-03-

1K 90 8
                                    

[ Unicode ]

အချိန်တန်တော့လည်း ထွက်သွားရမယ့်လူတွေက ထွက်သွားကြရပြီး ၊  ကျန်ရစ်ခဲ့ရမယ့်လူတွေကလည်း ကျန်နေခဲ့ကြရမှာမဟုတ်လား ။ ဒီလိုမျိုးနဲ့

လူတိုင်းလူတိုင်းဟာ တစ်ချိန်ချိန်မှာ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်စကား ပြောကိုပြောကြရမှာပဲ..

ရေဒီယိုက ဒဿနရွတ်သံအဆုံး လက်ထဲမှာရှိနေပြီးသား ရေနွေးကြမ်းခွက်ကို ပိုလို့တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလိုက်တယ် ။ အခုတလော အိပ်မက်တွေမကောင်းဘူး အစ်ကိုရယ်...

ပြီးတော့လေ အစ်ကို့ကို သိပ်လွမ်းတာပဲ ။

---

မျက်ပေတုံးလေးတွေဆီကို သက်ဆင်းလာတဲ့ နေရောင်ခြည်က တစ်စုံတစ်ယောက်ရဲ့ လက်တစ်ဖက်နဲ့ ကာကွယ်တားဆီးခြင်းကို ခံလိုက်ရတယ်။ အခုထိ မျက်လုံးတွေကို မှိတ်ထားမိဆဲဖြစ်ပေမယ့် သူမှီတွယ်ခိုနားထားမိတဲ့ ပခုံးပိုင်ရှင်ရဲ့ နူးညံ့ညင်သာလွန်းပြီး တိုးတိတ်ခြင်းအတိလွှမ်းတဲ့ အပြုအမူတွေကို ခံစားမိနေတဲ့ရိပေါ်က နှစ်ခြိုက်စွာပြုံးတယ်။

ဝမ်ရိပေါ်နဲ့အတူရှိနေချိန်ဆိုရင် ရှောင်းကျန့်ဟာ ဒီကမ္ဘာပေါ်မှာ ဂရုအစိုက်တတ်ဆုံး ယောက်ျားတစ်ယောက်ပဲ..

" မင်းအိပ်ပျော်နေတာကို ကိုယ်နှောင့်ယှက်လိုက်မိပြီလား "

မျက်လုံးလေးတွေကို ဖွင့်လိုက်ချင်းမှာပဲ ကြားလိုက်ရတဲ့ အသံတိုးတိုးလေး။ ချစ်မြတ်နိုးခြင်းအဟုန်တွေ တနင့်တပိုး ရောပြွမ်းနေတဲ့ တီးတိုးသံလေးတစ်ခုကပင် အဲဒီအမျိုးသားနှုတ်ခမ်းပါးထက်ဆီက ညံ့သက်စွာ ထွက်ပေါ်လာခဲ့တယ်ဆိုတဲ့ အသိနဲ့တင် ရိပေါ်ကဒီလိုမျိုး သဘောကျနှစ်သက်နေမိတယ် ။

" အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်အစကတည်းက နိုးနေ... "

ရေဒလက်လည်သံလေးကို ကြားလိုက်ရတယ်။
ရိပေါ်က သူ့မျက်ခုံးနှစ်ခုကြားက နဖူးပြင်ထက်ဆီကို ပုစဉ်းယင်နား ခိုကပ်လာတဲ့ အစ်ကို့ရဲ့အနမ်းဖွဖွကို သက်ဝင်ခံစားမိတယ်။ သိပ်ကိုနူးညံ့ညင်သာပြီး.. သူ့အသက်ရှူသံတွေကို ခဏတာရပ်တန့်သွားစေသလိုပဲ။ တိုက်ခတ်လာတဲ့ လေနုအေးတွေက သူ့မျက်နှာကိုပွတ်သပ်ကျီစယ်သွားတယ် ။

One Glance To The End Of The HeavenWhere stories live. Discover now