.."

" သူပြောတာလား "

"ဟုတယ်...ဒါ့အပြင် company ကိုလဲ လာရတော့..
မင်းအဆင်မပြေမှာစိုးလို့...သူက..."

" သားအဆင်ပြေပါတယ်..."

" သူက...မင်း‌ကို သုဆီလာနေစေချင်တယ်တဲ့ "

" ဗျာ!!! "

" ဒါဆို မင်းအတွက် အဆင်ပြေမယ်တဲ့ အ့တာငါ့ကိုဖုန်းဆက်ပြောတယ် Tian "

" သားဘသာသားအဆင်ပြေအောင် စီစဉ်နိုင်တယ်..
ပါး...ပါးလက်မခံလိုက်ဘူးမလား "

*Tian... Phuရဲ့ အစီအစဉ်ကိုပါးလက်မခံဖို့ ကြိတ်ဆုတောင်းနေသော်လည်း...ဆုတောင်းမပြည့်ခဲ့ပါ *.

" ပါး လက်ခံလိုက်တယ်..."

"ဟာဗျာ...ဘာလို့လဲ "

" သူဌေးဖူဆီမှာ မင်းကို စိတ်ချတယ် Tian "

Tian in mind; *အဖေစိတ်ချတဲ့ အ့လူကပဲ
သားကို နှိပ်စက်‌နေတာ *

" ......"

"မင်းအရှုပ်ထုတ်တွေကို တခုချင်းစီ လိုက်ရှင်းဖို့ ငါ့တာဝန်မဟုတော့ဘူး Tian... မင်းလဲအရွယ်ရောက်နေပီ
အလုပ်လဲရပီ...ကျောင်းလဲပီးတော့မယ်..."

" I Hate My Daddy Because He love Me " < Complete >Donde viven las historias. Descúbrelo ahora