Ep_15

894 63 5
                                    


[ Zawgyi ]

" ထီရန်...ထီရန်...သူဌေး..ထီရန်က ဘလို "

" ဆေးရုံပို့လိုက် "

" ဟုတ်ကဲ့ သူဌေး.."

ထီရန်ကို ဆေးရုံတင်လိုက်ရသည်။
ထီရန်...ဖူနဲ့ပြသနာဖြစ်ပြီးတဲက အစာလဲကောင်းကောင်းမစားသလို သောက်ရင်သောက် မသောက်ရင်..
ဘသူနဲ့မှတွေ့ဆုံခြင်းမရှိဘဲ တယောက်တဲ‌ပဲအခန်းထဲမှာနေနေတတ်တယ်...

တအိမ်တဲနေနေတဲ့ မိဘတွေနဲ့တောင် စကားသိပ်ပြောလေ့ပြောထမရှိသော ထီရန်...ဒီကိစ္စဖြစ်ပြီးနောက်
အမေဖြစ်သူနဲ့စကားပြောရင် သိသွားပြီး ပြသနာတွေပိုရှုပ်လာမှာစိုးလို့ အမေနဲ့ပါ သိပ်စကားမပြောတော့..

အဖေဖြစ်သူနဲ့ကတော့ နဂိုထဲက စကားထွေထွေထူးထူးမပြောတတ်သလို ဒီကိစ္စကြောင့် ထီရန်...အဖေဖြစ်သူနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်နေသည်မှာ အလွန်ကြာလေပြီဖြစ်သည်။

ဗယ်လီလဲ ထီရန်ရဲ့အခြေ‌အနေ ပိုဆိုးလာမှာကို
စိုးရိမ်တာကြောင့် ဒီနေ့မှ ထီရန်ကို အာရုံပြောင်းဖို့အတွက် company သို့ခေါ်ထုတ်လာခြင်းဖြစ်သည်။

ခေါ်လာတဲ့နေ့မှပဲ ထီချန်းတယောက် ထီရန်နဲ့တွေ့ကာ
စကားများကြခြင်းဖြစ်သည်။ထီရန်ဆေးရုံတက်ရတဲ့
သတင်းကို ဖွန်ဆီကနေ ဖူတယောက်လဲကြားသိသွားသည်။
.
.
.

" ဘလို!..."

" ဆေးရုံတင်ထားရတယ်...မင်းကြောင့် သူဒီလိုဖြစ်တာမဟုတ်ဘူးဆိုတာသေချာလား ဖူ.."

" မင်းရူးနေလားဖွန်...ငါက သုကို ထိခိုက်အောင်လုပ်မဲ့သူလား "

" အော်..အေးပါ..မင်း..ထီရန်ကိုတချက်လောက်သွားကြည့်လိုက်ဦး..."

" အင်းး "

Phu in mind;

" မင်းနေမကောင်းဘူးလားထီရန်...မင်းအဆင်ပြေရဲ့လား...ဖွန်ပြောသလို မင်းကိုလာကြည့်ခွင့်ရော ကိုယ့်မှာရှိရဲ့လား..."

ဖူ...ဖွန်ပြောသောစကားတွေကို ပြန်လည်စဉ်းစားရင်း
ထီရန်နဲ့အတူ‌နေခဲ့တဲ့ညက...သူဖုန်းပြောနေတုန်းထီရန်ရောက်လာတာကို မှတ်မိသွားသည်။

" မဟုတ်မှ....ကိုယ်ဖုန်းပြောနေတာကို ကြားသွားတယလား ထီရန်..."

" I Hate My Daddy Because He love Me " < Complete >Tempat cerita menjadi hidup. Temukan sekarang