Epilogue

1.2K 103 20
                                    

[ Unicode ]

( ၂၀၂၁) ခုနှစ်၊ တရုတ်နိုင်ငံ ပေကျင်းမြို့ ။

ကျဆင်းလာတဲ့ မျက်ရည်စတွေကို ကမန်းကတန်း ခြောက်သွေ့စေရင်း ခပ်တိုးတိုးရေရွတ်မိတယ်။

" အဲဒီလူက ရူးနေတာပဲ.. "

ဘယ်ကစခဲ့တဲ့ နာကျင်မှုမှန်းမသိပေမယ့် စိတ်အစုံကို လွှတ်ချပေးလိုက်မိချိန်မှာတော့ ရိပေါ်က သူဟာအနာကျင်ဆုံးအထိ နာကျင်ပြီးခဲ့ကြောင်းတွေကို သဘောပေါက်ရတယ်။ ကြားဖူးတာတစ်ခုက လူတွေဟာ တစ်နည်းမဟုတ် တစ်နည်းတော့ ရူးသွပ်နေကြတာချည်းပဲ..

ဒီလိုဆိုရင် သူ့ရဲ့ ရူးသွပ်ခြင်းဆိုတာဟာ အတိအကျကို အဲဒီလူဖြစ်လိမ့်မယ်ထင်တယ် ။

ရှောင်းကျန့် ...

ညင်သာစွာနဲ့ ခပ်ဖွဖွပွတ်သပ်မိလိုက်တဲ့ စာမျက်နှာပြင်ထက်က နာမည်စာလုံးတစ်ခုကတောင် ဒီလောက်အထိ သူ့ကိုထိရှစေခဲ့တယ်ဆိုတာဟာ ကံကြမ္မာရဲ့ကျီစယ်လိုခြင်းဖြစ်မလား။ ဒါက ဘယ်လိုရေစက်တွေမျိုးလဲဆိုတာ သူတကယ်ကိုနားမလည်နိုင်တော့ဘူး။

တစ်စုံတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို သူမဟုတ်သလို စွက်ဖက်နေမိတာမျိုးက နားလည်ရသိပ်ခက်တဲ့ အခြေအနေတစ်ခုပဲ။ ရိပေါ်က သူဟာဘာကြောင့် အခုလိုမျိုး ပိုင်ရှင်ဘယ်သူဘယ်ဝါလဲဆိုတာကို အတိအကျမသိနိုင်ဘဲ ဒီအတိုင်းအမှတ်မထင် ကောက်တွေ့ခဲ့တဲ့ ဒိုင်ယာရီစာအုပ်လေးကိုဖွင့်ဖတ်ကြည့်ရင်း မျက်ရည်ကျမိတာလဲဆိုတာကို လုံးဝမသိဘူး။

တိုက်တိုက်ဆိုင်ဆိုင် တူညီနေခဲ့တဲ့ ' ဝမ်ရိပေါ်  ' ဆိုတဲ့ အမည်နာမကြောင့် ဖြစ်လိမ့်လေမလား။

---

" တကယ်တော့ သမိုင်းကိုပြောရမယ်ဆိုရင် တရုတ်အော်ပရာဆိုတာက ကမ္ဘာပေါ်မှာအစောဆုံး ပေါ်ပေါက်ခဲ့တဲ့ အော်ပရာပြဇာတ်တွေထဲက တစ်ခုပါပဲ။ (၁၉၅၀) ခုနှစ်ပတ်ဝန်းကျင်လောက်ကတော့ တရုတ်ပြည်ရဲ့ နေရာဒေသအလိုက် တင်ဆက်ပြသခဲ့တဲ့ အော်ပရာအမျိုးအစားပေါင်း (၃၅၀)ကျော် ရှိခဲ့တယ်လို့ပြောကြပေမယ့်.. တရုတ်ပြည်မကြီးမှာ ဖြစ်ပွားခဲ့တဲ့ မော်စီတုန်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးအပြီးမှာ အော်ပရာပြဇာတ်အမျိုးအစား (၁၆၂) မျိုးလောက်ကိုပဲ မှတ်တမ်းတင်နိုင်တော့တယ် "

One Glance To The End Of The HeavenWhere stories live. Discover now