[ Zawgyi ]ဖူ...ထီရန်ကို ငိုကြွေးနေသောထီရန်ကိုဖက်လိုက်သည်။ထီရန်...ဖူမှန်းသိလို့ အတင်းရုန်းနေမိသည်။
ဖူ...အတင်းရုန်းနေသော ထီရန်ကို တင်းတင်းဖက်ပြီး.." မကျေနပ်တာတေရှိရင် ကိုယ့်ကို ရိုက်ပြီး ဖြေချလိုက်ပါ..."
" ခဗျား...ခဗျား..."
" ငိုချလိုက်ပါ...မင်းခံစားရတာတေကများနေပီ...
မင်းမျိုသိပ်ခဲ့တာတွေကို ခုကိုယ့်ဆီမှာ ဖြည်ချလိုက်ပါတော့..."" ဘာ...ဘာလို့...ကျနော့်မှ..."
ထီရန်...ဖူရင်ဘတ်ကို ထုပြီး ငိုနေလေသည်။
ဖူကတော့ ထီရန်ကို ဖက်ပြီး နှစ်သိမ့်ပေးနေလေသည်။
နေမကောင်းဖြစ်နေတာမသက်သာသေးသော ထီရန်...
ငိုလဲငိုချပီးရော ဖူရင်ခွင်ထဲမှာပဲ သတိလစ်သွားလေသည်။" ထီရန်! "
ဆရာဝန်များရောက်လာပြီး ထီရန်ကို စမ်းသပ်ပေး၊
ဆေးထိုးပေးပြီးထွက်သွားတော့မှ ဖူ...ဆေးသွင်းထားတဲ့ ထီရန်လက်ကို ဆုပ်ကိုင်ပြီး..." မင်းခံစားရတာတွေ ဒီလောက်ဆိုရပါပီ "
ထီရန် နဖူးလေးကို လက်နဲ့ စမ်းလိုက်...ထီရန် မျက်လုံးကနေတသွင်သွင်စီးကျနေသော မျက်ရည်စလေးတွေကို လှမ်းသုတ်ပေးလိုက် နဲ့ ထီရန်သတိရလာမဲ့ အချိန်ထိ ဘေးကနေမခွာ စောင့်နေလေသည်။
.
.
.
" မား "" သား...ကောင်းကောင်းနေနော်.."
" မား..မားဘယ်သွားဖို့လဲ ..."
" သား..အစစအရာရာဂရုစိုက်နော်...မားစိတ်ပူအောင်မဆိုးနဲ့တော့နော် "
" မား...မားဘာတွေပြောနေတာလဲ...မားဘယ်သွားဖို့လဲ "
" ထီရန်...သားကို အမေချစ်တယ်နော်..."
" သားလဲမားကို ချစ်တယ်...မား...မား..."
ရှေ့ကနေစကားပြောရင်း ပျောက်ကွယ်သွားသော မား.
.
.
.' FLASH ' ⚡
ရုတ်တရက် မိုးခြိမ်းကာ အနာက်ဘက် မှောင်နေရာကနေ...လင်းလာသော နေရာကြောင့် နောက်လှည့်ကြည့်လိုက်သောထီရန်...
သူမြင်လိုက်ရတာက မားနဲ့ စကားများနေသော
လူတယောက်...မားကငိုနေတယ်...စကားတွေလဲ
အဆတ်မပြတ်ပြောလို့...ဘာအကြောင်းတွေများပြောနေတာလဲ ..?...
KAMU SEDANG MEMBACA
" I Hate My Daddy Because He love Me " < Complete >
Fiksi PenggemarSugar Daddy "Phu " နဲ့ Bad Boy " Tian "တို့ရဲ့ တွေ့ဆုံမှုကနေ ဖြစ်ပေါ်လာမဲ့ အချစ်ဇာတ်လမ်း... action, romantic, warning.. ရသစုံပေးမဲ့ 18+ BL Fic #EarthMixx