[ Unicode ]
ပန်းမန်သစ်ပင်တွေ သီးပွင့်ကြ၊ ကြွေကျကြရသလိုပဲ လူတွေကလည်း မွေးဖွားလာမယ်၊ အရွယ်ရောက်ကြီးပြင်းလာမယ်။ ပြီးတော့ ဘဝနေဝင်ချိန်ဆိုတာကို ရောက်လာမယ်...
ဒီလိုမျိုးနဲ့ပဲ ဘဝပေါင်းများစွာဟာလည်း အကြိမ်ကြိမ် ပြန်လည်မွေးဖွားလာရတယ် ။
ဒါဟာ လောကဓမ္မတာပါပဲ..
နေရောင်ခြည်နုနုက သူ့ပခုံးတစ်ဖက်ပေါ်ကို ခပ်ဖျော့ဖျော့ ဖြာကျနေတယ်။ ဒါကသိပ်ပြီးပြဿနာမရှိလှပေမယ့် သူ့ပေါင်ပေါ်မှာ ခေါင်းအုံးအိပ်နေတဲ့ အသက်ဓာတ်လေးရဲ့မျက်နှာကိုပါ အဖျားခတ်လို့တော့ မဖြစ်ဘူးမဟုတ်လား။
ရှောင်းကျန့်က မနှစ်ကနွေဦးအစောပိုင်းမှာ ကြွေကျလာလို့ ကောက်သိမ်းထားခဲ့တဲ့ ရော်ရွက်ဝါလေးကိုထုတ်ပြီး လက်ထဲကစာအုပ်ရဲ့ ဖတ်လက်စစာမျက်နှာမှာ အမှတ်အသားလုပ်လိုက်တယ်။
အဲဒီနောက်...
လျင်မြန်စွာလှုပ်ရှားသွားလိုက်တဲ့ လက်တစ်ဖက်ဟာ သူ့စိတ်စေရာထက်ကိုစောပြီး အသည်းအသက်ရဲ့ မျက်နှာပေါ်ကနေရောင်ကို ကာပေးထားနေမိပြီ။
" ကျွန်တော်နိုးပြီ "
သူ့လက်ကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ပြောလာတဲ့၊ စွဲမက်ချင်စရာ ဩရှရှအသံလေးရဲ့အဆုံး ရှောင်းကျန့်က အရိပ်ရသစ်ပင်တစ်ပင်ရဲ့ ပင်စည်ကို ခပ်လျော့လျော့ မှီထိုင်နေတာကနေ အနေအထားကို ဖြည်းဖြည်းချင်း ပြန်ပြင်လိုက်တယ်။ လှဲအိပ်နေတဲ့ အသည်းအသက်ကလည်း အလိုက်သိလွန်းစွာနဲ့ ချက်ချင်းကိုပဲ ငေါက်ခနဲထထိုင်တယ်။
" နိုးနိုးချင်း ခေါင်းတွေမူးကုန်တော့မှာပဲကွာ... "
ခပ်တိုးတိုးရေရွတ်မိတဲ့ စကားတွေသည်ကား ငြူစူလိုခြင်းဆိုတာထက် စိုးရိမ်ရိပ်တွေသာ ရောယှက်တယ်။ အလိုမကျစွာ တွန့်ချိုးလိုက်မိတဲ့ သူ့မျက်ခုံးနှစ်ဖက်ကိုကြည့်ရင်း ချစ်ဖို့ကောင်းအောင်ဆိုးသော ဝမ်မျိုးရိုးလေးကတော့ သွားလေးတွေပေါ်လာတဲ့အထိ ရယ်မြူးကာ ဖြေသိမ့်လာတယ်။
" စိတ်ပူလွန်နေပြန်ပါပြီ။ ဒီလောက်နဲ့ ကျွန်တော်ဘာမှမဖြစ်ဘူးလေ အစ်ကိုရယ်... "
YOU ARE READING
One Glance To The End Of The Heaven
FanfictionTrue love never has a happy ending, because...